ကြောင်လေးMarch 27, 20121min3598
  နွေရာသီ ပွင့်လင်းသာယာချိန်ကိုရောက်ခဲ့ပြီ။ဆယ်တန်းစာမေးပွဲတွေလဲပြီးပြီ။     သင်္ကြန် ရက်ကလည်းနီးပြီ။နွေရာသီ သင်္ကြန်ကျောင်းပိတ်ရက် မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ရေးကားတွေ တဂျီဂျီ လိုက်ပြီးကြေညာနေကြပြီ။ အိမ်ရှေ့မှာ မဒမ်ကြောင်လေးနဲ့ အိမ်နားက အမျိုးသမီးတစ်ယောက် အားတက်သရောပြောနေကြတာ နားစွန်နားဖျား ကြားလိုက်မိသည်။ ပြောကြတဲ့အကြောင်းက ဘယ်ကားက ဝန်ဆောင်မှုကောင်းကြောင်း၊ အစားအသောက်ကောင်းကြောင်း၊ တည်းခိုစရာ စီစဉ်ပေးမှုကောင်းကြောင်း၊ ဘယ်ဘုရားတွေ ပို့မှာဖြစ်ကြောင်း၊ ဘယ်လမ်းကြောင်းတွေ သွားမှာဖြစ်ကြောင်းပြောနေကြတာပါ၊ ဒါ့အပြင်  မနှစ်က ဘယ်ဘုရားတွေရောက်ခဲ့ကြောင်း၊ ဒီနှစ်တော့ ဘယ်ဘုရားတွေဖူးချင်ကြောင်း၊ ဘယ်ဘုရား ဘယ်ဘုရားသုံးဆူကို မွန်းမတည့်ခင် ရောက်အောင် ဖူးနိုင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ၊ဘယ်ဘုရား ဘယ်ဘုရားတွေကို နေ့မကူးခင် ရောက်အောင်ဖူးနိုင်ရင် ဘာဖြစ်မယ်ညာဖြစ်မယ် ဆိုတာတွေ ပြောသံကြားလိုက်ရပါတယ်။ အကြောင်းအရာအဓိကပြောချင်တာဖြစ်လို့ ဘယ်စေတီတွေဆိုတာကိုတော့သေချာမှတ်မထားလိုက်မိပါ။ ကျနော်စဉ်းစားမိတာလေးတစ်ခုက ဟိုတုန်းက လူတွေဟာ ဘုရားဖူးဖို့အတွက် တောတွေတောင်တွေကိုကျော်ဖြတ်ပြီး လှည်းတတန် ၊လှေတတန် […]