image0234.jpg

panpanOctober 12, 20103min880
ကမာ္ဘမှာ အမြင့်ဆုံးတံတားကြီးပါ။ ပေ ၁၀၀ဝ ကျော်မြင့်ပြီး ပေ ၈၀၀ဝ ကျော်ရှည်ပါတယ်။ မေးလ်ထဲကကူးပြီးတင်ထားတာပါ။ ပုံတွေuploadလုပ်ရတာ (connection မကောင်းလို့) တစ်မနက်လုံးကုန်ရော။


zaylayJune 13, 20101min541
ငယ်စဉ်ကတည်းက အစပြုခဲ့တဲ့ နင်နဲ့ငါရဲ့ သံယောဇဉ်က ခိုင်မြဲလွန်းခဲ့တယ်. ကျောင်းသွား ကျောင်းပြန် အတူမခွဲပဲ ငါတို့ နှစ်ယောက် အမြဲ တစ်တွဲတွဲ ရှိနေခဲ့ကြတယ်လေ. ရိုးစင်းလွန်းတဲ့ နင့်မျက်နှာက သိ်ပ်ကို အပြစ်ကင်းလွန်းပါတယ်။ ငါ့တို့ခြံထဲမှာ အတူကစားရင် ကြီးပြင်းလာခဲ့တဲ့ နင်နဲ့ငါ ကျောင်းဖွင့်ရက်တွေမှာ အမြဲအတူ ကျောင်းသွား၊စာကျက်ကြသလိုပဲ. ကျောင်းပိတ်ရက်တွေမှာလည်း တောင်ပေါ်တတ်ပြီး စွန်လွှတ်ခဲ့ကြတယ်လေ. ညနေခင်းတိုင်းမှာ ဆရာခေါ်တမ်း Chess ထိုးကျတာတွေ၊ အိုးမဲသုတ်တမ်း Poker ဆော့ရင် ဖဲခိုးတတ်တဲ့ ငါ့အကျင့်ကြောင့် ဒေါသထွက်တဲ့ နင့်မျက်နှာ… အိုးမဲတွေနဲ့ ညစ်ပေကုန်မှ ရေချိုးတတ်ကြတဲ့ နင်နဲ့ငါအကြောင်းတွေ ပြန်တွေးမိလိုက်တိုင်း အလွမ်းတွေနဲ့ ပြုံးမိနေဆဲပါပဲ။ ကြာခဲ့ပြီဆိုပေမယ့် နင်ဆိုပြတဲ့ သီချင်းတွေကို မှတ်မိနေသေးတယ်. ညဘက်တွေမှာ နင်တို့ အိမ်နောက်က ခုံတန်းကြီးပေါ်မှာ ဂီတာတတ်တဲ့နင့်ဝါသနာနဲ့ အသံဗြဲကြီးနဲ့ […]


zaylayJune 13, 20101min500
အရမ်းကိုမျှော်လင့်ခဲ့ရတဲ့ မေမေ့ဆီက ချစ်ခြင်း.. ဂရုစိုက်ခြင်း… နဲ့ နွေးထွေးခြင်းတွေ မရနိုင်ခဲ့တော့ ကိုယ့်ကို နွေးထွေးမှု ဂရုစိုက်မှု ချစ်ခင်အလေးပေးမှုတွေ ပေးလာတဲ့ လူတွေ့ရင် သံယောဇဉ်တွယ်တတ်ခြင်းတွေနဲ့ အသားကျခဲ့တဲ့ မေမိုးဘဝထဲကို အမှတ်မထင်လူတစ်ယောက် ဝင်လာခဲ့ပါတယ် …….KKMA…… မေမိုးနားကို ချဉ်းကပ်လာတဲ့ သူစိမ်းယောကျာ်းတွေထဲမှာ မေမိုး စိတ်မဝင်စားဆုံး ယောကျာ်းတစ်ယောက်ပေါ့ ဒါပေမယ့် သူ…. မေမိုးကို အရမ်းချစ်ပြီး အရမ်းဂရုစိုက်တယ် မေမိုးအမြဲလိုချင်နေခဲ့တဲ့ နွေးထွေးမှု ကြင်နာမှုတွေ ပေးနိုင်တဲ့လူတစ်ယောက်ပေါ့ ဒါဟာ…… ကံကောင်းခြင်းလား……..? ကံဆိုးခြင်းလား……. ? မေမိုး သူ့ကို အမျိုးမျိုး စမ်းသပ်ခဲ့ပါတယ်… တကယ်ချစ်ခဲ့တာလား…. ဟန်ဆောင်ကောင်းခဲ့တာလား…. အခုထိ မေမိုး မသိသေးပါဘူး ပိုင်ဆိုင်ချင်တာ အချစ်ဆိုရင်…… ကိုယ့်ဘဝထဲမှာရှိနေစေချင်တာ အချစ်ဆိုရင်….. မေမိုးသူ့ကိုချစ်ခဲ့ပါတယ် မေမိုးကို အရမ်းဂရုစိုက်ပြီး အရမ်းချစ်တဲ့ […]


