မေး။ ။ အရှင်ဘုရား တပည့်တော်တစ်ခုလောက်မေးချင်လို့ပါဘုရား။ တပည့်တော်တို့ဆရာက မေးခိုင်းလို့ပါ။ ဥပုသ်နေ့ကို ဘာဖြစ်လို့ (၈)ရက်နေ့နဲ့ (၁၅)ရက်နေ့လို့ သတ်မှတ်ခဲ့တာလဲဆိုတာ သိချင်လို့ မေးခိုင်းလို့ပါဘုရား။  အရှင်ဘုရားအားတဲ့အချိန် ဖြေကြားပေးစေလိုပါတယ်ဘုရား။ ဖြေ။ ။ ဝါတွင်းကာလလည်း နီးလာတာနဲ့ ဥပုသ်အကြောင်း မေးလာတဲ့မေးခွန်းများကို အချိန်မီသိရှိရအောင် ဖြေပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ဝသထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ကျင့်သီလ မပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့အတွက် နေ့ရက် များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည် ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာ ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တစ်လကို (၁) အဋ္ဌမီ […]


မေး။ ။ ဆရာတော်ဘုရား တပည့်တော် မသိတာလေးတစ်ခုမေးချင်ပါတယ်။ အပါယ်လေးဘုံမှာ ငရဲကျခံရမဲ့ ငရဲသားတွေကို လှံနဲ့ထိုး၊ သံရေပူထဲထည့်ကြော်၊ ဆူးပင်ပေါ်တတ်ခိုင်း၊ မီးတောင်ပေါ် တတ်ခိုင်းနေတဲ့ ငရဲထိန်းတွေဟာ ဘာအကုသိုလ်ကံကြောင့် အဲလိုငရဲမှာ လာသမျှငရဲသားတွေကို သတ်ပေးနေရတာလဲ သိချင်လို့ပါ။ စာအုပ်တော်တော်များများမှာ ငရဲသားတွေအကြောင်း ရေးထားပေမယ့် သူတို့အကြောင်းကို ရေးတာသိပ်မတွေ့လို့ သိချင်ပါတယ်ဘုရား။ အရှင်ဘုရား အချိန်ရရင်ဖြေပေးတော်မှုပါ။   ဖြေ။ ။ ပထမဦးဆုံး မေးခွန်းရှင်သိချင်တဲ့ ငရဲဘုံရောက်ရခြင်းအကြောင်းကို ပြောပြပေးပါမယ်။ ငရဲကို ဘယ်လိုကံကြောင့်ရောက်ရလဲဆိုတာကို မြတ်ဗုဒ္ဓသိမြင်တော်မူခဲ့တဲ့အတိုင်း ဒေဝဒူတသုတ်တော်မှာ ဟောခဲ့တာကို ဖော်ပြပေးရမယ်ဆိုရင် သတ္တဝါတစ်ဦးတစ်ယောက်သည် ကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးတို့နဲ့ မကောင်းမှုပြုလုပ်ခဲ့၏။ အရိယာပုဂ္ဂိုလ်ကို စွပ်စွဲပြစ်မှားခဲ့၏။ မှားသောအယူ၏။ ထိုမှားသောအယူဖြင့် မကောင်းမှုတွေကို ပြုလုပ်၏။ ထိုသို့သောသူများသည် သေလွန်လျှင် ငရဲသို့ ကျရောက်ရလေ၏။ […]


