alinsettAugust 6, 20121min965
ထိုအိမ်တော်၏တောက်ပသော လင်းရောင်ခြည်က ကျွန်တော့်တို့ပေါ် ထွန်းလင်းနေချိန် … ယခု ထိုအချိန်ကောင်းကိုရောက်ပြီ၊ မေးတော့မည်ဟု ကျွန်တော်ဆုံးဖြတ်သည်။ ”သားရေ … အမေရိကားကို လိုက်ခဲ့ပါလား။ ကာကာနဲ့ကာကာ့ဇနီးနဲ့ အတူနေကြမယ်လေ” စိုးရက်ပ်မဖြေ။ ငိုမြဲငိုနေခဲ့သည်။ …………………………………… _______________ ‘သားရေ … အမေရိကားကို လိုက်ခဲ့ပါလား။ ကာကာနဲ့ကာကာ့ဇနီးနဲ့ အတူနေကြမယ်လေ” စိုးရက်ပ်မဖြေ။ ငိုမြဲငိုနေခဲ့သည်။ နောက်တစ်ပတ်လုံးလုံး ထိုကိစ္စကို ကျွန်တော်တို့စကားမဟကြ။ ထိုမေးခွန်း ဘယ်တုန်းကမှ မရှိခဲ့သယောင်နေခဲ့ကြသည်။ တစ်နေ့တော့ စိုးရက်ပ်နှင့်ကျွန်တော် တက္ကစီငှားပြီး တောင်ခါးပန်းရှုခင်းသာကို တက်လာကြသည်။ နေသာသောနေ့မို့ ယူကလစ်ပင်ကြီးအောက်မှ တန်းလျားပေါ်ထိုင်ကြသည်။ ပျော်ပွဲစား စားပွဲပေါ် ဟိုတယ်ရေချိုးခန်းသုံး မျက်နှာသုတ်ပုဝါကိုခင်းကာ ကျွန်တော်တို့ဖဲကစားကြ သည်။ ပါလာသောစက္ကူအိတ်ကိုဖွင့်ပြီး စိုးရက်ပ်အား အသားညှပ်ပေါင်မုန့်ပေးကာ ကျွန်တော်ကတော့ ငှက်ပျောသီးဖျော်ရည်နှင့် လိမ္မော်ရည်ကိုသာ ပိုက်ကလေးနှင့် စုပ်သောက်ရသည်။ […]