တကယ်တော့ ကျနော်တို့ ဘဝဟာလည်း ဆရာဇော်ဂျီရဲ့ ဗေဒါကဗျာ လိုပါပဲ။ လောကဓံ တရားတွေရဲ့ ရိုက်ခတ်မှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ (ဆင်းရဲလိုက်၊ ချမ်းသာလိုက်၊ အခြွေအရံ ပေါများလိုက်၊ အထီးကျန်ဆန်သွားလိုက်၊ ကံဆိုးလိုက်၊ ကံကောင်းလိုက်၊ ငွေလှိုင်နေ သ…ည့်အခါတွေလည်းရှိ၊ ငွေလိုသဖြင့် မာနကိုနှိမ်ချပြီး ချေးရငှားရတဲ့အခါတွေလည်းရှိ၊ လူရာသွင်းသည့်အခါလည်းရှိ၊ ချောင်ထိုးခံ ရသည့် အခါတွေလည်း မနည်း)။  ဒါပေမယ့်လေ…ဘာပဲဖြစ်ဖြစ် ကဗျာထဲက ဗေဒါပင်လေး လိုပါပဲ ရောက်တဲ့နေရာမှာပျော်… ဘယ်လိုပဲဖြစ်ဖြစ် အလိုက်သင့်နေထိုင်ရင်း… အစဉ် ပန်းပန်လျှက်ပါ… ညိုပြာပြာ လတာပြင်ခြေရင်း၊ လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလည်း မသက်သာ၊ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ၊ အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး၊ အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လည်း မသက်သာ၊ နောက်တစ်ချီ […]


smytu1996September 29, 20101min1422
တနေ့သ၌ မောင်ဘချစ်၏ဂေဟာသို့ မိတ်ဆွေရင်းဖြစ်သူ ဂျော်နီအာင်ဘု ရောက်ချလာသည်။ “အောင်ဘုရေလာထိုင်၊ ရေသန့်တော့ရှိတယ်။ ဘုံဘိုင်က ထည့်ထားတာ” “မင်းကလဲကွာ အတော်ကပ်စေးကုပ်တာပဲ၊ ဘာလို့ရေသန့်ဘူးတွေ မဝယ်ရတာလဲ” “ရေသန့်ဘူးဆိုတာ အဆောင်အယောင်ကွ၊ ဒီကရေဟာ သန့်နေပြီးသားပဲ။ မင်းလိုပေါ့၊ ဂျော်နီဆိုတာ မင်းတောက နာမည်မှ မဟုတ်တာပဲ၊ ဂျော်နီလို့လုပ်လိုက်တာနဲ့ အောင်ဘုဟာ ပြောင်းသွားတာမှ မဟုတ်ပဲ။ ဒါက ပညတ်တွေပါ” “ဟုတ်ပါတယ်။ စာတတ်ပေတတ် မောင်ဘချစ်ရယ်။ ဂျော်နီဆိုတာ ဒီကလူတွေ ခေါ်ရလွယ်အောင်လို့ပါ။ ငါ့ကိုရောက်ခါစက ကေယင်မလေးတွေ  ဘု .. ဘု လို့ခေါ်ရင် လူက ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ သူတို့ရဲ့ ဘု က ဘူး ဘူးလို့ အသံထွက်နေတယ်လေ ဟဲ ဟဲ” “ဒါကတော့ ကုန်ကိုမြင်ရင် အစုန်လား […]


hyperSeptember 25, 20101min1042
ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့ ဝမ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ ၊ စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ် ။ သို့ ကိုယ်လုံး … (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်) ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ) […]


