kaiMarch 11, 20102min1020
ဒေါက်တာတင်ငွေကို ၁၉၄၂၊ဇန်နဝါရီ၉ရက်တွင် အဘဦးထွန်းလှ၊အမိဒေါ်သန်းတို့မှ ဖျာပုံ၊မရပ်ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း၅ဦးတွင် အငယ်ဆုံးဖြစ်သည်။ ပျဉ်းမနားအမှတ်၁ကျောင်းတွင်ရတန်းထိပညာသင်ကြားခဲ့ပြီး  ရန်ကုန်ရှိ Hla Practice Schoolသို့ ပြောင်းရွှေ့ပညာသင်ကြားကာ ၁၉၅၈တွင် မက်ထရစ်စာမေးပွဲအောင်သည်။ ၁၉၅၈-၁၉၅၉တွင် ရန်ကင်းကောလိပ်တွင် Inter Aကိုသင်ယူပြီး ၁၉၅၉-၁၉၆ဝတွင် ရန်ကုန်ပင်မတက္ကသိုလ်တွင်InterBအောင်သည်။ ၁၉၆ဝတွင် ဆေးတက္ကသိုလ်တွင်ပညာသင်ကြားပြီး ၁၉၆၅မတ်လတွင်MBBSဘွဲ့ရသည်။ ၁၉၆၆မှ၁၉၆၈ထိ မြန်မာနိုင်ငံ မျက်ခမ်းစပ်တိုက်ဖျက်ရေးစီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇ဝတွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချသည်။ ၁၉၇၁မှ၁၉၇၃ထိFamily practice medicineနှင့်၁၉၈ဝတွင် Geartric Medicine Board Certifiedaအောင်မြင်သည်။ ၂၀၀၈ဇွန်လမှစပြီး BAMA(Burmese American Medical Association)အသင်းဥက္ကဌတာဝန်ဆောင်ရွက်သည်။ ၁)ဆရာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာပုံကစပြီးပြောပြပါ။ ကျနော့်အမျိုးသမီးမိဘတွေက ဦးနုခေတ်မှာထဲက ယူအက်စ်ကိုရောက်နှင့်နေတယ်။ ကျနော်က ဘွဲ့ရပြီး မျက်ခမ်းစပ်တိုက်ဖျက်ရေးမှာ အလုပ်လုပ်တယ်။ECFMGဖြေပြီး အောင်ရင် ယူအက်စ်သွားဖို့ […]