zaylayJune 13, 20101min741
တစ်ခါက ပညာရှိသူဌေးကြီးတစ်ဦးအိမ်မှာ အလုပ်ဝင်နေတဲ့ ညစောင့်တစ်ဦးရှိတယ်တဲ့..တစ်နေ့ ညစောင့်က သူဌေးကြီးကို ညက သူအိမ်မက်မက်တဲ့အကြောင်းး… အိမ်မက်ထဲမှာ ဓါးပြတွေက သူဌေးကြီးအိမ်ကိုဝင်ပီး လုယက်သွားကြောင်း ပြောပြသတင်းပေးတယ်တဲ့… သူဌေးကြီးလဲ… လုံခြုံရေးကိုတင်းကျပ်အောင်ချ. သူ့တပည့်တပန်းတွေကို ပိုမိုခေါ်ယူပီးး ကာကွယ်စေတာပေါ့. ………..ဒီလိုနဲ့………. ညသန်းခေါင်းချိန်လဲရောက်ရော….ညစောင့်ကြီးပြောပြတဲ့ သူအိမ်မက်ထဲကအတိုင်း ဓါးပြတစ်စုက တကယ်ဝင်ရောက်လာဒယ်တဲ့.. ဒါပေမယ့် သူဌေးကြီးက လုံခြုံရေးကို အရင်ကထက် ပိုမိုတင်းကြပ်အောင် ကြိုတင်လုပ်ထားနိုင်ခဲ့တဲ့အတွက် ဓါးပြတွေရန်က လွတ်မြောက်သွားသတဲ့ ဒီလိုနဲ့………. နောက်နေ့မနက်ရောက်တော့ သူဌေးကြိးကသူ့တပည့် ညစောင့်ကြီးကိုခေါ်ပီးး သတင်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းးးပြော…ဆုချိီးမြင့်ပီး အလုပ်ပါထုတ်ပစ်ခဲ့သတဲ့ ကဲ……. သူဌေးကြီးး ဘာကြောင့် ညစောင့်ကြီးကို အလုပ်ထုတ်ပစ်ခဲ့တာလဲ ညစောင့်ကြီးး မှာ ဘာအပြစ်ရှိလို့လဲ……….??? အဖြေကို စဉ်းစားလိုက်ကြစို့……… ရောင်းရင်းတို့ရေ ecue


