မမေလးMay 4, 20111min17714
န်ကုန်မြို့တော်ခန်းမကြီးသည် ဗြိတိသျှ အစိုးရလက်ထက်က အင်ဂျင်နီယာမင်းကြီး စည်သူဦးတင်က တည်ဆောက်ခဲ့ ပါသည်။ စည်သူဦးတင်၏ အဘိုး ဦးကြင်မှာ မင်းတုန်း မင်းတရားလက်ထက်က အင်ဂျင်နီယာ စက်မှု ဝန်ထမ်းတစ်ဦး ဖြစ်ပြီး အဘွား ဒေါ်ခင်မိမိမှာ မင်းတုန်းမင်းလက်ထက်က အထိန်းတော်ကြီး တစ်ဦးဖြစ်ကြောင်း သိရသည်။ ယခုအခါ ထို ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံအား ပြန်လည်ပြုပြင်ရာတွင် အဆောက်အအုံ၏ ဆေးရောင်အား ယခင်ကတည်းက ရှိနေခဲ့သော အဝါရောင်မှ ယခုအခါ ဗေဒါနုရောင်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ မတ်လကုန် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးများ ပြုလုပ်ပြီးချိန် တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ၂၀၁၁ခု ဧပြီ ၁ ရက်မှ စတင်၍ ကော်မတီအဆင့်မှ စည်ပင်သာယာရေးဝန်ကြီးဌာန အဆင့်သို့ ရောက်ရှိပြီး နောက်ပိုင်း ဧပြီ လဆန်းတွင် […]