TTNUApril 5, 20121min33644
ကျမဒီလမ်းထဲပြောင်းလာတာမကြာသေးပါဘူး။ တစ်နေ့တော့ ရုံးကပြန်အလာ ကားမောင်းကွေ့အဝင် ကျမတို့ အိမ်နီးချင်းတစ်ဦးရဲ ့အိမ်ရှေ ့ လမ်းဘေးမှာ အပြာရောင်တောက်တောက် ပုံးတစ်လုံး ကိုတွေ့လိုက်မိပါတယ်။ ကားအရှိန်လေးလျှော့မောင်းရင်း ဘာမှာပါလိမ့်လို့ လှမ်းကြည့်မိပါတယ်။ အဝါရောင် ဝင်းမှည့်စိုရွှမ်းနေတဲ့ ရှောက်သီးတွေပါ။ အလုံးလှလှကြီးတွေပါ။ ပိုစိတ်ဝင်စားစရာကောင်းတာက လက်ရေးနဲ့ရေးထားတဲ့ စာရွက်လေးတစ်ရွက်ကို တုတ် တစ်ချောင်းမှာချည်ပြီး ပုံးထဲမှာထောင်ထားပါတယ်။ ရေးထားတာကလည်းနှစ်လိုဖွယ်ရာ။ “အခမဲ့ပါ။ နှစ်ခြိုက်ရင်ယူသွားပါ” ….တဲ့။ ဒါနဲ့ ကျမလည်း အရည်ရွှမ်းရွှမ်းနှစ်လုံးလောက်ယူခဲ့ပါတယ်။ စိတ်ထဲမှာလည်း ဒီ မိတ်ဆွေရဲ ့ ရက်ရောမှု စေတနာပြသမှုလေးတွေ တွေးကြည့်ရင်နဲ့ အလိုလိုပျော်နေမိပါတယ်။ နာရီတော် တော်ကြာကြာကို တွေးနေမိတာရှင့်။ ညပိုင်းစားသောက်ပြီးတော့ ကျမ စိတ်ထဲ ချက်ချင်းတစ်ခုခုလုပ်ချင်စိတ်ပေါက်လာပြီး အလုပ်စားပွဲမှာထိုင်လိုက်ပါတယ်။စာရေးစက္ကူအုပ်ကိုဆွဲယူလိုက်ပြီးအကောင်းဆုံးအလှဆုံး လက်ရေးနဲ့ ကျေးဇူးတင်စာတစ်စောင် စတင်ရေးနေမိပါတော့တယ်။ ကျမ စာအိပ်ထဲမထည့်ခင် တစ်ခေါက်ဖတ်လိုက်သေးတယ်။ ကျမရဲ […]