manawphyulayMarch 7, 20111min600
ရွှေဥဒေါင်းအမည်ခံ ဦးဖေသိန်းဖြစ်သည်။ အဖ ဦးဧရာ၊ အမိဒေါ်ရွှေတို့မှ ဖွားမြင်သည်။ ဇာတိ မန္တလေးဖြစ်သည်။ ဖွားရက်မှာ ၁၈၈၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ ဖြစ်ပါတယ်။ သီလရှင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနာပြုကျောင်းတို့တွင် အဆင့်ဆင့် ပညာသင်ခဲ့ပြီး ကာလကတ္တားတက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။ ထို့နောက်တွင် ကျောင်းဆရာ၊ စာရေး၊ အယ်ဒီတာ စသည်ဖြင့် အလုပ်အမျိုးမျိုး ဘဝအဖုံဖုံတွင် ကျင်လည်ခဲ့သည်။ ၁၉၁၆ ခုနှစ်တွင် ဝတ္ထုစရေးသည်။ ရွှေဥဒေါင်း၏ ပထမဆုံးဝတ္ထုမှာ ရန်ကြီးအောင် ဖြစ်ပါသည်။ ယခုအထိ တွေ့ရသော စာရင်းအရ ဝတ္ထုရှည်ကြီး ၁၄ အုပ်ကို ဘာသာပြန်၍ ဝတ္ထုရှည်ကြီး ၁၅ အုပ်ကို မှီငြမ်းပြုရေးသားခဲ့ပြီး ဝတ္ထုတိုအမြောက်အမြားကိုလည်း မှီငြမ်းပြု၍လည်းကောင်း၊ ဘာသာပြန်၍လည်းကောင်း ရေးသားခဲ့သည်။ ရွှေဥဒေါင်း၏ ဝတ္ထုအများစုမှာ […]


manawphyulayJanuary 11, 20111min1020
အင်းဝခေတ် စာဆိုအမော် ရှင်မဟာသီလဝံသ ဖြစ်သည်။ ရှင်မဟာသီလဝံသသည် ပေလေးပင် ရှင်လေးပါးအဝင် ရဟန်းစာဆိုဖြစ်သည်။ ရှင်မဟာသီလဝံသသည် ခရစ်နှစ် ၁၄၅၃ ခုနှစ် (မြန်မာသက္ကရာဇ် ၈၁၅ ခုနှစ်) ဖွားဖြစ်ပါသည်။ တောင်တွင်းကြီးမြို့ မြောက်ဘက် မြို့လုလင်ရွာသား ဇာတိဖြစ်၏။ အဖ ဦးကြည်၊ အမိ ဒေါ်ဒွေး ဖြစ်သည်။ ငယ်မည်မှာ မောင်ညိုဖြစ်သည်။ အရွယ်ရောက်သော် တောင်တွင်းကြီးမြို့ နတ်မီးလင်းဆရာထံတွင် ပညာသင်ကြားသည်။  ဆယ့်ငါးနှစ်သားတွင် သာမဏေဘောင်သို့ ရောက်၏။ အသက် နှစ်ဆယ်တွင် ရဟန်းပြုသည်။ အသက် သုံးဆယ့်ရှစ်တွင် `ပါရမီတော်ခန်းပျို့´ကို စတင်ရေးသားသည်။ အင်းဝဘုရင် ဒုတိယမင်းခေါင်လက်ထက်တွင် အင်းဝသို့ရောက်လာ၏။ မင်း၏ ကိုးကွယ်ခြင်းကို ခံရသည်။ မြန်မာသက္ကရာဇ် ၈၅၈ ခုတွင် `မင်္ဂလာစေတီတော် မော်ကွန်း`ကို ရေးသည်။ `ဆုတောင်းခန်းပျို့`ကို ရေးပြန်ရာ […]