ဂျာနယ်ကပြောတဲ့..ဗေဒင်..။။။ အင်း…..ပြောရရင်းမကောင်းရှိတော့မယ် ဂျာနယ်လေးတစ်စောင်ဝယ်လာရင် ကောင်းကောင်းကိုမဖတ်ရတာ ကိုဖတ်နေတုန်းဆို ရုံးကမမများက  လာသာမတောင်းရဲတာ မုဆိုးချောင်း  ချောင်းနေကြတာလေ နည်းနည်းရင်းရင်းနှီးနှီး ပေါင်းသင်းပြောဆိုမိတဲ့ မမများကတော့ မယောင်းမလည်နဲ့… ဘာထူးလဲ အလယ်ရွက်လေးပေးပါအုံးလုပ်တတ်သေးတာလေ အလယ်ရွက်မှာမတွေ့ရင် နောက်ဆုံးအရွက်လေး ပြီးရင်ပေးပါ လုပ်ချင်သေးတာ မမ တွေဆိုလို့ တစ်ကယ်မထင်နဲ့နော် သက်သက်ရွဲ့ပြောတာဗျ ကျွန်တော့်စာရေး မ ဆပ်စလူးစိန်တွေပေါ့ …။။ ဘာမှမဟုတ်ဘူးဗျို့  ရည်းစားမရှိ ဘာမရှိ ဂျာနယ်က ဗေဒင် တွေကြည့်ပြီး   ဘာတွေလုပ်ကျတယ်ကို မသိတာ ကျုပ် ဂျာနယ်ဝယ်လာလို့ များကတော့ ဗေဒင် ပါတဲ့အရွက် က အရင်ပျောက်တာပဲ ဘယ်လိုက်ရှာရမှန်ကိုမသိဘူး နောက်ပြီးသူတို့ဘာတွေလုပ်ကျတယ်ဆိုတာလဲ မသိဘူးဗျ ပြီးရင်တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး ပြောသေးတယ်“မှန်တယ် ဟဲ့ ဒီနေ့အဆူခံရတယ်”  ဆိုတာကပါသေးတယ်  ဘာမှန်းကိုမသိတာ  တစ်ခါတစ်ခါ သူတို့ပြောတာတော့စိတ်ဝင်စားမိသားဗျ […]