etoneJuly 27, 20101min972
ကောင်မလေး မနက်ကတည်းက ကောင်လေးရဲ ့ မက်ဆေ့ချ်ကို စောင့်နေခဲ့တယ်… ဖုန်းကို ပဲ ထုတ်ထုတ်ကြည့်နေမိလို့ လမ်းကူးတာတောင် ကားမကြည့်ပဲ ကူးဖြစ်ခဲ့တယ်… တော်သေးတာက ကားရှင်းနေလို့ပေါ့… ကောင်လေးမနေ့က ပြောထားတာက ဒီနေ့ သူတို့ ကျောင်းဆင်းရင် တွေ့ကြမယ်တဲ့… ကောင်လေးက ဒီလို အမြဲပြောနေကျပါ… ဒါပေမယ့် အမြဲ ပျက်ကွက်တာချည်းပဲ… ဒီတော့ ကောင်မလေးလဲ ဒီတစ်ခါသိပ်မမျှော်လင့်ရဲဘူး… ကျောင်းခန်းထဲရောက်လို့ စာသင်နေချိန်မှာလည်း ကောင်လေးဆီက ဘာအဆက်အသွယ်မှ မရခဲ့ဘူး… ကောင်မလေးဘက်က စပြီးဆက်သွယ်လည်းရပါတယ်… ဒါပေမယ့် ကောင်မလေးက မာနတစ်ခွဲသားနဲ့ သူကြင်မှ ငါကြင်မယ်ဆိုတဲ့ အစားထဲကလေ… ဒီလိုနဲ့ နေ့လည်စာ စားတဲ့ အချိန်မှာလား ဘာအဆက်အသွယ်မှ မရခဲ့ဘူး… ကောင်မလေး အရင်နေ့တွေဆိုရင် ကောင်လေးက စာဂျပိုးမှန်းသိတော့ ဒီလောက်အထိ ကောင်လေးရဲ ့ […]