ဦးဇင်းကို ဘာသာခြားများက လာလာမေးကြပါတယ်။ ဦးဇင်းအနေနဲ့ တခြားဘာသာတွေအပေါ်မှာ ဘယ်လိုမြင်သလဲတဲ့။ ဒါနဲ့ ဦးဇင်းလည်း ကောင်းတာလုပ်ရင် ကောင်းတာပြန်ခံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းတာပြန်ခံစားရမယ်။ ဒါဟာ အဓိကမိန်းဖြစ်ပေတယ်။ ဒါကြောင့် မိမိကောင်းတာလုပ်ဖို့နဲ့ ကောင်းတဲ့စိတ်ထားရှိဖို့သာ အဓိကဖြစ်တယ်လို့ လိုရင်းနဲ့ ဖြေပေးလေ့ရှိပါတယ်။ ဒါနဲ့ ခုအခါမှတော့ အကျယ်တဝင့် ဘာသာတိုင်းအတွက် အသုံးတည့်တဲ့အဖြေ ကို ဖြေပေးဖို့ရန် တောင်းဆိုသူတွေ များပြားလှတဲ့အတွက် အချိန်မရ၊ ပညာမတတ်၊ အသိပညာမကြွယ်ဝသော်လည်း တက်သိသမျှလေးကို ရသလောက်အချိန်လေးနဲ့ ဖြေဆိုပေးလိုက်ပါတယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်၊ ဘယ်ဘာသာမဲ့မဆို လိုက်နာကျင့်သုံးရမဲ့ အချက်က (၁၀)ချက်ရှိတယ်၊ မိမိမမြင်နိုင်သေးတာကို မယုံကြည်ဘူးဆိုရင်လည်း မိမိတို့မှာ ထောက်တည်ရာ(၄)မျိုးရှိတယ်။ အဲဒါတွေကိုသိရှိပြီး လိုက်နာကျင့်သုံးကြည့်ရန် လိုပါတယ်။ မိမိလိုက်နာကျင့်သုံး လေ့လာစမ်းသပ် လုပ်ဆောင်ပြီးသကာလ အကျိုးရှိတာကို ကျင့်သုံးရမှာဖြစ်ပြီး အကျိုးမရှိတာကို ပယ်ရပါမယ်။ […]


ဘာသာခြားကမေးရင်း ဘယ်လိုဖြေမလဲ အမေးအဖြေကိုဖတ်ရှု့ရပြီး ဘာသာခြားများမှ ဦးဇင်းအား သူတို့မရှင်းလင်းတာများ ထပ်မံမေးမြန်းလာသဖြင့် ဘာသာရေးဆွေးနွေးမှုများ ပြုလုပ်ပေးလိုက်ပါတယ်။ အနက်ရောင်များသည် ဦးဇင်းအရင်ဖြေထားတဲ့စာများဖြစ်ပြီး အပြာရောင်စာများသည် ထပ်မေးလာတဲ့ မေးခွန်းများ၊ အနီရောင်သည် ဦးဇင်းခုထပ်ဖြေပေးတဲ့စာများ ဖြစ်ပါတယ်။ ဖြေ။ ။ ကမ္ဘာမြေ၊ လ၊ နေ၊ လူစတဲ့အရာတွေဟာ လောကကြီးထဲမှာ ဖြစ်ပျက်နေတဲ့ သဘာဝတရားတွေမို့ တစ်စုံတစ်ယောက်မှ ဖန်ဆင်းထားတာ မဟုတ်ပါဘူး။ လောကမှာရှိတဲ့ အရာတွေဟာ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာတဲ့ အရာတွေကြီးပါပဲ။ ရှေးယခင် အချိန်ကာလများစွာက နေ၊ လတို့ မဖြစ်ပေါ်သေးတာတွေ ရှိခဲ့ပါတယ်။ အဲဒီအခါတုန်းက နေလတို့ မရှိတဲ့အတွက် ကမ္ဘာလောကကြီးဟာ အမှောင်ထုကြီးပဲ တည်ရှိနေခဲ့ရတာပါ။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ နေလတို့ ဖြစ်ပေါ်လာတဲ့အခါကျမှ ကမ္ဘာပေါ်မှာ အလင်းရောင်တွေ ဖြစ်ပေါ်လာခဲ့ ပါတယ်။ အဲဒီလို […]


