maungmoenyoJuly 19, 20111min17313
ခုအချိန် အမေရိကန်ပြည်ထောင်စုတဝှမ်းမှာ ညံနေအောင်ကြားနေရပြီးဖြစ်တဲ့  Debt ceiling မြှင့်တင်ရေး(တနည်း – အစိုးရက အကြွေးကိုတို့းမြင့်ရယူရေး) ကိစ္စဟာ လူထုကြားထဲကိုဂယက်ရိုက်စပြုနေပါပြီ။ အလုပ်မှာဘဲကြည့်မလား၊ မိတ်ဆုံပါတီတွေမှာဘဲကြည့်မလား၊ နားလည်ကြသူတွေက နားလည်သလို ဆွဲပြောကြ ငြင်းကြခုန်ကြနဲ့ တချို့ဆိုအချင်းချင်းမခေါ်နိုင်မပြောနိုင်ဘဝကိုရောက်နေကြပါပြီ။ နိုင်ငံတိုင်းမှာ အစိုးရဟာ လူထုကပေးတဲ့ အခွန်အခပေါ်မှာနိုင်ငံတည်ဆောက်ရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေးကအစ လုပ်ပေးဘို့ကအစိုးရရဲ့ကြီးလေးလှတဲ့တာဝန်ပါ။ ဒီလိုစိမံခန့်ခွဲရေးကိစ္စလုပ်ရာမှာ နိုင်ငံဘဏ္ဍာကို ခွဲဝေသုံးစွဲရာမှာ သက်ဆိုင်ရာ လွှတ်တော်ရဲ့ သဘောတူညီချက်ဘောင်ထဲကသုံးကြရပါတယ်။ မလောက်ရင်အစိုးရရဲ့ ထုခွဲမရတဲ့ ပိုင်ဆိုင်မှု (တနည်း bond) တွေကို တန်ဘိုးပြပြီးထုခွဲရပါတယ်။ ဒီလိုထုခွဲရင်း တန်ဘိုးအလွန်ခိုင်မာတဲ့ bond တန်ဘိုးဟာ ကျဆင်းလေ့ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရရဲ့ bond တွေဟာ နိုင်ငံတကာမှာဒီကနေ့အထိ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေသေးတာအမှန်ပါ။ မျက်စောင်းထိုးကြသူတွေ ဒုနဲ့ဒေးပါ။ ဒါသမိုင်းနဲ့ချီပြီးရှိတဲ့ အမေရိကန်အစိုးရရဲ့ […]