thura.ng2September 24, 20101min1490
တနေ့မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့ အားလုံးကို အရှုံးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဝကိုအရှုံးပေးလိုက်မယ်၊ အလုပ်ကိုအရှုံးပေးလိုက်မယ်၊ မိသားစုဘဝကိုလက်လျှော့လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောထဲကိုထွက်လာခဲ့တယ်။ တောထဲရောက်တော့ နောက်ဆုံးဘာမှဆက်မလုပ်ရသေးခင် ဘုရားသခင်နဲ့ စကားပြောဖို့ သူဆုံးဖြတ်လိုက်တယ်။ ဘုရားသခင်ကိုသူကပြောတယ် “ဘုရားသခင်ခင်ဗျား- ကျွန်တော်ဘဝကို အရှုံးပေးတော့မယ်။ ကျွန်တော်အရှုံးပေးသင့်တယ်လို့ပဲ ကျွန်တော်ထင်တယ်။ အရှုံးမပေးသင့်ကြောင်း သက်သေတစ်ခုတောင် ဘုရားသခင်ကျွန်တော့်ကို ပေးစရာမရှိဘူးမဟုတ်လား…” လို့မေးလိုက်တယ်။ ဒါနဲ့ဘုရားကပြန်မေးတယ်တဲ့။ “အသင့်အနားမှာ ရေညှိပင်တစ်ပင်နဲ့ ဝါးပင်တစ်ပင် တွေ့သလား” တဲ့။ သူကတွေ့ကြောင်းပြောတဲ့အခါမှာ ဘုရားက …. “အိုလူသား။ အဲဒီရေညှိပင်နဲ့ ဝါးပင်ကို စပိုျးတုန်းကအတူတူပဲ။ အစေ့နှစ်မိုျးကို ညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။ တူညီတဲ့မြေဩဇာနဲ့ နေရောင်ခြည်ကိုပေးတယ်။ သိပ်မကြာခင်မှာ ရေညှိပင်လေးပေါက်လာတယ်။ မြေပေါ်မှာပေါက်လာပြီး မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ ဝါးစေ့ကလေးကတော့ ဘာမှဖြစ်မလာပါဘူး။ ဒါပေမယ့် ငါသူ့အပေါ်မှာ စွန့်လွှတ်အရှုံးမပေးခဲ့ပါဘူး။ ဆက်ပြီးရေလောင်းခဲ့ပါတယ်။ တစ်နှစ်လောက်ကြာတဲ့အခါမှာ […]


မမေလးSeptember 22, 20101min1151
ညဘက်တွင် အိပ်ကောင်းခြင်း အိပ်ပျော်စေသည့်အချက် ရှာတွေ့ ဗြိတိန်သိပ္ပံပညာရှင်တို့က ညအိပ်သည့် အချိန်တွင် အိပ်ကောင်းခြင်း အိပ်ပျော်စေသည့် အဓိက အချက်ကို ရှာဖွေဖော်ထုတ်ခဲ့ကြောင်း သိရသည်။ သိပ္ပံပညာရှင် တို့၏ ဖော်ပြချက်အရ လူတို့၏ ဦးနှောက်တွင်းရှိ ဦး နှောက်လှိုင်း ပေါက်ကွဲမှုက လျှပ်စစ်ဓာတ် ဆိုင်ရာစေ့ဆော်မှုကို ဖြစ်စေခြင်း ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ဦးနှောက်တွင်းရှိလှုပ်ရှားမှုက အသံဗလံများ ကို စစ်ထုတ်ပေးသည့်အတွက် အချို့သူများကို ကောင်းစွာ အိပ်ပျော်စေခြင်း ဖြစ်သည်ဟုဆိုသည်။ ဦးနှောက်လှိုင်းများသည် အသံဗလံများကို စိတ်ထဲ တွင် ပေါ်လာစေရန် စဉ်းစားပေးသည့်လက္ခဏာ ဖြစ်လေရာ ထိုအသံဗလံများက အိပ်မပျော်ခြင်းကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။ ဦးနှောက်က ိုချော့ပေးခြင်းသည် လျှပ်စစ်ဓာတ်ဆိုင်ရာ လှုပ်ရှားမှုကို ပိုမိုဖြစ်ပေါ်စေပြီး အိပ်ရေးဝအောင် အိပ်ပျော်စေခြင်းဖြစ်ကြောင်း သုတေသီ တို့က ပြောကြားခဲ့ကြသည်။ အချို့သော […]


