naungJanuary 31, 20121min33331
ခေါင်းစဉ်ကြည့်ပြီး ကြောက်မသွားကြပါနဲ့၊ နိုင်ငံတော်ကို ပုန်ကန်ဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နေတဲ့ အချိန်မှာ ကျွန်တော်တို့ ပြည်သူတွေကလည်း ကျွန်တော်တို့ လိုအပ်ချက်တွေကို တောင်းခံနိုင်ဖို့ အတွက် လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်တင်ပြသင့်ပြီလို့ထင်ပါတယ်။ မြစ်ဆုံကိစ္စ၊ ထားဝယ်ကိစ္စတွေမှာ ကျွန်တော်တို့ ပြည်သူတွေ စည်းလုံးညီညွတ်ခဲ့ ကြသလို၊ အခု ၅၀၀ဝ တန်ဖုန်းကိစ္စမှာလည်း ညီညွတ်သင်ပြီလို့ထင်ပါတယ်။ ၅၀၀ဝ တန်ဖုန်းကို မဖြစ်နိုင်ပါဘူးဆိုပြီး MPT ကပြောနေပေမယ့် ရွှေပြည်တံခွန်ကတော့ မဖြစ်ဖြစ်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ၁၅သိန်း၊ ၅သိန်း၊ အခု ၃သိန်း တောင် ရင်းနှီးပြီးမှ ဆက်သွယ်မှုအပြင်ကို ရောက်နေတာထက်စာရင် ၅၀၀ဝကျပ်လောက်တော့ ရင်းနှီးသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူးပြောတဲ့ MPT […]


naungDecember 16, 20111min28317
အောက်ဖော်ပြပါ ‘မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်’ ဆောင်းပါးသည် လွန်ခဲ့သည့် ၂၃ နှစ် (၁၉၈၈)ခုနှစ် အတွင်း ‘ဆရာဝန် တစ်ဦး’ ကလောင်အမည်ခံသူတစ်ဦး ဖြန့်ဝေခဲ့သော လက်ကမ်းစာစောင်ဖြစ်ပါသည်။ ယင်းခေတ်ကာလ၏ အခြေအနေကို ဓမ္မဓိဋ္ဌာန် ကျစွာ သုံးသပ်ထားသော စာလွှာတစ်စောင် ဖြစ်ပါသည်။ ယခုအခါ ၎င်းဆောင်းပါးအား လက်ရှိနိုင်ငံတော်အစိုးရ၏ အဖွဲ့အစည်း တစ်ခုဖြစ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့က မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန် လိုအပ်နေပါကြောင်း၊ လက်ဝယ်ရှိသူအား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည့်အကြောင်း ၂-၁၂-၂၀၁၁ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာခဲ့ပါသည်။ ၎င်း လက်ကမ်းစာစောင်သည် ယခုလက်ရှိ နိုင်ငံရေးအနေအထားနှင့် မည်သို့မျှ မပတ်သက်ကြောင်းနှင့် မည်သည့်ရည်ရွယ်ချက်သဘောမျှ မပါရှိဘဲ တစ်ခေတ်တစ်ခါက အခြေအနေတစ်ရပ်အား ဗဟုသုတရစေလိုသောဆန္ဒနှင့် စာဖတ်ပရိသတ်အတွက် မြစ်ကြီးနား မြို့ခံ တစ်ဦး၏ အကူအညီဖြင့် ဖော်ပြပေးလိုက်ပါသည်။ အယ်ဒီတာ […]


