ကြောင်လေးDecember 13, 20111min1315
တကယ်ပူးတာလား အလေ့အကျင့်လား-၂   ပထမပိုင်းမှာ မြို့တဘက်ကမ်းမှာပူဇော်ပွဲကျင်းပ ပုံကိုတင်ပြခဲ့ပါတယ်။ အဲဒီနှစ်ပဲထင်ပါတယ်၊ မြို့ဘက်ကမ်းမှာ ပူဇော်ပွဲလုပ်ပါတယ်။ ကျနော်အရင်ပို့စ်မှာပြောခဲ့သလို၊ ဟိုဘက်ကမ်း ဒီဘက်ကမ်း သီးခြားလုပ်တာပါ၊ ကျနော်အမှတ်မမှားရင် လှေကျင်းဘက်ရပ်ကွက်မှာလဲ တစ်ခုသီးသန့်လုပ်တယ်လို့ထင်ပါတယ်။ အစဉ်အလာအရ မြို့လည်ပိုင်းကအရင်၊တဖက်ကမ်းကဒုတိယ၊  လှေကျင်းက နောက်ဆုံး စသည်ဖြင့် အစဉ်လိုက်လုပ်ရာမှာ မြို့လယ်က အမြဲတမ်းအရင်းဆုံးလုပ်ရတာပါ။ အဆင့်လည်းအမြင့်ဆုံးလုပ်တာပါ၊ ဦးရှင်ကြီးစီးတဲ့မိကျောင်းဟာစက်မိကျောင်းပါ၊ ဘယ်လိုလုပ်ထားသလဲတော့မသိပါ၊ အဲဒီမှာကြတော့ ကျနော်ဇာတ်စင်ပေါ်တက်ကြည့်ခွင်းမရပါဘူး။ ပွဲခင်းထဲကပဲကြည့်ရတာပါ။ဦးရှင်ကြီးက စောင်းကြီးပိုက်ပြီး မိကျောင်းပေါ်မှာမတ်တတ်ရပ်လိုက်လာတယ်၊ မိကျောင်းကြီးက အမြီးကို ဟိုဘက် ဒီဘက်ရမ်းပြီးဇာတ်ခုံနောက်ကနေ ရှေ့ကိုတဖြည်းဖြည်းထွက်လာတယ်၊ဘီးတပ်ပြီးစက်သီးကြိုးနဲ့ဆွဲသလားမသိပါ။ အဆင့်မြင့်ပုံကိုပြောပြတာပါ။ ဒီမှာတော့ပြဿနာမရှိပါဘူး။ ပြဿနာက ဦးရှင်ကြီးလား၊ ကိုးမြို့ရှင်လားမသိဘူးပြောတဲ့စကားပါ။ ကိုးမြို့ရှင်လို့ ကျနော်ထင်ပါတယ်။ အဲဒီနှစ် က တဘက်ကမ်းကအရင်လုပ်လိုက်ပါတယ်။ မြို့ဘက်ကမ်းမှာ လုပ်တဲ့အခါ ဝင်ပူးတဲ့နတ်က ဟိုဘက်ကမ်းကိုကြိမ်းမောင်းပါတယ်။ ဟိုဘက်ကမ်းကကောင်တွေ အစဉ်အလာကိုဖျက်တယ်၊ နောက်မှလုပ်ရမဲ့ဟာကို ဒင်းတို့က […]


ကြောင်လေးDecember 12, 20111min22115
တကယ်ပူးတာလား   အလေ့အကျင့်လား ကျနော် နတ်ကိုးကွယ်မှုအကြောင်းတော်တော်များများရေးခဲ့တယ်။ တကယ်တော့ နတ်လို့ အများသုံးနှုန်းနေကြတဲ့ ပရလောက မရှိဘူးလို့ဆိုလိုတာမဟုတ်ပါ။ ကိုးကွယ်နေသူများကိုလည်း ရှုံ့ချလိုခြင်းမရှိပါ။ ကျနော်ဆိုလိုချင်တာက ယုံကြည်မှုတစ်ခုကို အစဉ်အလာအရ သော်လည်းကောင်း၊ ယုံကြည်စရာကောင်းလောက်တဲ့မျက်မြင်အရသော်လည်းကောင်း ဇွတ်မှိတ်မယုံလိုက်ပဲနဲ့ အရင်းအမြစ်ကိုသေချာလေ့လာသုုံးသပ် ဆုံးဖြတ်ပြီးမှ ယုံစေချင်တာပါ။ ဒီနေရာမှာ ကျနော်ကိုယ်တိုင် တွေ့ကြုံပတ်သက်ခဲ့တဲ့ တကယ့်အဖြစ်မှန်ကလေးတွေကို တင်ပြချင်ပါတယ်။ ကျနော်ငါးတန်းကျောင်းသားဘဝက အဖေတာဝန်ကျတဲ့ ဝါးခယ်မမြို့ကိုလိုက်သွားပါတယ်။ အဖေတာဝန်ကျတာမြို့ပေါ်မှာမဟုတ်တော့ ကျနော်က မြို့ပေါ်က အဒေါ်အိမ်မှာနေပြီးကျောင်းတက်ပါရတယ်။ မြို့ပေါ်ဆိုပေမဲ့ မြို့ရဲ့တဘက်ကမ်းမှာပါ။ငှက်သမ္ဗာန်လို့ခေါ်တဲ့ အမြီးနှစ်ခွ လက်ခပ်ကူးတို့လှေနဲ့ ကူးရတာပါ။ ဝါးခယ်မမှာ တနှစ်တစ်ကြိမ် ဦးရှင်ကြီး၊ ကိုးမြို့ရှင်နဲ့ ရိုးရာနတ်တွေပူဇော်ပွဲကိုကြီးကြီးကျယ်ကျယ်ကျဉ်းပပါတယ်။ တနှစ်တစ်ကြိမ်ဆို်ပေမဲ့ မြို့ဘက်ကမ်းကတစ်ကြိမ် တဖက်ကမ်း(တရုပ်တန်း)ကတစ်ကြိမ်သီးခြားစီလုပ်တာပါ။ အခုတော့ ဘယ်လိုလဲမသိပါ။ တရုပ်တန်းဘက်မှာ ပူဇော်ပွဲမလုပ်ခင်တစ်လလောက်ကတည်းက အလှူ လိုက်ခံပါတယ်။ အလှူခံတဲ့အခါ ဦးရှင်ကြီးရဲ့ စီးတော်ကျားအဝတ်အစားဝတ်ထားသူတစ်ယောက်ပါ ပါတယ်။ […]