ယောလေးFebruary 16, 20111min1528
ပန်းကန်ဆေးပျင်းသူ ပထမဦးစွာ ကျတော်သည် လူ့ကတ်သတ်တစ်ဦးဖြစ်ကြောင်း ဝန်ခံရပေမည်။ ကျတော်သည် စကားကို ပေါက်တတ်ကရ ပြောတတ်သူ တစ်ဦးအဖြစ်လဲ ဝန်ခံရပေမည်။ ဂွတီးဂွကျ ပြောတတ်သူ တစ်ဦးဖြစ်ကြောင်းလဲ ဝန်ခံရပါမည်။ ကျတော်သည် ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ နေထိုင်စားသောက်ပြီး ကျောင်းတက်လာတာဗျ။ ဘုန်းကြီးကျောင်းသားပေါ့ဗျာ… ဘုန်းကြီးကျောင်းသားဆိုတော့ စာချဘုန်းကြီးတွေ စားပြီးသမျှကို ကျန်တာအကုန်စား ပန်းကန်တွေ အကန်ဆေးရတယ်ဗျ… တစ်နေ့တော့ ကျတော်လဲ ဘုန်းကြီးတွေ စားပြီးတာနဲ့ကျန်တဲ့ဆွမ်းဟင်းတွေ အကုန်စား..စားပြီးတာနဲ့ ပန်းကန်တွေ မဆေးပဲ အင်တာနက်ဆိုင်ပြေးပါလေရော…ဒါနဲ့ကျောင်းပြန်ရောက်တော့ ဘုန်းကြီးက “ဟေ့ကောင် ငယော” “ဘုရား” “ဒီနားလာစမ်းပါဦး” “တင်ပါ့ဘုရာဆိုပြီး ဦးသုံးကြိမ်ပြေးချလိုက်တယ်”  “မင်း နေ့လည်က ဘာအပစ်လုပ်ခဲ့လဲ” “တပည့်တော် နေ့လည်က ပန်းကန်မဆေးခဲ့ပါဘူးဘုရား” “အေး မင်းအပစ် မင်းသိတယ်နော်” “ဒါဆို တိုင်ဖက်ထား” ဆိုပြီး ကြိမ်လုံး […]