pitiDecember 6, 20101min612
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပြည်သူတွေလိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အပြည့်အဝပေးမယ်ဆိုတဲ့ ပါတီစုံရွေးကောက်ပွဲကြီးကတော့ နိုင်ဝင်ဘာလ (၇) ရက်နေ့က ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ရွေးကောက်ပွဲရဲ့ ရလာဒ်ကတော့ ကျွန်တော်တို့လူအများ ကြိုတင်သိရှိထားသလိုပါပဲ။ ကြံ့ဖွံ့လို့ ပြည်သူတွေအများစုခေါ်တဲ့ ခြင်္သေ့တွေကပဲ နိုင်သွားပါတယ်။ ဘာပဲပြောပြောပါ။ ကျွန်တော်တို့ဟာ ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရလာဒ်ကို ပြောင်းလဲလို့မှမရတော့ လက်ခံရမှာပါ။ ရွေးကောက်ပွဲကြီးအပြီးမှာ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ကြလိမ့်မယ်.. ရေးသားနိုင်ကြလိမ့်မယ်..ပြောဆိုနိုင် ကြလိမ့်မယ်… လုပ်ကိုင်ခွင့်ရကြမယ်လို့ပဲမျှော်လင့်ရတော့မှာပေါ့နော်။ နိုဝင်ဘာရွေးကောက်ပွဲအပြီး ရက်အနည်းငယ်အတွင်း (နိုဝင်ဘာ ၁၃) ရက်နေ့က ပြည်သူ့အချစ်တော် တစ်ဦးဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွတ်ငြိမ်းခွင့်ပြုပေးခဲ့တဲ့ မင်္ဂလာသတင်းကို ကြားမြင်သိရှိခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တဲ့သတင်းကို လူထုကအလွန်စိတ်ဝင်စားသလို သတင်းဂျာနယ်တွေမှာ ဓါတ်ပုံတွေနဲ့တကွ ဝေဝေဆာဆာ ဖော်ပြလာခဲ့ကြတာတွေ့ရတော့ သတင်းဂျာနယ်တွေရဲ့ လွတ်လပ်ခွင့်ကို ကျွန်တော်တို့ရရှိပြီလို့ […]