Rose MinnJanuary 19, 20121min30517
ကဲ ဂေဇတ်ရွာသူ/ရွာသားတို့ရေ ကျွန်မ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်လေးတစ်ခုကို ပြန်လည်ဝေမျှ ပါရစေနော်…… ဂေဇတ်ရွာသူ/ရွာသားတွေ ဒီလိုမျိုးမဖြစ်ရအောင် အသိပေး/သတိပေး တဲ့သဘော ပေါ့……..တစ်နေ့ မြို့ထဲကနေ အပြန် လိုင်းကားစီးပြီး ပြန်ခဲ့ပါတယ်။ ကားပေါ်ရောက်တော့ ကားခအဖြစ် ၅၀ဝ တန် တစ်ရွက်ကို ကားခအဖြစ် ကိုရွှေစပါယ်ယာကို ပေးခဲ့တာပေါ့…….. ယာဉ်စီးခက အထူး(ကြပ်)ကားကို စီးတာဆိုတော့ ဘယ်နားစီးစီး ၂၀ဝ ပဲလေ။ ဟဲ ဒါနဲ့ ကျွန်မလဲကားပေါ်မှာ ထိုင်ခုံရတော့ စွေ့ခနဲဝင်ထိုင်ပြီး အခန့်သားလိုက်လာလိုက်မိတယ်…..ခဏနေတော့ ကိုရွှေစပါယ်ယာကြီးက ပြန်အမ်းငွေအဖြစ် ၂၀ဝ လာပေးတယ်…..စိတ်ထဲမှာတော့ ၁၀ဝ လိုသေးတယ်ပေါ့နော် အော် သူအကြွေမရှိသေးလို့ မပေးတာ ပါပေါ့လေ…… တောင်ငေး မြောက်ငေးနဲ့ လိုက်လာလိုက်တာ…..အော် လေးငါး မှတ်တိုင်တောင်ရှိသွားပြီ ပိုက်ဆံ ၁၀ဝ ခုထိ မအမ်းသေးဘူးပေါ့…. […]