ဂေဇက်ဆီမီနာ-၃ ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်ခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ဦးစီးဦးဆောင်ပြုခြင်း

thit minJanuary 21, 20123min51137

မိတ်ဆက်စကား

အားလုံးသော ဝင်ရောက်ဖတ်ရှူ့သူများကို ပထမဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။

ကျနော်တို့ ဂေဇက်ဆီမီနာကို ဝိုင်းဝန်းဆွေးနွေးကြတဲ့ အခါ တော်တော်များများဟာ လာဖတ်သွားတယ်

ဆိုတာတွေ့ရပါတယ်။ဆီမီနာ -၂ မှာ လာဖတ်သူ ထောင်ကျော်ရှိကြောင်း စာရင်းအရ သိရလို့ လူတထောင်

ကျော်တက်သော ဆီမီနာတခုဖြစ်ခဲ့ပါတယ်။(Hits ကိုကြည့်ပါ။) သို့ပေမဲ့ ဝင်ရောက်ဆွေးနွေးသူကတော့

၆ဝ နဲ့ ၇ဝ ကြားသာရှိခဲ့တာကို ကော်မန့်တွေအရ သိရပါတယ်။

နောက်တခုကတော့ မpadonmar ကခုလို ပြော(ကော်မန့်ပေး)လာပါတယ်။

——————————————————

ဒီ post လေးကို မှော်ဆရာဂရုမှာတွေ့လိုက်ရပါတယ်။

အစိမ်းရင့်ရင့်ဆိုသူလေးက တင်ထားတာပါ။ကြိုက်လို့ share လိုက်တာနေမှာပေါ့။

http://groups.google.com/group/mrsorcerer/browse_thread/thread/ffd897e997ad0040

ကိုသစ်သိအောင် အကြောင်းကြားတာပါ။ ကိုသစ်စာတွေက များများပျံ့နှံ့လေ ကောင်းလေလို့မြင်ပါတယ်။

———————————————————

ကျနော် ဆိုလိုချင်တာက လူတော်တော်များများက ပြုပြင်လိုစိတ်ရှိတာ၊ပြုပြင်ရမယ်လို့သိလာတာ၊

နည်းလမ်းလေးတွေ တွေ့ရင်အချင်းချင်းလက်တို့ချင်တာ ၊ပြုပြင်ကြတာတွေ (ရှိမယ်)ရှိနေတယ်ဆိုတာ

ဝမ်းသာစွာသိရပါတယ်။ဖြစ်အောင် လုပ်ဖို့လဲ တိုက်တွန်းချင်တာပါ။

ဒီနေရာမှာ တခုတော့ ပြောချင်ပါတယ်။ မန်းဂေဇက်ရဲ့စာတွေ (အခုဆိုတီတီနုစာကိုသယ်သွားပြန်တယ်ပေါ့ဗျာ)

ကိုယူမယ်ဆိုရင်  ကော်မန့်လေးတွေပါသယ်သွားပေးစေချင်ပါတယ်။

မန်းဂေဇက်ဟာတဦးကောင်းတယောက်ကောင်း ရေးတယ်ဆိုတာထက် ကော်မန့်များရဲ့

အဖြည့်အစွက်အင်အားက မသေးလှပါဘူး။ ကော်မန့်ရေးသူများရဲ့ ကောင်းသောအကြံဉာဏ်များကို

လက်မလွတ်စေချင်လို့ပါ။

———————————————————

ဆွေးနွေးမှုပုံစံ

-ကျနော် အခု ဒီ ဆီမီနာအမှတ် ၃ ကို မန်းဂေဇက်ရဲ့ ပင်တိုင်ရေးသူတွေထဲက သုံးဦးရဲ့ စာတချို့ကို

မှီငြမ်းရေး သားမှာပါ။ ကျနော်ရဲ့ သွားနေတဲ့ တဦးချင်းပြုပြင်ရေးလမ်းကြောင်းနဲ့ တဲ့နေတဲ့ စာတွေမလို့

ထုတ်နှုတ် ကိုးကားတာမျိုးပါ။

-ကာယကံရှင်တွေကိုလည်းကျနော် ခွင့်ပြုချက်တောင်းထားပြီးမှ ကိုးကားတာပါ။

-နောက်တခုကတော့ ဘာသာရပ်ဆိုင်ရာ စကားလုံးများကိုအတတ်နိုင်ဆုံးမသုံးဘဲ ရေးသားပါ့မယ်ဆိုတာပါ။