zaylayJune 13, 20101min651
ပထမအကြိမ်တုန်းကတော့ ပညာစမ်းတဲ့သဘောနဲ့ အလွယ်လေးးမေးခဲ့ဒယ်… ဒုတိယအကြိမ်မှာတော့ ရမလားလို့ မိတ်ဖြစ်ဆွေဖြစ်လေးး အကြောင်ရိုက်ခဲ့ဒယ်… ဟိဟိ အခု… တတိယအကြိမ်……. ဒီတစ်ခါထပ်ပီး ပေါက်ကရမေးရင် ချောကလက်တွေ ထရိုက်တော့မယ့်အရေးးး ကြိုကာတွေးမိလို့ အတည်ပေါက်ပဲ မေးတော့မယ်……….. ကြိုးစားကြည့်ပါဦးးကွယ် 😛 သယ်ရင်းးးတို့ရေ…. မေးခွန်းစည်းကမ်းလေးးကတော့ အရင်ကအတိုင်းပဲ… တစ်ခါတည်းဖတ်ပီးးး တစ်မိနစ်အတွင်းဖြေပါနော်…. မေးခွန်းလေးးကတော့ ဒီလိုပါကွယ်… 😛 “ဆံပင်တစ်မွေးးးးမှ မရှိတဲ့ ကတုံး၅ယောက်…. ရိုးရိုးသာမန်ခေါက်ထီးတစ်ချောင်းကို လုဆောင်းနေကြဒယ်။ ဒါပေမယ့် သူတို့ရဲ့ဆံပင်တစ်မွေးးးးးတောင် မိုးရေမစိုဘူးးး” ……………ကဲ…………. အဲဒါဘာကြောင့်လဲ – – – – – – ဟိုးးးးးးး ခန ! ဖြေပါလို့ မပြောရသေးဘူးးနော် စိတ်လောပီးးး “ကတုံးပါဆို……… ဆံပင်မှ မရှိတာ ဒီတော့ ဘယ်လိုလုပ်ဆံပင်က စိုမလဲ” […]


zaylayJune 13, 20101min700
ကျွန်တော် ခြံထဲဆင်းပြီး စာအုပ်ဖတ်နေတုန်း နဘေးကို ခဲတစ်ကျလာသဖြင့် ဘယ်ကခဲလဲဟု သတိထားကြည့်ဖြစ်တော့ သရက်ပင်ကို ခဲနဲ ့ပစ်ပေါက်နေတဲ့ သမီးကိုတွေ ့ရတယ်။ “ သမီးခဲမဆော့နဲ ့လေ မတော်ခေါင်းပေါ်ကျနိုင်တယ် သမီးရဲ ့ “ “ သမီး သရက်သီးစားချင်တယ် ဖေဖေ “ ၅နှစ်အရွယ်သာရှိသေးတဲ့ ကျွန်တော့်သမီးက အပင်ပေါ်က သရက်သီးကိုစားချင်တယ်ဆိုတော့ သမီးကိုချစ်တဲ့ ကျွန်တော် ဖတ်လက်စစာအုပ်ကိုဘေးချပြီး သရက်ပင်ခြေရင်းရင်းမှာထောင်ထားတဲ့ မီးချိတ်ကိုယူပြီး ခူးဖို ့ပြင်တယ်။ အပင်ကမြင့်တော့ တုတ်တရမ်းရမ်းနဲ ့အချိန်သာကုန်နေပြီး သရက်သီးတစ်လုံးမှ မရဖြစ်နေတယ်။ “ ကိုအောင် ဘာလုပ်နေတာလဲကွ “ “ အော် .. အဖေ .. အဖေ့မြေးက သရက်သီးစားချင်လို ့တဲ့ အဲဒါခူးပေးနေတာ “ အနားရောက်လာတဲ့ […]


zaylayJune 13, 20101min660
ငါးစိမ်းတစ်ကောင် အပေါင်ထားလို ့ ကြောင်ဝါးတဲ့ ငါးကြော်တစ်ကောင်ကိုမှခုံမင်ရင်း ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ခဲ့တယ် ။ ဒုက္ခဆိုတာ တကယ်တော့ အချိုမြိန်ဆုံးသစ်သီးတစ်လုံး သုံးတတ်ရင်ဆေးဖက်ဝင်တယ်တဲ့ ။ အချိန်ဆိုတာ ငါ့အတွက်တော့ ဧရာမ မက်လုံးတစ်ခု တယုတယနဲ ့ ထွေးပိုက်ထားတယ် ။ ကိုယ့်သမုဒ္ဒရာကိုမှ ကိုယ်မေ့ ( ဦးပေါ်ဦးရဲ ့လက်တွေကိုလည်းမေ့လို ့) အတ္တအရှိန်အဝါတွေနဲ ့ ရင်ပြည့် အနာဂတ်နေ ့တွေအတွက် အဓိဋ္ဌာန်ဝင်ခဲ့တယ် ။ အဲသလို .. နေထိုင်ရင်းက ဝါသနာကို နာရီနည်းနည်းနဲ ့ နှမြော တ သစွာဖဲ့မြည်း ရုတ်ချည်းထွက်ကျလာတဲ့ အန်ဖတ်တစ်ချို ့ အင်တာနက်တင်ဖို ့မလို ကိုယ့်ဘာသာကိုယ် ပြန်မြိုချလိုက်တယ် ။ ဒါပေမယ့် … အစိမ်းချုပ်ထားတဲ့ ဒါဏ်ရာ […]


