minhtettharSeptember 1, 20111min1562
ဒီအကြောင်းလေးက…ကျွန်တော်ကိုယ်ပိုင်မဟုတ်ပါဘူး…Facebook ထဲကနေတွေ့လို့…ပြန်လည်ရေးသားလိုက်တာပါ။ တစ်နေ့က…ကျောင်းတစ်ကျောင်းက စာသင်ခန်းတစ်ခုမှာ…ကျောင်းဆင်းခါနီးကျတော့… ဆရာမကသူ့တပည့်တွေကိုပြောတယ်…. “ကဲဒီနေ့…ဆရာမမေးခွန်းတစ်ခုမေးမယ်…ဆရာမမေးတဲ့မေးခွန်းမှန်အောင်ဖြေနိုင်ရင်…ကျောင်းဆင်းလို့ရပြီ။”…လို့ပြောလိုက်တယ်။ အဲဒီမှာ…ကျောင်းသားတစ်ရောက်က သူ့လွယ်အိတ်ကို အခန်းအပြင်ဘက်ကိုလွှင့်ပစ်လိုက်လေရဲ့။ ဒါနဲ့ဆရာမက “ဘယ်သူပစ်လိုက်တာလဲ” တဲ့။ ဒီလိုနဲ့ လွယ်အိတ်ပစ်လိုက်တဲ့ကျောင်းသားက “ကျွန်တော်ပါဆရာမ” လို့ပြောပြီး စာသင်ခန်းထဲကထွက်သွားတယ်။ ဒီလောက်ပါပဲ ခင်ဗျာ ကျေးဇူးတင်ပါတယ်။