———————————————————–

အဲဒီလို ဆိုတော့ ဒီတပါတ်ဆီမီနာကို ဆွေးနွေးမှုပုံစံကတော့   

၁-ဆွေးနွေးရမဲ့ အချက်တွေကိုပေးထားပါမယ်။

၂-ကျနော်ကဘဲ ဦးဆောင်ပြီး ဆွေးနွေးပါမယ်။

၃-ကျနော်ရွေးချယ်ကိုးကားထားတဲ့စာများကိုဖော်ပြဆွေးနွေးပါမယ်။

၄-မည်သူမဆိုဝင်ရောက်ဆွေးနွေးနိုင်ပါတယ်

၅-ဆွေးနွေးချက်တွေထဲက (ကော်မန့်တွေထဲက) ထိရောက်သောဆွေးနွေးမှုများကို

အချိန်နဲ့အလိုက် ဒီ ပို့စ်ထဲကိုဖြည့်စွက်တင်ပြပေါင်းစပ်သွားမှာဖြစ်ပါတယ်။

၆-ဆီမီနာ-၄ အတွက် ဦးစီးဦးဆောင် ဆွေးနွေးမဲ့သူကို ဖိတ်ခေါ်ပါတယ်။

မိမိအမည်နှင့် ဆွေးနွေးလိုသောအကြောင်းအရာကိုဖော်ပြပေးပါ။

အလှဲ့ကျနဲ့အကြောင်းအရာမျိုးစုံကို စနစ်တကျ ဆွေးနွေးတာမျိုးဖြစ်ရန် ရည်ရွယ်ခြင်းပါ။

အဲဒီလို ဆိုတော့ ဒီတပါတ်ဆီမီနာကို အချက် ၃ ချက် ကိုမူတည်ပြီးဆွေးနွေးသွားဖို့ပါဘဲ။

 

ဆွေးနွေးပေးရန်အချက်များ

  • (၁)ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်ရေး

ကိုယ့်ကိုကိုယ်အကောင်းဆုံးပြုပြင်ရေးအတွက်လိုအပ်ဆုံး အရာလို့ပြောရရင် ကိုယ့်ကိုကိုယ်ယုံကြည်မှု

တည်ဆောက်ရေးပါဘဲ။

  • (၂)ပူးပေါင်းဆောင်ရွက်ခြင်း

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသူများပူးပေါင်းခြင်းဟာ ကြီးမားသောအင်အားတခုကိုရစေပါတယ်။

  • (၃) ဦးစီးဦးဆောင်ပြုခြင်း

သင်ကိုယ့်သင် “နေရာ” ပေးဖို့လိုပါလိမ့်မယ်။ သူများလာပေးစရာမလိုပါဘူး။ ကိုယ့်အစွမ်းအစနဲ့လုပ်နိုင်ပါတယ်။

 

ဆီမီနာ ၂ မှာဆွေးနွေးခဲ့တာက အင်ဒီဗီဂျူရယ်(တဦးချင်း) ပြုပြင်ရေးပါ။ တော်တော် စောစောထဲကကျနော်

ပြောခဲ့ဖူးပါတယ်။ အစိုးရမပြောင်းမှာမကြောက်ပါဘူး ကျနော်တို့ခင်ဗျားတို့အဆင် သင့်မဖြစ်မှာကို ဘဲ

ကြောက်တာပါလို့။ ဟုတ်ကဲ့ ခုဆို ပွင့်လင်းမှုလေးတွေရလာပါပြီ။ ကျနော်တို့ တိုးပြီး

ကိုယ့်ဟာကိုယ်ကောင်းအောင် ပြုပြင်ရေး ပိုလို့လုပ်သင့်သွားပါပြီပေါ့ခင်ဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆီမီနာရဲ့ အနှစ်ကိုဆွေးနွေးခြင်း

 

(၁)ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်ရေး

အဲဒီနေရာကို မသွားခင် လူ့သဘာဝကို လေ့လာကြည့်ချင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အစီအစဉ်အရ အဆင့်သုံးဆင့်ကိုတွေ့ရပါတယ်။

၁။ အခြေခံအဆင့်– လူ့မူရင်းသဘာဝ

သူက တောင်ပေါ်မှာအသက်မွေးဝမ်းကြောင်းတဲ့လူသားမျိုးနွယ်နဲ့ ပင်လယ်ကိုအမှီပြုကြီးပြင်းခဲ့ရတဲ့

လူသား သဘာဝမတူနိုင်ပါဘူး။ ဇီဝသဘောအရ မျိုးရိုးဗီဇသဘောအရ သူ့အသိတရားမှာရှိနေပါလိမ့်မယ်။

ဒါပေမဲ့ တူညီချက်ကတော့ “လူ”ဖြစ်နေတဲ့အတွက် အများစုကတော့

လောကမှန်ကန်ချက် (ယူနီဗာဆယ်ထရု)ကိုတော့ ဘယ်မှာဘဲနေနေ လက်ခံသူများတော့ ဖြစ်နေတတ်ပါတယ်။

အဲ တခုပါဘဲ။ မိရိုးဖလာတွေကိုတော့ မပယ်နိုင်၊ မဖျောက်နိုင်ဖြစ်နေ နိုင်ပါတယ်။

ရှေးရိုးစွဲတွေဖြစ်ရတာ အဲဒီကအခြေခံတာပါဘဲ။

၂။ဒုတိယအဆင့်– ယဉ်ကျေးမှု

လူသားဟာတယောက်ထဲ နေ လေ့မရှိပါဘူး။ ပုံမှန်အနေအထားတွေကိုဘဲ စဉ်းစားကြည့်ရင်

ကလေးတယောက်ဟာမိသားစု ဘဝတခုရှိမယ်၊ နောက်တော့ ကျောင်းတက်မယ်၊ အလုပ်ဝင်မယ်၊

အပေါင်းအသင်းတွေရမယ်၊အိမ်ထောင်ပြုမယ်။ စီးပွါးရေး၊လူမှုရေး၊ ဘာသာရေး အဖွဲ့တွေမှာပါ ဝင်မယ်

ဆိုတော့ “အဖွဲ့” ပုံစံထဲကို အလိုလိုဝင်သွားတာပါဘဲ။

အဖွဲ့ မဝင်ဘဲ သီးသီးသန့်သန့်တွေလဲရှိမယ်ပေါ့။

ဘယ်လိုဘဲဖြစ်ဖြစ် သူ့ပါတ်ဝင်းကျင်က သူ့ကို “သင်”ပါတော့တယ်။

လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတာလဲ သင်ယူမှူတခုပါ။

အဲဒီလိုတွေသင်ယူရင်းနဲ့ လူတွေဟာ လုပ်သင့်/မလုပ်သင့်တွေ ကို နားလည်လာရပါတယ်။

ပြောရရင် ယဉ်ကျေးမှုက အမှတ်တစ်မှာ ဖော်ပြခဲ့တဲ့ မျိုးရိုးဗီဇအသိတရားကို

ထိန်းကြောင်းပြုပြင်ပေးတယ်ဆိုတာပါ။ လေ့လာ”သင် ယူရမဲ့အဆင့်”ပါ။

ပြုပြင် ထိန်း သိမ်းမှုမပြုသူများရှိပါလိမ့်မယ်။ အဲဒါဆိုရင် နံပါတ်နှစ်စိတ်အဆင့်လယ်ဗယ် မတက်လာတော့ပါဘူး။

၃။တတိယအဆင့်–လူရည်လူသွေး (ပါစင်နယ်လတီ)

ဒီအပိုင်းက စားဝတ်နေရေးပြည့်စုံမှုကနေ လူတလုံးသူတလုံးဖြစ်ရေးအထိ အလွန်အရေးပါ၊ပါတယ်။

လူတဦးချင်းစီရဲ့ သီးသန့် အရည်အသွေးပါ။ ထူးခြားခွဲထွက်သူများတောင်ရှိပါတယ်။

အမေစု ပေါ့ဗျာ။

ဒါဆို ဒီအဆင့်က နှစ်ချက်ရှိပါတယ်။

နံပါတ်တစ်အချက်က သင်ယူမှု ပိုမိုလိုအပ်ပါတယ်။ စာကောင်းပေမွန်များဖတ်ရှူ့ခြင်းမှစပြီး၊ ဆွေးနွေးပြောဆို

ခြင်းအပြင် အပြင်းအထန် ဆည်းပူး ကြိုးစားအားထုတ်ခြင်းတွေ လိုအပ်လာပါပြီ။

နံပါတ်နှစ်အချက်ကတော့ အမွေရခြင်းပါ။

ဟုတ်ကဲ့ပါ၊ အသိဉာဏ်အမွေရခြင်းပါ။ ဆရာတယောက်ယောက်ဆီကလဲဖြစ်နိုင်ပါတယ်။ မိဘဆီကလဲဖြစ်နိုင်ပါ

တယ်။ ပြောရရင် စံပြုနမူနာပုဂ္ဂိုလ်(role model) ဆီက ရလိုက်ခြင်းမျိုးပါ။

လက်ဦးဆရာမည်ထိုက်စွာသား ပုဗ္ဗာစရိယ မိနှင့်ဘ တို့က အစပြုလို့ အသက်မွေးခဲ့ရာလမ်းကြောင်းတလျှောက်

