natureSeptember 30, 20111min16311
စိတ်ကူးရလို့ ကြံကြံဖန်ဖန်ရေးလိုက်တာပါ။ ဗုဒ္ဓဘာသာတွေရဲ့ သာဓုခေါ် ရင် ကုသိုလ်တဝက်ရတယ် ဆိုတာနဲ့ပတ်သက်လို့ ကိုယ့်အယူအဆလေးတွေ ကို တင်ပြတာဖြစ်ပါတယ်။ သာဓုခေါ်လို့ တဝက်ရတယ်ဆို ကိုယ်ပိုင်တဲ့ ၅ဝ ကို လှုပြီး ကုသိုလ် ၅ဝ ဘိုး ယူမလား။ သူများလှုတဲ့ ၁၀ဝတန် အလှုကို သာဓုခေါ်ပြီး ကုသိုလ် ၅ဝ ဘိုး ယူမလား။ ဒါနထက်သီလမြတ်တယ် သီလထက်ဘာဝနာ မြတ်တယ်ဆိုပြီးတော့ ငွေကုန်လို့ ဒါနမပြုသူများ အတွက် ငွေမကုန်ပဲ သာဓုခေါ်တဲ့နည်းလေး ဟာတော်တော်လေးအဆင်ပြေမယ်ထင်ပါတယ်။ ဒီလိုလုပ်လို့ ၅ဝ ရတာချင်းတူရင်တော့ သာဓုခေါ်ရတာပိုကိုက်ပါတယ်။  ကြီးမားတဲ့ ကွာခြားချက်တခုရှိမယ်ထင်ပါတယ်။ ရွာသားများ ရောဘယ်လို ထင်ပါသလဲ။ အကြောင်းကြောင့်အကျိုးဖြစ်တယ် ။ အကြောင်းတရား နှင့်ကင်းသော အကျိုးတရားမရှိလို့ဘုရားကဟောခဲ့ပါတယ်။ ဒါကိုဆက်စပ်ပြီးတွေးကြည့်မယ်ဆိုရင် ကိုယ်လှုတဲ့ ၅ဝ ဟာ […]