လင်းဝေFebruary 1, 20121min17111
ပွင့်အံထွက်လာသော အမှန်များလား ဘာလားတော့မသိပါဘူးကွယ်။ အခုတလော ဒါမျိုးတွေ ကြားရတာများလာသလိုပဲ။ ဘယ်သူ့ဆီ ဘယ်လိုတိုင်နေကြတာမှန်းတော့ နားတောင်မလည်တော့ဘူး။ ကြားရသမျှကတော့ နားဝ ရင်ဝ မချောင်တာအမှန်ပါပဲ။ ဖတ်ကြည့်ကြပေါ့။ ပထမစာ က မြိတ်သားတစ်ဦး ဆီကပါ။ ဦးနေဇော်နိုင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်းပြောပေးပါ။ ကျွန်တော်တို့ ဘိတ်မြို့ သူမြို့ သား တွေအင်မတန်မှ စိတ်ချမ်းနေကြရပါတယ်။ ဘာကြောင့်လဲ့ဆိုတော့ ကျွန်တော်တို့ တနင်္သာရီဝန်ကြီးချုပ် ဗိုလ်ချုပ် ခင်ဇော် ထုတ်ပယ်ခံလိုက်ရလို့ပါ။ အမှန်တရားပေါ်လာအောင် ရဲဝံ့စွာမကြောက်မရွံ့ ဝိုင်းဝန်းကြိုးပမ်းပေးကြတဲ့ ပြည်နယ်လွှတ်တော် အမတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်းခင်ဇော်ဦးဟာ ပြည်နယ်အကျိုးဆိုလို့ ဘာတစ်ခုမှမလုပ်ခဲ့သူပါ။သူ့လို အရက်ကြိုက် ၊မိန်းမကြိုက်တဲ့သူ၊ အောက်လက်ငယ်သားတွေနဲ့အခြားပြည်နယ်အမတ်တွေကို ခြိမ်းခြောက် ဆဲဆို ဟောက်ငမ်း တဲ့သူ၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကြောင်းပြပြီး ပြည်သူပိုင် ဥယျာဉ်ခြံမြေတွေကို မတရားသိမ်း၊ […]