(အေ)ကိုက်နာ……။။။ ဗီရို အဟောင်းလေးကိုဆွဲဖွင့်လိုက်တော့ ပတ္တာတဖက်ပြုတ်သွားလို့ ဗီရို တံခါးက တစ်ဖက်စောင်ပြီး တွဲလောင်းကြီးဖြစ်သွားတယ် “ဟာ..ဒီကောင်လေး သံပြန်ရိုက်ပေးထားပါဆိုတာ ခုချိန်ထိ မလုပ်သေးဘူး၊ဘယ်လောက်ကြာပြီလဲ ခိုင်းထားတာ တစ်ပတ်လောက် ဖြစ်တော့မယ် ၊ မနက်ကျရင်သာ လက်ဝါးဖြန့်ပိုက်ဆံတောင်းတတ်တာ”။။။ သိပ်အကောင်းစားကြီးတွေမရှိပေမယ့် ခပ်လတ်လတ် အဝတ် အစားတွေ လောက်သာ ထည့်ထားနိုင်တဲ့ ဗီရိုလေးထဲက လည်းပင်းနည်းနည်း ဟိုက်တဲ့ အင်္ကျီ တစ်ထည်ရွေးလိုက်တယ်.. ဘောင်းဘီ ကတော့ ဂျင်းအပြာရောင်ကိုယ်ကျပ် ချက်ပေါ် လေးပဲကောက်စွပ်လိုက်တယ် ။။။ မမကြီး ဖုန်းထပ်လာနေတယ်တဲ့ ။။။အောင်မလေး ကိုယ် တော်များကလဲ အခုဆို အခုချက်ခြင်း ။။။”အေး..ထွက်လာခဲ့မယ်လို့သွားပြောလိုက်. ခုံပေါ်မှာ ဖုန်းဖိုးယူသွားအုံး”။။။ဖုန်း ဖိုးကအကြွေးထားလို့ မရ ဖုန်းခေါ်ပေးတဲ့အိမ်က လက်ငင်းရှင်းမှ၊ တော်ကြာ ဖေါက်သည်တွေဖုန်းဆက်ရင် ခေါ်မပေးတော့မှ ဒုက္ခရောက်မှာ ၊ ဒီလုပ်ငန်းသာလုပ်နေတာ […]