black chawDecember 2, 20111min29031
ခရမ်းလွန်ထုထည်များနှင့် နှစ်ဆယ့်လေးနာရီ (ညိုခက်ကျော်) (၁၉၉၈ ခုနှစ် စက်တင်ဘာလထုတ် မဟေသီမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သည့် ဝတ္ထုတို) (၁) သက်ရှိသက်မဲ့ အရာဝတ္ထုမျိုးစုံတို့ ဖုံးလွှမ်းတိုးဝှေ့မှုကြောင့် မျက်စိအောက်မှ ပျောက်လိုက်ပေါ်လိုက် ဖြစ်နေကြ မြေပြင်ကို ကြည့်လိုက်တိုင်း ကျွန်မဦးနှောက်ခန်းတွေမှာ မေးခွန်းတစ်ခုတည်းဖြင့် ကျပ်ညပ်ပြည့်လျှံသွားမြဲဖြစ်သည်။ ကောင်းကင်နှင့် မြေပြင် ဘယ်သူကပိုပြီး ဧရိယာကျယ်ပြန့်မလဲလို့။ ချုပ်ရိုးရာနဲ့ အနာဖေးတွေကတော့ ဆတူလောက်ပဲရှိလိမ့်မည်မို့ ကျွန်မ ဘာမှထပ်ပြီး သံသယမထားချင်တော့။ ကျွန်မကတော့ ကမ္ဘာမြေပြင်ဟာ ရာသီဥတုပြောင်းလဲမှုဒဏ်နဲ့ အခြားအခြားသော သဘာဝအန္တရာယ်ဆိုးတွေကြောင့် ကျဉ်းကျပ်လာတာလား။ ဒါမှမဟုတ် သက်မဲ့တွေနဲ့ ကျွန်မတို့လို သက်ရှိတွေရဲ့ ခြေ ထောက် ဧရိယာတွေက ဘဲခြေတွေလို ကျယ်ပြန့်လာကြလို့လား။ မြေကြီးပေါ် ခြေနှစ်ချောင်းထောက် မရပ်ချင်ဘဲ အလျားလိုက် ပက်လက်အိပ်ချင်သူတွေ နှုန်းပိုများလာသလား မကြာခဏတွေးကြည့်မိဘူးပါတယ်။ အင်း…ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာတွေ […]