may flowersOctober 26, 20121min38329
ဒါနဲ့ နောက်တစ်နေ့ရောက်တော့ အိပ်ရေးပျက်တာကြောင့်ကော၊ ကြောက်စိတ်ကြောင့်ကော ကျွန်မ စပြီးဖျားပါတော့တယ်။ ထူးထူးခြားခြားတိုက်ဆိုင်မှုတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ထိုအိမ်မဲကြီး ရဲ့ ပိုင်ရှင်သမီးအငယ်လေးလည်း ထိုအမျိုးသမီးကိုတွေ့လိုက်ရတာပါ။ သူက အထည်ချုပ်စက်ရုံ တစ်ရုံ မှာ  အလုပ်လုပ်နေတာပါ။ စက်ရုံကပြန်လာပြီး အိမ်ပေါ်တက်အဝတ်အစားလဲမယ်အလုပ်မှာ ပြူတင်း ပေါက်က ပေါ်လာပြီးရိပ်ကနဲ ဝင်လာတဲ့ ထိုပြိတ္တာမကိုမျက်နှာချင်းဆိုင်တွေ့လိုက်ရတာပါတဲ့။ အဲဒီ သမီးအငယ်မလေးလည်း နောက်နေ့တိုက်တိုက်ဆိုင်ဆိုင် ကျွန်မနဲ့ပြိုင်တူနေမကောင်းဖြစ်ကြပါတယ်။ ကျွန်မအဒေါ်လည်း ဆေးခန်းသွား၊ ဆေးသောက်နဲ့တတ်နိုင်သလောက် ကုပေမဲ့နေကပြန်မကောင်း လာပါဘူး။ ရင်ထဲက တစ်ဆို့ဆို့ကြီးဖြစ်ကာ ဘာစားစားမဝင်ပါဘူး။ တစ်နေကုန်နှုန်းချည့်နေတဲ့ ခံစား ချက်ကြီးက ဘယ်လိုဝေဒနာမှန်းတောင်ပြန်မပြောပြတတ်ပါဘူး။ ဒါနဲ့ ကျောင်းလည်းပြန်မသွားနိုင်ပဲ အဒေါ်တွေအိမ်မှာ ဖျားနေတာ သုံးရက်လောက်ကြာတော့အဒေါ်လည်း စိုးရိမ်ပြီးကျွန်မအမေကို လှမ်း အကြောင်းကြားပါတယ်။ အမေရာက်လာပြီး ဖြစ်ပုံအကြောင်းစုံကို သိတော့ သူတို့ကိုးကွယ်နေတဲ့ဆရာ တော် ဆီကို ညီအမနှစ်ယောက် […]


may flowersOctober 25, 20121min29717
ကျွန်မဒီအကြောင်းအရာပိုစ့်လေးကို ရေးသင့်၊ မရေးသင့်အတန်တန်စဥ်းစားပြီးတွေဝေနေခဲ့တာ တော် တော်လေးကြာခဲ့ပါပြီ။ အကြောင်းအရာပါအဖြစ်အပျက်လေးကကိုယ်တိုင်ကြုံဖူးသူတစ်ယောက်မဟုတ် ရင် မယုံကြည်နိုင်စရာကောင်းနေတာကြောင့်ပါ။ ဒါနဲ့ ဒိီအကြောင်းလေးကို စာစီလိုက်၊ ပြန်ဖျက်လိုက်နဲ့ အစပျိုးဖို့ကြိုးစားနေတာ တော်တော်လေးကိုကြာလာခဲ့ပါပြီ။ ဒီအကြောင်းအရာလေးဟာ ကျွန်မကိုယ် တွေ့ဖြစ်ရပ်မှန်လေးပါ။ ရွာထဲကမယုံကြည်သူများလဲ ရသဇာတ်လမ်းလေးတစ်ပုဒ်အဖြစ်သာခံစား ဖတ် ရှုပေးကြပါလို့ မေတ္တာရပ်ခံပါရစေရှင်။   လွန်ခဲ့တဲ့ ၁၅ နှစ်၊ ၁၆ နှစ်လောက်ကအကြောင်းအရာလေးပါ။ တိတိကျကျပြောရရင် ၁၉၉၆ ခုနှစ်က အဖြစ်အပျက်လေးပါ။ အဲဒီတုန်းက ကျွန်မပထမနှစ်ရုက္ခဗေဒ ကျောင်းသူတစ်ယောက်ပါ။ ကျွန်မမိဘ တွေက နယ်မှာနေတော့ ကျွန်မအဆောင်မှာနေပြီးကျောင်းတက်ပါတယ်။ အဲ..ကျောင်းပိတ်ရင်စနေ နဲ့ တနင်္ဂနွေလိ်ု နေ့မျိုးတွေမှာတော့ ထောက်ကြန့်ကအဒေါ်( အမေ့ညီမ) အိမ်မှာသွားနေတာများပါ တယ်။ တစ်ခါတစ်လေ စိတ်ကူးပေါက်မှသာ ကျွန်မမိဘတွေရှိတဲ့နယ်ကို ပြန်တတ်တာပါ။ အဲဒီနေ့ ကလည်း ကျွန်မသောကြာနေ့အတန်းကို နေ့လည်ပိုင်းအချိန်တွေကို […]