naungNovember 24, 20111min1083
Diamond Key ရဲ့ ပိုစ့်လေးကို ဖတ်မိပြီး ကျွန်တော်လည်း ပြောချင်တာလေး တစ်ခုရှိပါတယ်။ မန္တလေးရဲ့ လမ်းတွေ အကြောင်းပါ။ ကျွန်တော်က မြို့သစ်ဖက်မှာ နေတာဆိုတော့ မြို့သစ်ထဲမှာ တွေ့ရတာလေးပါ။ မြို့သစ်ရဲ့ မိန်းလမ်းမကြီး ဖြစ်တဲ့  မနော်ဟရီလမ်းကို မြို့တော်စည်ပင်ကနေ ပြန်ပြီး ပြုပြင်ပေးထားပါတယ်။ အရှေဘက်မှာ ၄၃လမ်းက ထင်ပါတယ်၊ အဲဒီကနေ အနောက်ဘက်ကို ၇၃လမ်း (အား/ကာသိပ္ပံကျောင်းရှိတဲ့လမ်း)အထိကို ပြင်ပေးထားတာပါ။ ဒီလပိုင်းမှာဘဲ ၅၈လမ်း နဲ့ ၅၉လမ်းကိုလည်း သိပ္ပံလမ်းနဲ့ မနော်ဟရီလမ်း ကြားမှာ ပြန်လည်း ပြင်ဆင်နေပါပြီ။ ၅၈လမ်းကတော့ အခု အသုံးပြုလို့ရနေပါပြီ။ လမ်းတွေပြင်ပေးထားလို့ သွားလာရတာလည်း အဆင်ပြေလာပါပြီ။ အဲဒီလိုပြင်ပေးတဲ့အတွက်လည်း မြို့သစ်လူထုကိုယ်စား ကျေးဇူးလည်း တင်ပါတယ်။ အဲဒီမှာ အဆင်မပြေတာက ရေနုတ်မြောင်းကိစ္စပါ။ လမ်းတွေကို ပြင်ဆင်ပေမယ့်လည်း […]


naungNovember 18, 20111min14313
ဒီရက်ပိုင်းမှာ MBBS ဘွဲ့ရတွေကို နိုင်ငံတော်ကနေ ဝန်ထမ်းအဖြစ်ခန့်အပ်ဖို့အတွက် အင်တာဗျူးထိုင်ကြပါတယ်။ အဲဒီမှာ မေးတဲ့ တချို့မေးခွန်းတွေက လုပ်ဆောင်ရမယ့် တာဝန်၊ ရာထူးနဲ့ ဘာမှ မဆိုင်တာတွေကို မေးတယ်လို့် ဝင်ရောက်ဖြေဆိုသူတွေ ပြန်ပြောတာကို ကျွန်တော်ကြားမိလိုက်ပါတယ်။ ဘာတွေမေးလည်းဆိုတော့ နိုင်ငံတော်က တည်ဆောက်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတွေရဲ့ အရှည် ပေ ဘယ်လောက်လည်းဆိုတာမျိုး၊ တရုတ်နိုင်ငံက ပင့်ဆောင်လာတဲ့ စွယ်တော်မြတ်က စွယ်တော်ဟာ အထက်/အောက်/လက်ဝဲ/လက်ယာ ဘယ်နေရာကလည်း ဆိုတာမျိုးတွေ မေးပါတယ်တဲ့။ MBBS ဘွဲ့ရတွေကို ခန့်မှာက လက်ထောက်ဆရာဝန်ဆိုတဲ့ ရာထူးပါ။ အပေါ်က မေးခွန်းမျိုနဲ့ မဆိုင်ဘူးထင်တာဘဲ။ အခုမေးနေတဲ့ ပုံစံတွေက အရင် အစိုးရ လက်ထက်က ပုံစံမျိုးတွေဖြစ်နေသလားလို့ပါ။ ဗဟုသုတအနေနဲ့ မေးတဲ့ မေးခွန်းဆိုရင်လည်း ဥပမာ- မြန်မာနိုင်ငံမှာ ရင်ချင်ဆက်အမွှာတွေကို ဘယ်နှစ်က အောင်မြင်အောင်ခွဲစိတ်တာလည်း […]


