kaiMarch 26, 20111min22013
သဘာဝတရားမှာ ထိန်းညှိခြင်း သီးသန့်ရှိတယ်..။ ဂေဟစံနစ်တမျိုးခေါ်ချင်ခေါ်ပေါ့..။ အဲဒီစံနစ်အရ… ကောလဟလ ကြိုက်တဲ့လူတွေ အများစုနေကြရ ဒေသ၊နိုင်ငံဖြစ်ရင် ကောလဟလ တွေမရပ်မနားထွက်လာတတ်တယ်..။ ဂမ္ဘီရတွေ.. သဘာဝလွန်တွေ..နှစ်သက်ကိုးကွယ်သူများရင် မှားတဲ့အတွေးအခေါ်တွေပို ့ချသင်ပြတဲ့ ဘိုးတော်နတ်ကတော်ဘုန်းကြီးတွေ များလာတတ်တယ်..။ တဦးဦး..တဖွဲ ့တစု… တဂိုဏ်းက .. ပြောသမျှလုပ်သမျှကို .. ဝေဖန်ဆန်းစစ်တာမရှိပဲ.. လက်ခံနေရသူများလာရင်.. လူတန်းစားအလွှာတွေ ကွာဟမှုကြီးလာတတ်တယ်..။ သစ္စာဆိုတာအမှန်တရားပဲ..။ အမှန်တရားက လွဲချော်လာပြီဆိုရင်.. ပျက်စီးခြင်းဆီဦးတည်တယ်..။ ဒါက သဘာဝရဲ့ထိမ်းငြိခြင်းပဲ.. ဆိုတော့… ကောလဟလတွေ ထွက်တာများရင်.. ကောလဟလကအမှန်တရားဖြစ်တာနည်းရင်.. အဲဒါကို လက်ခံသူများတဲ့နယ်၊ဒေသ နိုင်ငံဟာ ပျက်စီးခြင်းကို ဦးတည်လာတယ်..။ မှားယွင်းတဲ့အတွေးအခေါ်တွေ လူတွေကျင့်ကြံအားထုတ်ကြတာများရင်.. အမှားအယွင်းလုပ်တာတွေများပြီး .. အဲဒီလူတွေစုနေတဲ့ အသိုင်းအဝိုင်း.. ယဉ်ကျေးမှု.. နိုင်ငံ ..ပျက်စီးခြင်းစီဦးတည်တယ်..။ လူတန်းစားကွာဟတာများလာရင်… အာဏာရှင်အုပ်ချုပ်မှုပုံသဏ္ဍန်ရှိတဲ့ အစိုးရလက်အောက်မှာ နေကြရတော့တယ်..။ […]