အတော်အသုံးမကျတဲ့ ငါပဲ………… ကြည့်စမ်းပါဦး။ သူများတွေမှာဖြင့် တိုက်ကြီးကလည်း အကြီးကြီး။ငါ့မှာတော့ ထန်းရွက်မိုး၊ထန်းရွက်ကာ တဲသေးသေးလေး တစ်လုံးသာ။ငါ လည်း သူ့လို တိုက်ကြီးဖြစ်ရမယ်။ ကြည့်စမ်းပါဦး။ သူ့မှာ ကားက အကောင်းစား ။ အော်တို ဂီယာ ဆိုလား။ဒီဇယ် အင်ဂျင် တပ်ထားတော့ အဲကွန်းကလည်းကောင်းမှကောင်း။ ငါ့မှာတော့ နွားလှည်းလေး က   ကချွတ်ကချာ ဗမာပု နွားကလေး တစ်သျှင်း တည်း ရှိတယ်။နွားလှည်းကို ငါမစီးချင်တော့ဘူး ။ သူ့လိုကား ငါလည်း စီးရရင် သိပ်ကောင်းမှာ။ ကြည့်စမ်းပါဦး။သူ့ဆိုင်ကျတော့ ဝယ်လိုက်ကြတာ လူတွေ အများကြီးပဲ။ဝယ်လိုက်ကြ၊ ဝင်လိုက်ကြ ၊ ထွက်လိုက်ကြ နဲ့။ ရောင်းကောင်းနေလိုက်တာ။ ငါ့ဆိုင်ကျတော့ သူ့ဆိုင်လောက်လည်းရောင်းမကောင်းဘူး ။ သူ့ဆိုင်လောက်လည်း လူမစည်ကားဘူး။သူ့ဆိုင်ထက် ငါ့ဆိုင် သာစေရမယ်။ ကြည့်စမ်းပါဦး။ […]