မေး။ ။ အရှင်ဘုရား တပည့်တော် အစ္စလမ်နဲ့ဗုဒ္ဓဘာသာရဲ့ ခြားနားချက်မေးခွန်းအနည်းငယ်ကို သိလိုပါတယ်ဘုရား။ တပည့်တော်သူငယ်ချင်း အစ္စလမ်တစ်ယောက် ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး မေးတဲ့အခါ တပည့်တော်ရှင်းလင်းအောင် မဖြေပေးနိုင်တဲ့အရာတွေရှိနေလို့မို့ တပည့်တော်မေးတဲ့ မေးခွန်းများကို အင်္ဂလိပ်လို ပြန်ဖြေပေးစေချင်ပါတယ်ဘုရား။ ၁။ အစ္စလမ်ဘာသာဝင်တွေက ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတဲ့အရာအားလုံးကို အလ္လာဟ်က ဖန်ဆင်းထားတယ်လို့ ပြောတယ်ဘုရား။ အဲဒါနဲ့ တပည့်တော်က ဗုဒ္ဓဘာသာမှာက ဘာပဲလုပ်လုပ် ကံကံရဲ့အကျိုးကြောင့် ဖြစ်တယ်။ ကံကံရဲ့အကျိုးတရားအတိုင်း ပြန်လည်ခံစားရတယ်လို့ ပြောတဲ့အခါ သူငယ်ချင်းက ဒါဆို ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတာတွေဟာ ဘယ်လိုလုပ်ပေါ်ပေါက်လာသလဲလို့ မေးပါတယ်။ ဒါနဲ့ တပည့်တော်က မင့်တို့အလ္လာဟ်ကိုရော ဘယ်သူဖန်ဆင်းသလဲလို့ ပြန်မေးတဲ့အခါ သူက မသိဘူးလို့ ပြောပါတယ်။ သူက သူ့ဘာသာအကြောင်း […]


If you want to know about Buddhism you will be able to read this post Questions I would like to ask a few questions regarding with the Islam and Buddhism differences. This is my first time to ask a question. Kindly please forgive me if there are mistakes. I would like to request that please […]


ဆန်နီနေမင်းFebruary 18, 20121min1853
မေး။ ။ သီလဆိုတာ သောတာပန်အတွက် သီးသန့်ဆောက်တည်စရာ မလိုဘူးလို့ အရှင်ဘုရားရဲ့ သောတာပန်နဲ့ပတ်သတ်တဲ့ အမေးအဖြေထဲမှာ ဆိုထားပါတယ်။ သို့ပေမဲ့ ဥုးသုမင်္ဂလ တရားထဲမှာတော့ သီလဆိုတာ စောင့်ထိန်းရမဲ့တရားလို့ ဟောထားပါတယ်။ ဘယ်သူမှ မစောင့်ထိန်းဘဲနဲ့ အလိုလိုမပြည့်ဘူးလို့ ဆိုထားပါတယ်။ သီလဆိုတာ စောင့်ထိန်းရမှာပါတဲ့။ အလိုလို ဘယ်သူမှ ပြည့်နေတာမဟုတ်ဘူးလို့ ဆိုုထားပါတယ်။ သောတာပန်ဆိုတာကော ဥပမာအနေနဲ့ မုသားစကားပြောဖို့ စိတ်ကူးတောင်မရှိဘူးလို ဆိုရမှာပါလား။ သို့မဟုတ် စိတ်ကူးလိုက်ပေမဲ့ မပြောတော့ဘူးလို ့ဆိုရမှာပါလား။ ဒီနှစ်ခု မရှင်းလို့ပါ။ ဦးဇင်းရေ တပည့်တော် ညစ်မေးနေတာ မဟုတ်ဘူးနော်။ ဘုရားလက်ထက်က ဘာသီလ သမာဓိ ပညာမှမရှိတဲ့ အရိယာဆိုတဲ့ တံငါသည်ဆိုတာ ရှိပါတယ်။ ဦးဇင်းလည်းသိမယ်လို့ မျှော်လင့်ပါတယ်။ နေ့စဉ်နေ့တိုင်း ငါးတွေကိုသတ်ဖြတ်နေတဲ့ အဲဒီအရိယာလို့ခေါ်တဲ့ တံငါသည်ကြီးဟာ ဘုရားရှင်တရားကို […]


