naungJanuary 31, 20121min32431
ခေါင်းစဉ်ကြည့်ပြီး ကြောက်မသွားကြပါနဲ့၊ နိုင်ငံတော်ကို ပုန်ကန်ဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နေတဲ့ အချိန်မှာ ကျွန်တော်တို့ ပြည်သူတွေကလည်း ကျွန်တော်တို့ လိုအပ်ချက်တွေကို တောင်းခံနိုင်ဖို့ အတွက် လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်တင်ပြသင့်ပြီလို့ထင်ပါတယ်။ မြစ်ဆုံကိစ္စ၊ ထားဝယ်ကိစ္စတွေမှာ ကျွန်တော်တို့ ပြည်သူတွေ စည်းလုံးညီညွတ်ခဲ့ ကြသလို၊ အခု ၅၀၀ဝ တန်ဖုန်းကိစ္စမှာလည်း ညီညွတ်သင်ပြီလို့ထင်ပါတယ်။ ၅၀၀ဝ တန်ဖုန်းကို မဖြစ်နိုင်ပါဘူးဆိုပြီး MPT ကပြောနေပေမယ့် ရွှေပြည်တံခွန်ကတော့ မဖြစ်ဖြစ်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ၁၅သိန်း၊ ၅သိန်း၊ အခု ၃သိန်း တောင် ရင်းနှီးပြီးမှ ဆက်သွယ်မှုအပြင်ကို ရောက်နေတာထက်စာရင် ၅၀၀ဝကျပ်လောက်တော့ ရင်းနှီးသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူးပြောတဲ့ MPT […]