ဆူးSeptember 26, 20101min1814
လူတစ်ယောက်ဟာ ကြောက်စရာမဟုတ်ပဲနဲ့ အလွန်ကြောက်နေတတ်တာကို ရယ်မောခဲ့ဖူးကြမှာပါ။ဒါပေမဲ့ သူတို့ ဘာလို့ကြောက်တာလဲကို နားမလည်ကြပါဘူး။ဥပမာ ပင့်ကူကြောက်တတ်တဲ့သူကို ပင့်ကူနဲ့ စပြီး ပျော်ရွှင်ကောင်းပျော်ရွှင်ခဲ့ဖူးလိမ့်မယ်။သူတို့ ဘာကြောင့်ကြောက်နေရတာလဲကို သတိမထားဂရုမစိုက်မိခဲ့ကြပါဘူး။၁၅ထပ်မြောက်မှာ ရှိတဲ့ တိုက်ခန်းလေးတစ်ခန်းကို ဓါတ်လှေကားမသု့းပါပဲနဲ့ ရိုးရိုးလှေကားက တတ်နေတဲ့လူကို “အရူး သက်သာရာနေရာကို မရွေးတတ်ဘူး” ထင်ကောင်းထင်ခဲ့ ပြောဖူးကောင်းပြောဖူးလိမ့်မယ်။အခု ကျွန်မတို့ “သူတို့ဘာကြောင့် ပင့်ကူ အစရှိတဲ့ သေးသေးမွှားမွှားအကောင်တွေကြောက်တာလဲ၊ဓါတ်လှေကားမသုံးပဲနဲ့ လှေကားသုံးတက်ကြတာလဲ” ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။ အကြောက်လွန်ရောဂါသယ်တွေ(Phobias)တွေကို စိတ်ရောဂါဒေနာသည်လို့ မထင်ကြပါနဲ့။သူတို့ဟာ သာမန်လူတွေ မကြောက်တဲ့အရာတွေကို ကြောက်တာမှန်ပါတယ်။ဒါပေမဲ့ သူတို့ဟာ ရူးနေတဲ့သူတွေမဟုတ်ပါဘူး။အကြောက်လွန်ရောဂါသည်တွေကို သူတို့ပတ်ဝန်းကျင် သူတို့မိသားစုက နားလည်မပေးတာဟာ ရောဂါပိုဆိုးလာအောင် တွန်းအားပေးနေသကဲ့သို့ ဖြစ်ပါတယ်။သူတို့ဘာလို့ phobias ဖြစ်လာရတာပါလဲ။phobias တော်တော်များများဟာ ငယ်စဉ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေကြောင့် ဖြစ်ပါတယ်။ငယ်ငယ်တုန်းက ပင့်ကူနဲ့ အလွန်အကျွံအစခံရဖူးတဲ့ကလေးက ကြီးလာတဲ့အခါ ပင့်ကူကို […]