ကြောင်လေးJanuary 1, 20121min933
ဘက်ညီ လက်ညီ ရွေ့ကြဖို့လိုပါသည်။ နွားလှည်းတစ်စီး  ရှေ့ကိုရွေ့ဖို့ဆိုင်ရင် ရှေ့ကလှည်းတံပိုးကိုထမ်းနေတဲ့ နွားနှစ်ကောင်လုံး ပြိုင်တူ ဟန်ချက်ညီညီ ဆွဲဖို့ လိုအပ်ပါတယ်။ တစ်ကောင်ထဲ ဆွဲရင် တစ်ဖက်ဆွဲပြီးလမ်းကြောင်းလွဲသွားနိုင်ပါတယ်။ တစ်ကောင် က သိပ်မရုံးပဲ ရေသာခိုလိုက်နေရင်လည်း ရုံးရတဲ့ တစ်ကောင်တည်း  ပင်ပမ်းပြီး လိုရာခရီးကို လွယ်လွယ်နဲ့ မရောက်နိုင်တော့ပါ။ ကားတစ်စီးမှာလည်း ရှေ့ဘီးနှစ်ဘီးလုံးဘရိပ် ကပ်နေရင် ရှေ့ကိုအလွယ်တကူဘယ်ရွေ့မလဲ၊တစ်ဘီးပဲ ဘရိပ်ခွာပြီး တစ်ဘီးက ဘရိတ်ကပ်ပြီးပုံမှန် မလည်ရင် အပေါ်က ဂွေ ကိုင်ထားရတဲ့ ဒရိုင်ဘာကြီး ဘယ်သက်သာမလဲ။ အဲဒီတော့ “ဟိုဘက်ကနွား မင်းသွားဖို့လိုတယ် ” ဆိုပြီးအော်နေရင်းနဲ့ ကိုယ် ကိုယ်တိုင်လဲ ခြေလှမ်းစရွှေ့ဖို့လိုပါလိမ့်မယ်၊ ကိုယ်က အင်အားကောင်းနေရင် တစ်ဘက်ကနွား မရွေ့ချင်ဘူးဆိုရင်တောင် ယက်ကန်ယက်ကန်နဲ့ ပါလာပါလိမ့်မယ်။ လှည်းကိုမောင်းနေတဲ့သူကလည်း တဘက်ကနွား အာဟာရလိုသလား၊ သက်သက် […]