မေး။ ။ အရှင်ဘုရား တပည့်တော်ရဲ့သူငယ်ချင်းကမေးပါတယ်။ လူတစ်ယောက်ဟာ ပရိတ်တို့ ပဋ္ဌာန်းတို့ရွတ်တာ ဘာအကျိုးရပါသလဲတဲ့။ ပြီးတော့ ရွတ်နေပြီးမဟုတ်တာလုပ်တဲ့သူနဲ့ ဘာမှမရွတ်တဲ့သူ ဘယ်သူကပိုကုသိုလ်ရလဲပေါ့။ သူဆိုလိုတဲ့သဘောက လူတစ်ယောက်က အကောင်းဆုံးနေတယ်။ အမှန်ဆုံးနေတယ်။ ဒါပေမယ့် အဲဒီတရားတော်တွေ ဂါထာတွေမရွတ်ရင် သူဘယ်လိုဖြစ်နိုင်လဲပေါ့။ တပည့်တော်ဗဟုသုတနဲ့ဆိုရင် ဖြေလိုက်တဲ့အခါမှာ မှားမှာစိုးလို့ အရှင်ဘုရားက ဖြေကြားပေးစေချင်ပါတယ်။ နုဝါစန်း၊ ရန်ကုန်။ ဖြေ။ ။ မြတ်ဗုဒ္ဓတရားတော်များကို ရွတ်ဖတ်ပူဇော်ပေးခြင်းဟာ ပုညကြိယာဝတ္ထုဆယ်ပါးထဲမှ ဓမ္မဒေသနာလို့ခေါ်တဲ့ ကောင်းမှုကုသိုလ်ဖြစ်ပါတယ်။ ဒီကောင်းမှုဟာ နှုတ်နဲ့ပြောဆိုပေးခြင်း၊ ရွတ်ဆိုပေးခြင်းဝစီကံကုသိုလ်ပါ။ ကောင်းမှုကုသိုလ်မှာလည်း ကာယကံ၊ ဝစီကံ၊ မနောကံကောင်းမှုများရှိသလို မကောင်းမှုအကုသိုလ်မှာလည်း ကာယကံ၊ ဝစီကံ၊ မနောကံမကောင်းမှုများ ရှိပါတယ်။ မိမိကိုယ်ကို လူကောင်းတစ်ယောက်ဖြစ်ဖို့က ကံသုံးပါးလုံးပြည့်စုံမှ ဖြစ်ပါလိမ့်မယ်။ ကံသုံးပါးလုံး ကောင်းအောင်နေလို့ လူကောင်းတစ်ယောက်ဖြစ်တဲ့သူဟာ သူ့အတွက် ကောင်းခြင်းတွေ […]


မေး။ ။ ပါရမီဆိုတာ နိဗ္ဗာန်ရောက်ကြောင်းတရားလို့ အဓိပ္ပါယ်ရတဲ့အတွက် နိဗ္ဗာန်ရောက်လိုသူတိုင်း ပါရမီကိုမဖြစ်မနေ ဖြည့်ကျင့်ရပါမယ်။ ပါရမီမဖြည့်ဘဲနဲ့ နိဗ္ဗာန်ကိုဘယ်လိုနည်းနဲ့မှ မရောက်နိုင်ပါဘူး။ ပါရမီမဖြည့်ဘဲနဲ့ နိဗ္ဗာန်ကို ရောက်သွားတဲ့သူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ဘုရားအဆုံးအမအတိုင်း နည်းမှန်လမ်းမှန် အားထုတ်တယ်ပဲထားဦး။ အတိတ်ဘဝများစွာ က ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ ပါရမီကုသိုလ်တွေ၊ ဒီဘဝမှာ ဝိပဿနာအလုပ်နဲ့ တွဲပြီးဖြည့်ကျင့်ဆည်းပူးနေတဲ့ တခြားပါရမီကုသိုလ်တွေ လုံးဝမပါဘဲနဲ့တော့ ဒီဘဝမှာ တရားထူးမရနိုင်ပါဘူး။ အရှင်ဘုရား တပည့်တော်က ဒီစကားကို (အပြည့်အဝ) လက်မခံချင်ပါဘူးဘုရား။ ရဟန်းတို့ လခွဲကို ထားဘိဦး၊ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခုနစ်ရက်ပတ်လုံး ဤဟောပြောသောနည်းဖြင့် ပွားငြားအံ့၊ ထိုပွားသောပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန် အကြွေးရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသောဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။ မဟာသတိပဋ္ဌာနသုတ် […]