naungOctober 20, 20111min1608
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ (၁၅/၁၆.၁၀.၂၀၁၁) လောက်က အမရပူရ ရှမ်းလေးကျွန်းဘက်မှာ လူတစ်ယောက် ရေနစ်သေတယ်လို့ ကြားရပါတယ်။ သေတဲ့သူက မန္တလေး ပြည်သူ့ဆေးရုံက အလုပ်သမား တစ်ယောက်လို့သိရပါတယ်။ မန္တလေး ပြည်သူဆေးရုံက ဆေးရုံအုပ်ကြီး (ဒေါက်တာ ဦးမောင်ဝင်း) က အလုပ်သမားတွေကို အမိန့်ပေးတာလိုလို၊ မေတ္တာရပ်ခံတာလိုလို နဲ့ စနေ၊တနင်္ဂနွေတွေမှာ မြစ်ထဲက နှုံးတွေကို ဆေးရုံမှာ သစ်ပင်စိုက်ဖို့ သယ်ခိုင်းတာ ဟု သိရပါတယ်။ သေဆုံးသူဟာ အဲဒီထဲက အလုပ်သမား တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီရက်က အလုပ်သမား ၁ဝ ယောက်လောက်ကို ဆေးရုံက ကားနဲ့ ရှမ်းလေးကျွန်းဘက်ကို နှုံးသယ်ခိုင်းတယ်လို့ သိရပါတယ်။ အဲဒီထဲက တစ်ယောက်က ရေနစ်သေတာကို ဆေးရုံအုပ်က သူဟာသူ ဖြစ်တာလိုလိုနဲ့ ထားပစ်ခဲ့ခိုင်းတယ်လို့ […]


naungOctober 11, 20111min460
အခု နိုင်ငံတစ်ဝှမ်းလုံးက အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ပြည်သူလူထုရဲ့ ဆန္ဒကို သမ္မတကြီးက အလေးဂရုထားမှုတွေကြောင့် မြစ်ဆုံ ရေကာတာ စီမံကိန်းကြီးကို ခေတ္တရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ် အဲဒီအတွက် ဥပဒေအရ နိုင်ငံနေနဲ့ ဘာတွေရင်ဆိုင်ရမယ်ဆိုတာ (ဥပမာ- လျော်ကြေးပေ့ါ) တွေကို နိုင်ငံတကာနဲ့ ယှဉ်ပြီးတော့ တတ်သိနားလည်သူများက ဆွေးနွေးပေးစေချင်ပါတယ်။ ဒါမှ ပြည်သူတွေနေနဲ့ ဘာတွေကို ကြိုတင် ပြင်ဆင်ထားရမယ်ဆိုတာ သိအောင်ပါ။


naungOctober 7, 20111min943
ကျွန်တော်ပြောချင်တာက ရန်ကုန်မှာဆိုရင် ဦးကျော်သူတို့ဦးဆောင်ပြီးတော့ ရန်ကုန် နာမှုကူညီရေးအသင်းကနေ အစပြုပြီး လူမှုရေးအသင်းတွေ၊ မန္တလေးမှာဆိုရင် ဆရာတော် ဦးတိက္ခ ဦးဆောင်တဲ့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကနေ အစပြုပြီး လူမှုရေးအသင်းအဖွဲ့တွေ ပေါ်လာပါတယ်။ အဲဒီလို ပေါ်ပေါက်လာတဲ့အတွက် ပြည်သူလူထုမှာ အရင်လိုနာရေးကိစ္စပေါ်ပေါက်လာရင် စည်ပင်သာယာမှာ သွားပြီး ယာယီကားကို သွားငှားစရာမလိုတေ့ာပါဘူး။ နီးစပ်ရာ အသင်းမှာဘဲ အကူအညီတောင်းလိုက်ရင် အသင်းက အဆင်ပြေအောင် ဆောင်ရွက်ပေး၊ ကူညီပေးသွားကြတာပါ။ တော်တော်ကို အဆင်ပြေပါတယ်။ စိတ်လည်းချမ်းသာပါတယ်။ ဦးဆောင်ပြီး ဆောင်ရွက်နေသူတွေကိုကော၊ လှူဒါန်းကြတဲ့ ကုသိုလ်ရှင်တွေကိုပါ ကျေးဇူးလည်းတင်ပါတယ်။ သာဓုလည်း ခေါ်ဆိုပါတယ်။ နောက်ပိုင်း မန္တလေးမှာဆိုရင် အသင်းတွေမှာ နာရေးကိစ္စတစ်ခုတည်းအတွက်တင်မဟုတ်ဘဲ၊ အရေးပေါ်ကူညီမှုအနေနဲ့ လူနာတင်ကားတွေထားပေးလာကြပါတယ်။ အဲဒီလိုလူမှုကူညီရေးအသင်းတွေက ရန်ကုန်၊ မန္တလေးတင်မကဘဲ မြန်မာနိုင်ငံအနှံအပြားမှာ ရှိနေပါတယ်၊ ကူညီပေးနေကြပါတယ်။ နိုင်ငံတော်အနေနဲ့ နေရာဒေသတိုင်းမှာ […]


