BayoteApril 2, 20101min20315
ပြည်သူချစ်သော အနုပညာရှင် တစ်ရာကျော် စုပေါင်းပြီး ဘက်ပေါင်းစုံက ဆင်းရဲ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်တွေ ပြေလည်အောင် ဖြည့်စည်းပေးရန် နေပြည်တော်သို့ ချီတက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆီမှာ တောင်းဆို ကြမယ်လို့ သိရပါတယ်။  အခုလို အနုပညာရှင်တွေ ရာနှင့်ချီပြီး ပရိသတ်တွေအတွက် ရှေ့တန်းကထွက်  တောင်းဆိုဆန္ဒပြ  ဒါဟာ မြန်မာပြည်မှာ ပထမဆုံးဖြစ်ပြီး နေပြည်တော်မှာလည်း လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်မယ့် အနုပညာရှင် စာရင်း


kaiApril 1, 20103min843
ရန်ကုန်။ ။ဧပြီ ၁ ယနေ့၌ နေပြည်တော်နှင့်အနီးတဝိုက်တွင်မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျကြောင်းကြားသိရသည်။ မိုးသီးကြွေချိန်တွင် လူအများအပြား မိမိတို့နေအိမ်များမှထွက်လာကြ၍ မိုးသီးများကို ခွက်များနှင့်ခံယူကာ အရေပျော်သည်အထိစောင့်ပြီး သောက်သုံးကြကြောင်း။ သောက်သုံးသူအချိုု့၏ ပြောပြချက်အရ မိုးသီးပျော်ရေများမှာ ခါးသက်သည့်အရသာရှိသော်လည်း သောက်ပြီးသည်နှင့် ပေါ့ပါးပျော်ရွှင်စိတ်များဖြစ်လာကြောင်း၊ မိုးသီးမှာ တနာရီခန့်သာကျပြီး ရပ်သွားသော်လည်း မိုးမှာမူ ၂နာရီခန့်ကြာအောင် ရွာသွန်းခဲ့ကြောင်း။ မိုးတိတ်သောအခါ မိုးရေထိသော ကျောက်တုံးကျောက်ခဲများအရောင်တောက်လာပြီး ပတ္တမြားခဲများအဖြစ်ပြောင်းလဲသွားကြောင်း။ မိုးရေထိသော သစ်ရွက်များမှာမူ အစိမ်းရောင်ကတ္တီပါစများအဖြစ်ပြောင်းသွားကြောင်း၊ မိန်းမပျိုများမှာမူ မိမိတို့ဝတ်ဆင်ထားသော အဝတ်အစားများကိုဆုတ်ဖြဲပစ်ကာ အဆိုပါကတ္တီပါစများနှင့် လဲလှည်ဝတ်ဆင်ကြကြောင်း။ ပတ္တမြားခဲများကိုလည်း ကြိုးနှင့်သီကာ ဆင်မြန်းနေကြကြောင်း သိရှိရသည်။ ယောက်ျားများမှာမူ အစိမ်းရောင်ကတ္တီပါစကို ကိုယ်တွင်ပါတ်လိုက်သည်နှင့် အားမာန်များတဟုန်းဟုန်းကြွလာကာ မိမိကိုယ်မိမိ စင်္ကြာဝတေးမင်းကဲ့သို့ ကြီးမြတ်သောစိတ်များဖြစ်လာကြောင်း၊ လက်ညိုးညွှန်ရာ အနီရောင်များဖြစ်ကုန်ကြကြောင်း သတင်းဌာနများသို့ရောက်ရှိလာသော အီးမေးလ်သတင်းများကဆိုသည်။ ရန်ကုန်မြို ့နေလူအများအပြား နေပြည်တော်သို့ […]