မေး။ ။ အရှင်ဘုရား တပည့်တော်တို့သာမန်လူများအနေနဲ့ ရဟန္တာစတဲ့အရိယာပုဂ္ဂိုလ်တွေ ကို ပြင်ပန်းသဏ္ဍာန်ကြည့်ပြီး ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ပါမလားဘုရား။ နောက်ပြီး စကားပြောဆိုပုံကိုကြည့်ပြီး ဒီပုဂ္ဂိုလ်ဟာ အရိယာဟုတ်မဟုတ်ကို ဆုံးဖြတ်လို့ရနိုင်လားဘုရား။ ယခုခေတ်လူတွေ ဘယ်လိုကြည့်ပြီး တစ်စုံတစ်ယောက်ကို အရိယာပုဂ္ဂိုလ်လို့သမုတ်ကြလဲဆိုတာ သိချင်လို့ပါဘုရား။ အရှင်ဘုရား အဆင်ပြေတဲ့ချိန် စာပြန်ပေးပါဘုရား။ မင်းလူ၊ မိုးကုတ်။ အရိယာဖြစ်တဲ့ သံဃာတွေဟာ မိမိကိုယ်ကို အရိယာဖြစ်ရင်လည်း လူများကို အရိယာဖြစ်တယ်လို့ပြောရင် ပါစိတ်အာပတ်သင့်ကြတာမို့ မပြောဆိုကြပေ။ နောက်ပြီး ကိုယ်တိုင်အရိယာမဟုတ်ဘဲ အရိယာလိုပြောရင် အဲဒီသံဃာဟာ ပါရာဇိကအာပတ်သင့်လို့ ရဟန်းမဟုတ်တော့ပါဘူး။ ဒါကြောင့် သံဃာများအနေနဲ့တော့ အရိယာဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို သူတို့ကိုယ်တိုင်ပြောဖို့ ခက်ခဲတဲ့အတွက် ပြောဆိုကြလိမ့်မည် မဟုတ်ပေ။ အပြင်သဏ္ဍာန်နဲ့စကားပြောဆိုပုံတို့ကိုကြည့်ပြီး ဘယ်သံဃာဟာ အရိယာဟုတ်မဟုတ်ကို သိရှိဖို့ရန် အလွန်ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာဖြစ်တဲ့သံဃာများမှာ ဝါသနာဆိုတဲ့အကျင့်စရိုက် ရှိနေသေးတာမို့ […]


မေး။ ။ အရှင်ဘုရား တပည့်တော် ခုခေတ်ပြောနေကြတဲ့ သာသနာငါးထောင်တည်မယ်ဆိုတာကို စိတ်ထဲမရှင်းလင်းဖြစ်နေပါသဖြင့် အရှင်ဘုရားသိသလောက် ရှင်းလင်းပေးစေချင်ပါတယ်။ အရှင်ဘုရား အားတဲ့ချိန်မှာ ဖြေကြားပေးရန် လျှောက်ထားပါတယ်ဘုရား။ မေတ္တာဖြင့် ခိုင်ဝေနှင်း၊ စင်္ကာပူ ဖြေ။ ။ ဦးဇင်းကို မေးထားတဲ့မေးခွန်းတွေကတော့ များနေပါတယ်။ ဦးဇင်းလည်း မအားသေးတာနဲ့ ဖြေမပေးနိုင်သေးဘဲ ဖြစ်နေတာပါ။ ခုတော့ ဒီမေးခွန်းလေးကို ဦးဇင်း ကျမ်းအတွက် စာတွေလိုက်လံဖတ်ရှု့ရင်း သာသနာလင်္ကာရစာတမ်းစာအုပ်မှာ တွေ့ရှိရတာနဲ့ ဖြေပေးလိုက်ပါတယ်။ အဲဒီစာအုပ်မှာတော့ သာသနာငါးထောင်ဆိုတာ ပဋိသမ္ဘိဒါပတ္တေဟိ ဝဿသဟဿံ သုက္ခဝိပဿကေဟိ ဝဿသဟဿံ အနာဂါမီဟိ ဝဿသဟဿံ သကဒါဂါမီဟိ ဝဿသဟဿံ သောတာပန္နေဟိ ဝဿသဟဿန္တိ ဧဝံ ပဉ္စဝဿသဟဿာနိ ပဋိဝေဓသဒ္ဓမ္မော ဌဿတိ။ ပဋိသမ္ဘိဒါပတ္တရဟန္တာ တစ်ထောင်၊ သုက္ခဝိပဿကရဟန္တာ တစ်ထောင်၊ အနာဂါမ်၊ သကဒါဂါမ် […]