zaylayJune 13, 20101min860
– ပြန်မလာတော့မယ့်လမ်းမှာ အလွမ်းပန်းတွေ ခေါင်းငိုက်စိုက်ချ နေ ့ဖြစ်လိုက် ညဖြစ်လိုက် သောကတွေ ဖုန်ထူထူထလို ့ တစ်ဘဝလုံးကို လွှမ်းခြုံ မံမီရုပ်တစ်ရုပ်လို လှုပ်မရတော့ဘူး ဖြူရေ … ၊ – ဟိုတုန်းက တိုင်တည်တည်ခဲ့တဲ့ ကတိစကား ခွဲမသွားကြေးဆိုတဲ့ နိမိတ်အလှတွေကို အနိစ္စက အတည်မပြုခဲ့ဘူးကွယ် … ၊ – ရေခြား မြေခြား အနေခြားလို ့ လေဆိုတဲ့ အသံကြားရုံနဲ ့ ကြွေရမယ့် ပန်းဘဝမှာ အညှာလည်းကျိုး အပွင့်ညှိုးလို ့ တိုးတိုးလေးတောင်မှ နှုတ်ဆက်ခွင့်မရလိုက်တာ ရင်နာတယ် … ၊ – ကျရတဲ့ မျက်ရည် မလှပတဲ့ ရက်တွေ တစ်ပွေ ့တစ်ပိုက်နဲ ့ ဋ္ဌာနေကို အပြီးတိုင် […]


zaylayJune 13, 20101min560
အိမ်သူသက်ထားက ဆီတစ်ဆယ်သားလောက် ထွက်ဝယ်ပေးပါဆိုတာနဲ ့ လမ်းထိပ်က ကုန်စုံဆိုင်လေးဆီရောက်ခဲ့တယ်။ ရောက်မဆိုက်ပါပဲ ဆိုင်ရှင် ဒေါ်တင်မြရဲ ့ ဗျစ်တောက်ဗျစ်တောက်အသံကို ကြားလိုက်ရတယ်။ “ ဟဲ့ ဒီကောင်လေး ဘယ်တော့ပြောပြော အမှတ်မရှိဘူး အိုးကပ်ခွက်ကပ်တွေ လူးမစားပါနဲ ့ဆိုတာ ဘယ်နှစ်ခါပြောရမလဲ ငါလုပ်ထည့်လိုက်ရရင်တော့ ဟင်း “ “ ဒေါက် “ “ ဟီး “ လက်မြန်ခြေမြန်ရှိသောဒေါ်တင်မြက ပါးစပ်ကလည်းပြော လက်ကလည်း ဒယ်အိုးတစ်လုံးတွင် ထမင်းကြမ်းများ လူးနယ်၍ စားနေသော သားတော်မောင် ဖိုးတုတ်၏ခေါင်းကို ခေါက်လိုက်သေးသည်။ “ ဒေါ်တင်မြ ဘာဖြစ်လို ့လဲဗျ “ “ အော် စာရေးဆရာပါလား .. ကျမသား ဖိုးတုတ်ပေါ့ အိုးကပ်ခွက်ကပ်တွေ မစားပါနဲ ့ဆိုတာ အမြဲပြောနေရတယ် […]