mihninlayMay 3, 20111min35234
ကွယ်လွန်ပြီးသူ တချို့သည် တမလွန်ဘဝမှ မိမိဆွေမျိုးသားချင်း မိတ်ဆွေများကို အိပ်မက်ပေးလေ့ရှိသည်ဟု ကြားဖူးသည် ။ တချို့လည်း ကိုယ်ယောင်ပြခြင်း၊ အနံ့အသက်ပေးခြင်း စသဖြင့် အသိပေးလေ့ရှိသည် ။ ထိုသို့သော အကြောင်းများကို ဂမ္ဘီရစာပေတွင် ဖတ်ရှုရသည်မှာ အဖြစ်အပျက်တစ်ခုနှင့်တစ်ခု မရိုးနိုင်အောင် ဆန်းကြယ်လှပေသည် ။ ဆိုခဲ့သော တမလွန်မှ နာနာဘဝများက ၎င်းတို့သည် ပြိတ္တာဖြစ်နေရကြောင်း၊ တစ္ဆေဖြစ်နေရကြောင်း၊ အနေအထိုင်အစားအသောက်တို့ ဆင်းရဲရကြောင်း စသဖြင့် မပြည့်စုံသောဘဝကို ညည်းညူပြကြသည်။ ဆွေမျိုးသားချင်းများကလည်း သူတို့၏ ဘဝဇတ်ကြမ်းကို ကြားသိရသဖြင့် ထိုဘုံဘဝမှလွတ်မြောက်ရန် ရည်သန်လျက် ရဟန်း၊သံဃာတော်များကို ပင့်ဖိတ်လျှောက်ထားကာ ၎င်းတို့အတွက်ရည်စူး၍ အလှူဒါနပြုလုပ်ပေးကြရသည် ။ အမျှအတန်းဝေကာ သာဓုခေါ်စေရသည် ။ သို့ရာတွင် ကျွန်တော်နှင့် အင်မတန်ရင်းနှီးသော ကိုအောင်မြတ်သာနှင့် မခင်ဖုန်းတို့ ဇနီးမောင်နှံ၏ဖြစ်စဉ်ကား အခြားသောလင်မယားများနှင့်မတူ အံ့ဖွယ်ထူးခြားသည်ဟု […]