naungAugust 11, 20111min18312
ဂေဇက်မှာ သွေးလှူတာနဲ့ပတ်သတ်ပြီး ရေးထားတာသိပ်မရှိဘူးထင်ပါတယ်။ ကျွန်တော်သွေးလှူဘူးပါတယ်။ အဲဒီလိုလှူရတာကိုလည်း အလွယ်ဆုံးပြောရရင် ပျော်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကို တစ်ချု့ိကပြောတယ်။ ” မင်းတို့ကသာ သွေးလှူနေတာပါ၊ ဆေးရုံက သွေးကို အလကားမပေးဘူး၊ ပိုက်ဆံပေး ဝယ်ရတာကွ “လို့ ပြောကြတယ်။ “ကျွန်တော်သိသလောက်တော့ သွေးဘဏ်တွေအနေနဲ့ လက်ခံရရှိထားတဲ့သွေးတွေကို လူနာကို တိုက်ရိုက်ပေးလို့မရပါဘူး။ အေ၊ ဘီ၊ စီ လို့ခေါ်တဲ့ ရောဂါပိုးတွေကို စစ်ဆေးပေးရပါသေးတယ်။ အဲဒီလို စစ်ဆေးခတွေကို သာ လူနာတွေဆီက တောင်းခံတယ်လို့သိရပါတယ်။ ဒါကတရားဝင် တောင်းခံတာပါ။ နောက်တစ်ခုက သွေးထည့်တဲ့ အိတ်ဖိုးပါ။ အဲဒီနှစ်ခုကိုဘဲ တောင်ခံပါတယ်။ ဒါထက်ပိုတောင်းတယ်ဆိုရင်တော့ သွေးဘဏ်မှာ သေသေချာချာ စုံးစမ်းကြည့်စေချင်ပါတယ်” လို့ပြောလိုက်ပါတယ်။ တစ်ချို့ကကြတော့ ” ငါတို့မလှူလည်း လှူမည့်သူ အများကြီးပါ” လို့ပြောကြတယ်။ လှူမည့်သူများလည်း […]


naungJuly 8, 20111min18413
ရွာသားများအတွက် ကျွန်တော်စုံစမ်းလို့ရသမျှ လက်တို့လိုက်ပါအုံးမယ်။ တစ်ရက်က အင်တာနက်ဂျာနယ်မှာ McWill ကို မန္တလေးမှာ one stop service ရတယ်ကြားလို့ စိတ်ဝင်စားတာနဲ့ စုံစမ်းကြည့်လိုက်မိပါတယ်။  McWill ကို တပ်ဆင်မယ်ဆိုရင် ကနဦး တပ်ဆင်ကအဖြစ်       – ၅၀၀၀၀၀/ကျပ် နှစ်စဉ်ကြေးအဖြစ်                – ၆၀၀၀၀/ကျပ် (တစ်နှစ်တစ်ကြိမ် ပေးသွင်းရပါမည်) User Terminal အဖြစ် – ePST681 အမျိုးအစား (၁၅၀၀၀၀/ကျပ်) – CPE628W အမျိုးအစား (၂၈၀၀၀၀/ကျပ်) နှစ်မျိုးမှ ကြိုက်နှစ်သက်ရာ တစ်ခုနဲ့ တွဲဖက်ဝယ်ယူရမည်လို့ သိခဲ့ရပါသည်။ ePSTဆိုတာက အထိုင်ဖုန်းအမျိုးအစားဖြစ်ပြီး၊ Lan Port တစ်ခု၊ USB Port တစ်ခုပါဝင်ပြီး တစ်ချို့အမျိုးအစားများတွင် USB Port တစ်ခုသာပါဝင်သည်ဟုသိရသည်။ Lan […]