စာကိုယ်ထဲမှာ လက်ခံသူ အီးမေးလ် လိပ်စာတွေ ပါဝင်တဲ့ အီးမေးလ်တွေ သင် လက်ခံရရှိပါသလား။ သင် လက်ခံရရှီမယ်လို လောင်းရဲပါတယ်။ အဲဒါက စိတ်ပျက်စရာ မကောင်းဘူးလား။ အောက်ပါ အချက် နှစ်ချက်ကို ကြိုးစားကြည့်လိုက်ပါ။ သင့် Junk အီးမေးလ် တစ်ချို့ကို လျော့နည်းဖို့ အဲဒီ အချက် နှစ်ချက်က ကူညီပေးပါလိမ့်မယ်။ စာများကို Forward လုပ်တဲ့ အခါ စာကိုယ်ကို အီးမေးလ်အသစ်ထဲ Cut ( Ctrl + C ) နဲ့ Paste ( Ctrl + V ) လုပ်ပေးပါ။ နောက်တစ်ချက်က အီးမေးလ် အများအပြားကို ပို့ချင်တဲ့ အခါ အီးမေးလ် လိပ်စာများကို To […]


BurmaSeptember 16, 20101min650
မယားဆယ်ယေါက်လောက်ထိန်းရတဲ့ဘဝဘယ်လေါက်ပင်ပန်းလဲ သူ့မိန်းမတယေါက်တေါင်သူမနိုင်တဲ့ငါ့သခင် ငါ့ကိုကျတေါ့ကြက်မတအုပ်ကြားမှာလွတ်လို့ သဘါဝတရားကိုမြတ်နိုးလွန်းတယ်ဆိုတဲ့လူတွေလေ ပုလင်းကွဲကြီး ကိုကိုင်ပြီးငါ့အက်တွေကိုချွန်နေတယ် ဘါလဲ မင်းတို့ပါးစပ်ထဲကရေနဲ့မူတ်လို့လန်းဆန်းမယ်ထင်လါး အါပုတ်စေါ်တေါင်နံသေးတယ် တခြီခွပ် ပြီးလို့နားမယ်ပဲကြံသေးတယ် ဇောက်ထိုးထါးပြီးငါ့လည်ပင်းကိုရိုက်တယ် ချွဲထုတ်တါတဲ့ တေါ်တေါ်ပေါက်ကရနိုင်တဲ့ ပညာရှိတွေပဲ အိမ်ဘေးနား ကလူကငါ့ ကိုကြည့် ပြီးတေါ့ပြောသေးတယ် မနက်ခင်းမှာခြံစည်းရိုးပေါ်တက်ပြီး အတေါင်တွေ တဘုန်ဘုန်းရိုက်ပြီင်္း အေါက်အီးအီင်္းအွတ်လို့အေါ် တဲ့ငါ့ရဲ့လွတ်လပ်မူ့မျိုးသူလိုချင်တယ်တဲ့ ငါ့မျက်နှာမှာအိုးမဲသုတ်ပြီး ငါ့ညီနဲ့ပြန်ခွပ်ခိုင်းတဲ့နေ့က ရင်ဘတ်ဗလါဖွင့်ပြီး ခေါင်းငုံ့ပေး ခဲ့တဲ့ ငါ့ရဲ့စိတ်ဓါတ်ကိုတေါ့မလေးစါးပဲ သေါက် သုံးမကျ တဲ့ကြက်လို့ပြောပြီးသူ့ပိုက်ဆံတွေကိုသူများကိုပေးလိုက်တယ် ်တေါ်တေါ်နားလည်ရခက်တဲ့လူတွေပဲ သူတို့ပြောတါကတေါ့မင်းကလက်ခုပ်သံကြားမှာနေတဲ့ကြက်တဲ့ ငါ့သခင်ကတေါ့ ငါ့ကိုဖေ့သါးကြီးခေါ်လိုက် သူတေါင်းစါး ဆဲလိုက်နဲ့ သူမိန်းမကတေါ့ ပါတိတ်ဝယ်လိုက် ဆွဲကြိုးပေါင်လိုက်နဲ့ သူ့ရဲ့အိပ်ကပ်ကြီးကတေါ့ဖေါင်းလိုက်ပြားလိုက် ဘါလဲတေါ့မသိဘူး ငါဝိုင်းထဲရောက် ရင်ဆဲတဲ့လူကဆဲလို့ အါးပေးတဲ့လူကအါးပေးလိုက်နဲ့ ထွီ လူတွေအကြောင်းစဉ်းစါးရင်းနဲ့ပဲကျွန်တေါ်ဒီနေ့မနက်တွန်ဖို့မေ့သွါးခဲ့တယ် Forward မေးလ်မှ ကဗျာလေးအား Share လိုက်ပါသည်။


