July 28, 20131min48136
နှောက်ပြီတော်။ သိန်းတရာမကတန်တဲ့ မိန်းမလျာဘဝမှာ ဒါမျိုးတွေကိုမကြောက်လို့ ရွာတကာလှည့်ပြီးတော့ လျှောက်နေတဲ့ မဟာမျိုးအခြောက်တွေဆိုပြီး ပြောသွားတဲ့ အရိုင်းတို့ မြင့်မြတ်တို့ရဲ့ အသံလေးတွေကို နားထောင်ရင်းနဲ့ ပြုံးနေမိပါရဲ့။ ဒီနေ့ ပျင်းပျင်းရှိတာနဲ့ မကြည့်တာကြာပြီဖြစ်တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားလေးတွေကို ဘားမိကလပ်စစ် အင်တာနက်ဝက်ဘ်ဆိုဒ်မှာ လိုက်မွှေကြည့်နေမိတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကနေအစ အခုနောက်ပိုင်း ကြည့်မိလိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်း တော်တော်များများက ဂေးတွေနဲ့ ပတ်သက်တဲ့ အချစ်ဇာတ်ကားပဲ ရှာဖွေကြည့်မိတာ အကျင့်တစ်ခုပဲ ပါလာလို့လားတော့ မသိဘူး။ အခုလည်း မျက်လုံးက ကန့်ကန့်သတ်သတ်နဲ့ ရှားရှားပါးပါး နှောက်ပြီ ဆိုတဲ့ ဇာတ်ကားလေးကို သွားတွေ့မိတယ်။ မြန်မာပြည်မှာက မိန်းမလျာ ယောက်ျားလျာ ဇာတ်လမ်းတွေဆိုရင် နောက်ဆုံးအဆုံးသတ်မှာ မိန်းမလျာက ယောက်ျား ပြန်ဖြစ်သွားပြီးတော့ မိန်းမယူလိုက်တာတွေ၊ ယောက်ျားလျာဆိုရင်လည်း မိန်းမတယောက်အနေနဲ့ ယောက်ျားနဲ့ ပြန်ပေါင်းဖက်တာတွေ၊ ဒါမှမဟုတ်ရင် […]


PhyoSeptember 6, 20101min28415
ဇာတ်လမ်းနာမည် – Jihad for Love ဒါရိုက်တာ – Parvez Sharma ထုတ်လုပ်သူ – Sandi Simcha DuBowski, Parvez Sharma ထုတ်လုပ်သည့်နိုင်ငံ – (U.S.) ကြာမြင့်ချိန် – 81 min ဘာသာစကား – အင်္ဂလိပ်၊ အာရပ်၊ ပါရှန်း၊ အူဒူ၊ ဟိန္ဒူ၊ ပြင်သစ်၊ တူရကီ (အင်္ဂလိပ်စာတန်းထိုး) ဒီဇာတ်ကားလေးကိုတော့ အစ္စလာမ်ဘာသာဝင် ချစ်ညီ ညီမလေးတွေအတွက် ရည်ရွယ်ပြီး တကူးတက မရမကရအောင် ရှာဖွေပြီးတော့ တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်း မပြောခင် ဒီဇာတ်လမ်းရေးဖို့ ဖြစ်လာရတဲ့ နောက်ခံ အကြောင်းလေးကို နည်းနည်း ပြောပါရစေ။ တခါက ကျနော့်ရဲ့ အစ္စလာမ် ဘာသာဝင် […]