ဆန်နီနေမင်းDecember 24, 20111min1448
မေး။ အရှင်ဘုရား ကန်တော့ပွဲတွေမှာ အုန်သီး၊ငှက်ပျောသီးက မပါမဖြစ် အနေထားလိုဖြစ်နေတာ ဘာဖြစ်လို့ပါလဲဘုရား။ တပည့်တော် သိချင်စိတ်လေး ဖြစ်လာလို့ပါ။ ရိုသေစွာဖြင့် လင်းမင်းအောင်၊ မန်းလေး။ အဖြေ။ ။ ကန်တော့ပွဲဆိုတာ လူကြီးမိဘစတဲ့ မိမိထက် သီလ၊ သမာဓိ၊ ပညာ၊ အသက်သိက္ခာကြီးသူများကို မိမိက အပြစ်ရှိလို့ တောင်းပန်းတဲ့အခါလည်းကောင်း၊ မိမိအနေနဲ့ မိမိထက် သီလ၊ သမာဓိ၊ ပညာ၊ အသက်သိက္ခာကြီးသူများကို ရိုသေလေးစားလို့ အနေအားဖြင့်လည်းကောင်း မင်္ဂလာဖြစ်အောင် ကန်တော့ပွဲလေး ရှေ့မှာထားပြီး ကန်တော့ခြင်း၊ တောင်းပန်းခြင်းများပြုလုပ်ကြတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုအဖြစ် ဗုဒ္ဓဘာသာမှာ ဖြစ်ပေါ်လာခဲ့တာပါ။ နတ်တင်တဲ့ငှက်ပျောပွဲ အုန်းပွဲနဲ့ အယူအဆခြင်း မတူပါဘူး။ နတ်တင်တဲ့ပွဲက မမြင်ရတဲ့နတ်တွေကို ဘေးအန္တရာယ်များက စောင့်ရှောက်လိမ့်နိုးဖြင့် နတ်ကို တင်နေကြတာပါ။ တကယ်တော့ နတ်တွေဆိုတာကလည်း သာသနာကိုကြည်ညိုလေးစားသူမှန်ရင် […]


မေး။ ။ ဘုန်းဘုန်း တပည့်တော်မ စာရေးလိုက်ပါတယ်ဘုရား။ မနက်မိုးလင်းတော့ တရားနာပါတယ်ဘုရား။ အရှင်ဆန္ဒာဓိကရဲ့တရားတော်ကိုနာပါတယ်ဘုရား။ အခု တပည့်တော်မလည်း ဘုန်းဘုန်းနဲ့တွေ့ပြီးတဲ့ အချိန်ကစပြီး စိတ်တွေမမွန်းကျပ်တော့ဘူးဘုရား။ ဘုန်းဘုန်းကိုကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော်မလည်း ကိုယ့်ဘဝရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင်ကြိုးစားနေပါတယ်ဘုရား။ ဘုန်းဘုန်ုးကိုမသိတာလေး မေးပါဦးမယ်ဘုရား။ လူတစ်ယောက်ပေါ့။ သူက နွားတို့ဆိတ်တို့ သတ်တဲ့စနေဒိုင်ပေါ့။ သူသေသွားတော့ သူဟာ လူဝင်စားဖြစ်တယ်တဲ့။ ကောင်းကောင်းမွန်မွန်ပဲ သူဌေးသားဖြစ်နေတယ်တဲ့။ ဟိုဘဝက အကုသိုလ်လုပ်ခဲ့ပေမဲ့ နောင်ဘဝမှာကောင်း စားနေတယ်။ နောက်လူတစ်ယောက်က ဘုရားတရားကိုင်းရှိုင်းတယ်။ ကောင်းမှု့ကုသိုလ်တွေပဲ အမြဲလုပ်တယ်။ ဒါပေမဲ့ သူသေတော့ ခွေးဝင်စားဖြစ်တယ်တဲ့။ လူအများ အိမ်ကနှင်ထုတ်ခံရတဲ့ ခွေးဖြစ်သွားတယ်တဲ့။ တပည့်တော်ဆိုလိုတာကတော့ အဲဒီလူနှစ်ယောက် ရဲ့နောက်ဆုံးအချိန်ကွာခြားချက်ကဘာလဲဘုရား။ တပည့်တော်မရှင်းပါဘူးဘုရား။ ဖြေရှင်းပြပါဘုရား။ ရိုသေစွာဖြင့် ဘုန်းဘုန်းရဲ့တပည့်မ ခင်သန္တာ၊ ရန်ကုန် ဖြေ။ ။ အဲဒီလိုအကျိုးပေး […]