Good IdeaSeptember 16, 20101min710
ဆရာခင်ဗျား တစ်ခုလောက် တောင်းဆိုပါရစေ။ ပရုပ်ဆီ နဲ့ပက်သက်ပြီး သိချင်လို့ပါ။ မြန်မာမှာက လူတန်းစား အမျိုးမျိုးက ပုရုပ်ဆီကို အလွယ်ပဲ သုံးတတ်ကြပါတယ်။ ဥပမာ- ပုရွက်ဆိတ်ကိုက်ရင် တစ်ချို့ကလည်း ပုရုပ်ဆီ လိမ်းခိုင်းတယ်၊ တစ်ချို့ကလည်း မလိမ်းသင့်ဘူးပြောတယ်။ လည်ပင်းနာရင် ပုရုပ်ဆီမြိုချရင် သက်သာတယ် ပြောကြတယ်၊ မလုပ်သင့်ဘူး လို့လည်း ပြောကြတယ်။ ကြားဘူးနားဝနဲ့ ပုရုပ်ဆီကို အလွယ်ပဲ သုံးနေကြတာ များပါတယ်။ အဲဒါလေးနဲ့ ပက်သက်ပြီး ပုရုပ်ဆီရဲ့ ကောင်းကျိုး ဆိုးကျိုး၊ ဆောင်ရန်၊ ရှောင်ရန် ဗဟုသုရစေရန် အလို့ဌာ ပိုစ့်တစ်ပုဒ်လောက် ဆရာ အချိန်ရရင် ရေးပေးစေလိုပါတယ်။ မေးတာကို ကျေးဇူးတင်ပါတယ်။ မှန်တယ်ဗျ။ ကျွန်တော်တို့ အရင်ကတည်းက လူကြီးသူမတွေဆိုရင် ပရုပ်ဆီ မရှိရင် နေမဖြစ်ဘူး ပြောရသလောက်ဘဲ။ ၉၆ […]


Good IdeaSeptember 16, 20101min720
မူးယစ်ဆေး ရောင်းနေတယ်လို့တော့ မထင်ပါနဲ့ဗျာ ဒီနေ့ လူငယ်ထု အတွင်းမှာ ရေပန်းအစားဆုံး နတ်ဒေဝီလေး တစ်ပါးအကြောင်း ပြောပြ ချင်လို့ပါ။ သူ့နာမည်ကတော့ Ecstacyတဲ့။ ဒီနေ့မှာတော့ လူငယ်လူရွယ် ဆင်းရဲမရွေး ချမ်းသာမရွေး သူ့ကို ချစ်ကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ သူ့ကို အီး(န)လို့ ခေါ်ကြ ပါတယ်။ ခေါင်းလှုပ်ဆေး လို့လည်း ခေါ်ကြပါတယ်။ သူကို ခုကျွန်တော်နေထိုင်နေတဲ့ မလေးရှားနိုင်ငံ မှာတော့ စိတ်ကြွမူးယစ်ဆေးလို့ကို မယူဆတော့ဘူး။ သူတို့အတွက် ဒီဆေးဟာ နိုက်ကလပ်တွေ၊ဒစ်စကိုကလပ်တွေမှာ လူတိုင်းသုံးစွဲနေကြတဲ့ အရာတစ်ခုလို ဖြစ်နေတယ်။ ဒီလိုစိတ်ကြွ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်ကို ၁၉၉ဝ ပြည့်နှစ်တွေမှာ စပြီးတော့နယ်စပ်ဒေသတွေကနေ မန္တလေးကို စဝင်လာပါတယ်။ အဲဒီအချိန်တုန်းက ဗမာပြည်အောက်ပိုင်းဒေသတွေမှာ ဒီလို စိတ်ကြွ မူးယစ်ဆေးဝါးတွေ ခေတ်မစားသေးပါဘူး။ အဲဒီအချိန်လောက်တုန်းကဆိုရင် […]


