ရွှေအိမ်စည်October 19, 20122min1369
ရေသန် ့ရောင်းခြင်းသည် သမာအာဇိဝအလုပ်ဟုဆိုသော်လည်း နေစဉ်နေပူတွင်ရပ်ဈေးရောင်းရသည်ကို ခွေးကမနှစ်သက်ပေ..။   ဈေးရောင်းပြီးပြန်ရောက်လည်းမအားရပါ..။ မနက်ပိုင်းဖြစ်သလိုသွားနိုင်သော်လည်း…. အိမ်ပြန်ရောက်လျှင်အချိန်ပိုငွေရအောင်လည်း. အပ်ထားသောပန်းချီကားများပြီးအောင်လည်းဆွဲ ရသေးသည်…     ဟူး………မနားရပါဘူးညနေလည်း.စာသင်ရသေးသည်။ သပ်သပ်ရပ်ရပ်ဖြစ်အောင်…ခန် ့ညားအောင်လည်း…ကာလာ(ခွေးအရောင်းတင်ရသေးသည်)     ဒါတင်ဘဲလားဆိုတော့မဟုတ်သေးပါဘူး… ရပ်ကွက်အေးချမ်းသာယာရေးအတွက် လေ ့ကျင့်ကွင်းလည်း…တခါတရံဆင်းပေးရသေးသည်.။     တောတောင်ရေမြေ လှည့်လည်မနေထိုင်ခဲ ့ဘူးပေမဲ ့…အလုပ်မျိုးစုံလုပ်ရသောကြောင့် ခွေးအချင်းချင်းကပင် တခါတရံဝတ်ကောင်းစားလှနှင့်တွေ ့သည်အခါတွင်ပင် အထင်သေးသောအကြည့်ကို မခံနိုင်သောခွေးတစ်ကောင်သည်………   *************************** အလုပ်မျိုးစုံမလုပ်ဘဲ……တနေရာထဲ တွင် အလုပ်အတည်တကျ လုပ်ချင်လာမိသည်….   .တခါတရံ ခွေးချင်တူတူရွှေပေါ်မြတင်ဘဝများကိုခိုးကြည့်ခဲ ့ပါသည်။     ခွေး ဘဝသည် မပြည့်စုံသော ဘဝ ကို အားငယ်မိဧ။်     ပညာတတ်ပါလျှက် ခွေးလောကတွင်ပင်အလုပ်အကိုင်အခွင့်အလန်းမှာ…ထို […]