thit minJanuary 21, 20123min45537
မိတ်ဆက်စကား အားလုံးသော ဝင်ရောက်ဖတ်ရှူ့သူများကို ပထမဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျနော်တို့ ဂေဇက်ဆီမီနာကို ဝိုင်းဝန်းဆွေးနွေးကြတဲ့ အခါ တော်တော်များများဟာ လာဖတ်သွားတယ် ဆိုတာတွေ့ရပါတယ်။ဆီမီနာ -၂ မှာ လာဖတ်သူ ထောင်ကျော်ရှိကြောင်း စာရင်းအရ သိရလို့ လူတထောင် ကျော်တက်သော ဆီမီနာတခုဖြစ်ခဲ့ပါတယ်။(Hits ကိုကြည့်ပါ။) သို့ပေမဲ့ ဝင်ရောက်ဆွေးနွေးသူကတော့ ၆ဝ နဲ့ ၇ဝ ကြားသာရှိခဲ့တာကို ကော်မန့်တွေအရ သိရပါတယ်။ နောက်တခုကတော့ မpadonmar ကခုလို ပြော(ကော်မန့်ပေး)လာပါတယ်။ —————————————————— ဒီ post လေးကို မှော်ဆရာဂရုမှာတွေ့လိုက်ရပါတယ်။ အစိမ်းရင့်ရင့်ဆိုသူလေးက တင်ထားတာပါ။ကြိုက်လို့ share လိုက်တာနေမှာပေါ့။ http://groups.google.com/group/mrsorcerer/browse_thread/thread/ffd897e997ad0040 ကိုသစ်သိအောင် အကြောင်းကြားတာပါ။ ကိုသစ်စာတွေက များများပျံ့နှံ့လေ ကောင်းလေလို့မြင်ပါတယ်။ ——————————————————— ကျနော် ဆိုလိုချင်တာက လူတော်တော်များများက ပြုပြင်လိုစိတ်ရှိတာ၊ပြုပြင်ရမယ်လို့သိလာတာ၊ […]