သူဌေး— “ဘာ… ခွင့်တစ်ရက်ယူချင်တယ် ဟုတ်လား? တစ်နှစ်မှာ(၃၆၅)ရက် အလုပ်လုပ်လို့ရတယ်။ တစ်နှစ်မှာ(၅၂)ပတ်ရှိတဲ့အထဲ တစ်ပတ်မှာ(၂)ရက် မင်းအနားရတော့ (၂၆၁)ရက်ပဲ မင်းအလုပ်ချိန်ကျန်တယ်။ တစ်ရက်မှာ (၁၆)နာရီ မင်းအလုပ်မလုပ်ဘူး။ တစ်ရက်(၁၆)နာရီနဲ့ တစ်နှစ်မှာ ရက်(၁၇ဝ)နုတ်တော့ မင်းအလုပ်ချိန်က (၉၁)ရက်ပဲကျန်တယ်။ တစ်ရက်ကို မိနစ်(၃ဝ) မင်းကော်ဖီသောက်တယ်။ ဒီလိုနဲ့ (၄၆)ရက်နုတ်လိုက်တော့ မင်းအလုပ်ချိန်က (၂၂)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ (၂)ရက်လောက် မင်း ဆေးခွင့်ယူသေးတယ်။ ဒီလိုဆိုတော့ မင်းအလုပ်ချိန်က (၂ဝ)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ အထိမ်းအမှတ်ပွဲ၊ ရုံးပိတ်ရက်တွေက (၅)ရက်လောက်ရှိတယ်။ ဒါနဲ့ အလုပ်ချိန်က (၁၅)ရက်ပဲကျန်တယ်။ ကုမ္ပဏီက တစ်နှစ်မှာခွင့်(၁၄)ရက် သတ်မှတ်ပေးထားတယ်။ နောက်ဆုံးတော့ မင်းအလုပ်ချိန်က (၁)ရက်ပဲကျန်တယ်။ ဒါနဲ့များ မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။ ဟုတ်လား?” သူဌေး


တစ်နေ့…. ကောင်လေးတစ်ယောက် စတိုးဆိုင်လေးမှာ ဆိုဒါ လာဝယ်တယ်.. ဝယ်ရင်းနဲ့ ဖုန်းတစ်ခါလောက် ခေါ်ခွင့်ပြုဖို့ ဆိုင်ရှင်ကိုခွင့်တောင်းတယ်.. ဆိုင်ရှင်က ဖုန်းဆိုင်မဟုတ်ကြောင်း သို့သော် တစ်ခေါက်တော့ ခေါ်ခွင့်ပြု မည်ဖြစ်ကြောင်း ပြန်ပြောပါတယ်.. ဆိုင်ရှင်က ကောင်လေးဖုန်းပြောသံကို နားထောင်နေတယ်.. ကောင်လေးက တစ်ဘက်က အဒေါ်ကြီးတစ်ယောက်နဲ့ပြောနေပုံရတယ်.. ” အဒေါ်ခင်ဗျား.. အဒေါ့်ခြံထဲက မြက်ခင်းရိတ်တဲ့အလုပ် ကျွန်တော့်ကိုပေးပါလားခင်ဗျာ…“ တစ်ဘက်က ပြန်ပြောတယ်.. ” တို့က တစ်ခြားတစ်ယောက်ကို အလုပ်ခန့်လိုက်ပါပြီကွယ်…” ” အဒေါ်ရယ် ..ကျွန်တော် အဒေါ့်ခြံကို အဒေါ် စိတ်တိုင်းကျဖြစ်အောင် ကြိုးစားပြီး ရိတ်ပေးပါမယ်.. ဈေးကိုလဲ အခုလက်ရှိ လုပ်ပေးနေတဲ့သူ ယူတဲ့ဈေးနှုန်းရဲ့ တစ်ဝက် ဈေးဘဲ ကျွန်တော်ယူပါ့မယ်..” တစ်ဘက်ကလဲ ပြန်ဖြေပါတယ်… အခုလက်ရှိ သူ့ခြံကို ရိတ်ပေးနေတဲ့သူဟာ သူ့ စိတ်တိုင်းကျ […]