ယုံချင်ယုံမယုံချင်နေ… ဒါမြန်မာပြည်ယဉ်ကျေးမှု က……??? 23 Mar 2011 တွင်ရန်ကုန်မြို့ ဆီဒိုးနားဟော်တယ် ( Sedona Hotel ) ပြုလုပ်ခဲ့သော ကာနီဘို ဆယ်နှစ်ပြည့် အခမ်းအနားတွင် ဖျော်ဖြေခဲ့သော အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ နောက်ဆုံး ပေါ် ဖက်ရှင်နှင့် အခမ်းအနားဓါတ်ပုံများ မြန်မာရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုတဲ့လားခင်ဗျာ ?????? အောက်ကလည်း ဘာစတော့ကင် ( stocking ) မှဝတ်ထားတဲ့ပုံမပေါ်ပါဘူး။ စင်မြင့်ပေါ်ကို ဒီလိုအဝတ်အစားမျိုးနဲ့တက်ဆိုရဲတာ ခေတ်မှီတာလား ???? ဖော်ပြကြွားဝါတာလားမသိတော့ပါ………….။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ရှေးရိုးအစဉ်အလာ ဝတ်စားဆင်ယင်မှု အတိုင်းလိုက်နာရမယ်လို့တော့ ကျွန်တော်လည်း တဖက်သတ် မယူဆပါဘူးဗျာ။ ဒါပေမယ့် အခုလိုဝတ်စားဆင်ယင်တာတော့ တဆိတ်လွန်တယ်ထင်ပါတယ်။ နာမည်ကျော် ပြည်သူချစ်အနုပညာရှင်များ အနေဖြင့် ဝတ်စားဆင်ယင်မှု နေထိုင်မှုပုံစံတွေကို သတိထားသင့်တယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ […]