အနှိုင်းမဲ့

zaylayJune 13, 20101min480

ကျွန်တော် ခြံထဲဆင်းပြီး စာအုပ်ဖတ်နေတုန်း နဘေးကို ခဲတစ်ကျလာသဖြင့် ဘယ်ကခဲလဲဟု သတိထားကြည့်ဖြစ်တော့ သရက်ပင်ကို ခဲနဲ ့ပစ်ပေါက်နေတဲ့ သမီးကိုတွေ ့ရတယ်။

“ သမီးခဲမဆော့နဲ ့လေ မတော်ခေါင်းပေါ်ကျနိုင်တယ် သမီးရဲ ့ “

“ သမီး သရက်သီးစားချင်တယ် ဖေဖေ “

၅နှစ်အရွယ်သာရှိသေးတဲ့ ကျွန်တော့်သမီးက အပင်ပေါ်က သရက်သီးကိုစားချင်တယ်ဆိုတော့ သမီးကိုချစ်တဲ့ ကျွန်တော် ဖတ်လက်စစာအုပ်ကိုဘေးချပြီး
သရက်ပင်ခြေရင်းရင်းမှာထောင်ထားတဲ့ မီးချိတ်ကိုယူပြီး ခူးဖို ့ပြင်တယ်။

အပင်ကမြင့်တော့ တုတ်တရမ်းရမ်းနဲ ့အချိန်သာကုန်နေပြီး သရက်သီးတစ်လုံးမှ မရဖြစ်နေတယ်။

“ ကိုအောင် ဘာလုပ်နေတာလဲကွ “

“ အော် .. အဖေ .. အဖေ့မြေးက သရက်သီးစားချင်လို ့တဲ့ အဲဒါခူးပေးနေတာ “

အနားရောက်လာတဲ့ အဖေက အပင်ကိုမော်ကြည့်ပြီး

“ ဒီလောက်မြင့်တာ ဘယ်ခူးလို ့ရမှာလဲကွ မင်းကြည့်ရတာ ပင်ပမ်းပါတယ်ကွာ ငါအပင်ပေါ်တက်ခူးပေးမယ် “

ပြောပြောဆိုဆို အဖေက ခါးတောင်းကျိုက်၍ အပင်ပေါ်တက်ရန်ပြင်နေသည်။

“ ဖြစ်ပါ့မလား အဖေရာ အပင်ကမြင့်တယ်နော် “

“ ငါကတောမှာကြီးလာတဲ့ကောင်ပါ မင်းလိုမြို ့မှာမွေး မြို ့မှာကြီးတဲ့ ပျော့တိပျော့ဖတ်ကောင်များထင်နေလို ့လား “

“ အာ .. အဲလိုပြောတာမဟုတ်ပါဘူး အဖေကလဲ အဖေတစ်ခုခုဖြစ်မှာစိုးလို ့ စိုးရိမ်ပြီးပြောတာပါ “

“ ဖိုးဖိုး အလုံးကြီးကြီးလေးနော် “

သမီးက သူလိုချင်တာပဲပြောနေသည်။

“ ဟဲ့ ငအောင် နင့်အဖေကို ဒီလိုမတက်ခိုင်းနဲ ့လေ လှေကားနဲ ့တက်ခိုင်ပါလား အိမ်ဘေးမှာ ရှိတယ်သွားယူ “

ရုတ်တရက်ရောက်လာ အဖွား၏စကားကြောင့် ကျွန်တော်လည်း အိမ်မှာလှေကားရှိမှန်း သတိရမိတော့သည်။

လှေကားအမြန်ပြေးယူပြီး သရက်ပင်ခြေရင်းမှာ ထောင်လိုက်တော့ အဖွားက လှေကာနား တုံတုံချိချိဖြင့်ရောက်လာပြီး

“ သား လူလေး ဖြေးဖြေးတက်နော် အမေကိုင်ထားပေးမယ် “

တဲ့ ။

အဖွားရဲ ့မျက်လုံးတွေကို ကျွန်တော် သတိထားကြည့်လိုက်မိသည်။

အဖွားမျက်ဝန်းမှာ သူ ့သား ကျွန်တော့်အဖေအတွက် စိုးရိမ်မှုတွေ ပူပန်မှုတွေ ပြည့်နှက်လို ့နေသည်။

ဒီနေရာမှာ ကျွန်တော် တစ်ခုရလိုက်တာက ..

အဖွားက အဖေ့အတွက် ၊ အဖေက ကျွန်တော့်အတွက် ၊ ကျွန်တော်က သမီးအတွက် …

အနှိုင်းမဲ့ မေတ္တာတွေ … … …

ဥယျာဉ်မှူးလေး