that naing ooJanuary 2, 20121min24916
Monday, 02 January 2012 16:55  http://www.weeklyeleven.com နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် သေဒဏ်ပြစ်ဒဏ်များကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ နှစ် ၃ဝ အထက် ထောင်ဒဏ်များကို နှစ် ၃ဝ သို့လည်းကောင်း၊ နှစ်၂ဝနှင့် ၃ဝကြားကို နှစ် ၂ဝ အဖြစ်လည်းကောင်း၊ နှစ်၂ဝ အောက်ထောင်ဒဏ်များကို ၄ပုံ၁ပုံလျှော့ကာ ဇန်နဝါရီလ ၃ ရက်နေ့တွင် စတင်လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီလ၂ရက်နေ့တွင် ပြောကြားခဲ့သည်။ ”သက်ဆိုင်ရာက နိုင်ငံပိုင်မီဒီယာတွေကနေ အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ သတင်းကို ဇန်နဝါရီလ ၂ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျွန်တော်တို့ အကျဉ်းဦးစီးဌာနက စာရင်းဇယားတွေလုပ်ပြီး ဇန်နဝါရီလ ၃ရက်နေ့မှာ စတင်လွှတ်ပေးပါမယ်။အများစုကို အင်စိန်အကျဉ်း ထောင်မှာ လွှတ်ပါမယ်။ နိုင်ငံရေး အကျဉ်းသားတွေပါ၊မပါကိုတော့ မနက်ဖြန်မှ သိရပါမယ်”ဟု […]