ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်လာနဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေးအတွက် Myanmar Development Resource Institute -MDRI  မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ်တဲ့ နိုင်ငံတော်သမတ္တအကြံပေးလည်းဖြစ်တဲ့ ဦးမြင့်က ပြည်သူထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ဒိနေ့ ဖြန်ချီလိုက်ပါတယ်။ ပညာရေးကဏ္ဍ လိုအပ်ချက် အတွက် ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် စဉ်းစားကြဖို့ စာမှာအဆိုပြုထားပါတယ်။ ရန်ကုန်တက္ကသိုလ် ဆိုတာ ပြည်သူတရပ်လုံးက ပိုင်ဆိုင်တဲ့ အမျိုးသား အမွေအနှစ်ဖြစ်ကြောင်း၊ရန်ကုန်တက္ကသိုလ် သမိုင်းဦးကာလမှာ အာရှတိုက်က အကောင်းဆုံးဖြစ်ခဲ့ကြောင်း၊အကြီးအကျယ်ဆုံး တက္ကသိုလ်တွေထဲက တစ်ခု ဖြစ်ခဲ့တဲ့အကြောင်း၊ အရင်က ရှိခဲ့တဲ့ ဂုဏ်ရောင်တွေနဲ့ အသွေးရောင်စုံတွေ လွင်ပြယ်ခဲ့ရတဲ့ အောကင်းတွေကို ပေးစာမှာ ဖော်ပြပေးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ပင်မဝင်းထဲက စာသင်ခန်းတွေမှာ ဘွဲ့ကြို၊ဘွဲ့လွန် ပုံမှန်အတန်းတွေ […]