Yin Nyine NwayJuly 8, 20131min49842
ကျမ စမ်းချောင်းမှ အဆောင်တခုမှာနေတုန်းက အခန်းဖော်တယောက်နဲ့ ကြုံခဲ့ဖူးတယ် …. သူမကတော့ အသားဖြူဖြူလေးနဲ့မို့ ချစ်စရာကောင်းနေပါတယ်… တနေကုန် ဘယ်မှ မသွားပဲ ကျမ ကုတင်ဘေးက စားပွဲခုံပေါ်တင်ထားတဲ့ စာအုပ်တွေကိုသာ ယူယူဖတ်တတ်ပါတယ် … ကျမတို့ အဆောင်က ည 8နာရီဆိုရင် ပိတ်တယ်ဆိုပေမဲ့ …တခါတလေ ည 8နာရီအထိပြန်မရောက်ပါဘူး … အမြဲအေးအေးဆေးဆေးနေတတ်ပြီး အဆောင်လစာကို ပုံမှန်နောက်မကျတမ်းပေးတတ်တာကြောင့် အဆောင်မှူးက အထူးတလည် လာရောက်စစ်ဆေးတာမရှိပါဘူး …. သူကလည်းလည်တယ် .. လစာပေးရမဲ့ ရက်မျိုးဆို သူဘယ်တုန်းကမှ အပြင်မထွက်ပဲ ကျမစာအုပ်တွေက်ုသာ သဲကြီးမဲကြီးဖတ်နေတတ်တယ် … စကားတလုံးမှမပြော…. ကျမကလည်း ဒီဇိုင်းအလုပ် လုပ်နေရင်း အထက်တန်းကျောင်းသူ သုံးလေးယောက်ကို စာပြနေတော့ အလုပ်ချိန် 10နာရီမှ ဆိုပေမဲ့ မနက်ပိုင်း 6နာရီလောက်ကတည်းက […]