kaiMay 19, 20106min600
ဇတ်လမ်းက ဒီလိုပါ။ အာရီဇိုးနားပြည်နယ်က..မက်ခ်စီကိုနိုင်ငံဖက်က…တရားမဝင်ခိုးဝင်လာသူတွေ တားဆီး၊ဖမ်းပြန်ပို့နိုင်ဖို့ဆိုပြီး..ဥပဒေတခုထုတ်ပါတယ်။ သူတို့ဆီမှာ..တရားမဝင်လူ လူ၅သိန်းလောက်ရှိတယ်ဆိုပါတယ်။ တနိုင်ငံလုံးမှာ..တရားမဝင်ခိုးဝင်ထားသူ ၁၂သန်းကျော်ရှိတာပါ။ အဲဒီဥပဒေမှာ..ရဲက..လူတယောက်ယောက်ကိုမသင်္ကာရင်…အိုင်ဒီတောင်းကြည့်ခွင့်ရှိတာပါတဲ့..။ ( မြန်မာစိတ်နဲ့..တွေးရင်..အင်းလေ..လုပ်ရမှာပေါ့ဆိုမိမလားပဲ) ယူအက်စ်မှာ…လဝက ကိစ်စမေးခွင့်၊ စစ်ခွင့်၊ ဖမ်းခွင့်ရှိတာ..ရဲမဟုတ်ပဲ..ICE (Immigration and Customs Enforcement)လို့ခေါ်တဲ့ ဌာနကလူတွေပါ။ အခုတော့..လူအင်အားများတဲ့..ရဲကိုပါလွဲတယ်ပေါ့။ ဒီတော့..ဒါဟာ လူအခွင့်အရေး..ဘာဘာညာညာ..အသားအရောင်ခွဲတယ်..ဘယ်လိုမသင်္ကာဘူး..ရဲကသိမလဲ..။ တမင်တကာရည်ရွယ်ချက်ရှိရှိ..ညစ်လုပ်တာဖြစ်ကြပါရော..။ တိုတိုပြောရရင်..ကယ်လီဖိုးနီးယားက..မြို ့တွေတော်တော်များများ..အာရီဇိုးနားပြည်နယ် မသွားကြဖို ့…ပေါ့..သပိတ်မှောက်တယ်ပေါ့။ ပြည်နယ်၂ခုက..အရှေ့အနောက်..ကပ်ရက်ရှိတာဖြစ်ပါတယ်။ အဲဒီမှာ..အာရီဇိုးနားလည်း တိုးရစ်ဇင်ကရတဲ့ငွေတွေ..ထိုးကျသွားပြိး.. ဟိုတယ်တွေလည်း..ဒုက်ခတွေ့ရောဆိုပါတော့..။ အခုလေးတင်…အာရီဇိုးနားက..ပြန်ခံချဖို ့..သတိပေးစာ ပိုလာတယ်လို့ သတင်းတွေပါလာပါတယ်။ သူတို့က..ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်ဖက်..ရောင်းနေတဲ့လျှပ်စစ်မီး…ဖြတ်မယ်ဆိုပဲ..။ အယ်လ်အေက..မီးအားလုံးရဲ့ ၂၅ ရာနှုန်းက..အာရီဇိုးနားကဝယ်ထားတယ်ဆိုပါတယ်။ နွေရာသီဝင်လာပြီမို ့…လျှပ်စစ်မီးပိုသုံးကြတဲ့..ကယ်လီဖိုးနီးယန်းတွေ..ဒုက်ခရောက်နိုင်ပါတယ်…။ ဘာဖြစ်လာမလဲ… ရွေးကောက်တင်မြှောက်ထားတဲ့…နိုင်ငံရေးသမားတွေ..ဘယ်လောက်ပညာပါသလဲ..။ ဘာပြောကြသလဲ။ စောင့်ကြည့်ကြစို့..။ အောက်မှာ..မူရင်းသတင်း..။ Arizona Fights Back Against Boycott Threats Due […]