သင် မသိလိုက်ဘဲ များစွာ “အမွေ” ရနိုင်ပါတယ်။သိတယ်ဆိုရင်တော့အပေါ်ကအချက်ပါ၊ သင်ယူခြင်းပေါ့။

ဒီနေရာမှာ မမိုးဇက်ရဲ့ (ကလေးများ မိမိကိုယ်ကိုတန်ဖိုးထားတတ်စေရန်)

Post လေးကနေထုတ်နှုတ်ထားတာကိုဖော်ပြပေးပါရစေ။

(မူရင်းကိုဖတ်ချင်သူများအတွက်ကတော့ https://myanmargazette.net/94279/education)

(       )ထဲကစာသားများကတော့ ကျနော့ ဖြည့်စွက်ချက်များပါ။

 

A.
မိဘတိုင်းသည် ကလေးတိုင်းအတွက် role model ဖြစ် ပါသည်။

(အရွယ်ရောက်ချိန်တွင် သင် စံပြုနမူနာပုဂ္ဂိုလ်-role model တဦး ရှိ/ရှာ ထားရန်လိုပါသည်။)
B.
အဓိကအချက်မှာ “စံ” များကို သတ်မှတ်ပေးခြင်းနှင့် ကလေးရောမိမိကိုယ်တိုင်(မိဘ) ပါလိုက်နာခြင်းဖြစ်ပါသည်။

(သင်ချမှတ်သော စည်းကမ်း သင်လိုက်နာပါ)

 

C.
စံများကိုသတ်မှတ်ပေးရာတွင်

တာဝန်သိတတ်ခြင်း၊ (ပေါ့ပေါ့နေပေါ့စားလူ မဖြစ်ရေး)

ရိုးသားဖြောင့်မတ်ခြင်း၊ (မုသားပြောသူ၊ ကောက်ကျစ်ဉာဏ်များသူမဖြစ်ရေး)

ရိုသေလေးစားခြင်း၊ (အသက်အားဖြင့် ဂုဏ်အားဖြင့်ကြီးသူ၊လူလူချင်း မာန်မာနဖြင့်မဆက်ဆံရေး)

သနားညှာတာ ကြင်နာတတ်ခြင်း၊ (အများအကျိုးဆောင်တတ်သူ၊ အကူအညီပေးတတ်သူဖြစ်ရေး)

အတူတူပူးပေါင်းဆောင်ရွက်ခြင်းနှင့်(အတ္တရှေ့တန်းမတင်သူ၊သီးခံစိတ်၊နားလည်ပေးနိုင်စိတ်၊

ညီညွတ်လိုစိတ်ရှိသူဖြစ်ရေး)

ရဲရင့်ခြင်း (ပြတ်သားခြင်း၊ဦးဆောင်နိုင်ခြင်း နှင့် အခက်အခဲအတားအဆီးများကိုကျော်လွှားနိုင်သူဖြစ်ရေး)

စသာဝေါဟာရများကို အမြဲတမ်းအသုံးပြုပြီး ကလေးများနားလည်အောင် ရှင်းပြပြောဆိုပေးပါ။

(ကိုယ့်ကိုကိုယ်ပြန် စစ်ဆေးပြီး လိုအပ်ချက်ကို တတ်နိုင်သလောက်၊ ပြုပြင်နိုင်သလောက်ပြုပြင်ပါ)

 

D.
၁။ ကလေးအား ဝေဖန်ခြင်းတက် ချီးမွမ်းခြင်းကိုအလေးထားပေးပါ။

(ကိုယ့်ကိုကိုယ် လွန်စွာအပြစ်တင်ခြင်းသည် စိတ်ကျရောဂါရစေပါသည်)

၂။ ကလေးတိုင်းသည် မိဘများကိုအတုယူကြပါသည်။

အကယ်၍ မိမိသည်သတ်မှတ်ထားသော စံထက်နိမ့်ကျသော အပြုအမူမျိုးကို ပြုလုပ်မိလျှင် ကလေးအားမိမိမှား

သွားသည်ဟု ဝန်ခံပြောဆိုပြီး တောင်းပန်ရန်ဝန်မလေးပါနှင့်။

(မိမိ အမှားကို မိမိကိုယ်ကို ဝန်ခံပြီး၊ နောက်မမှားအောင်လုပ်မည်ဟု ကတိပေးပါ)

 

E.
၁။ ကလေး၏ လုပ်ဆောင်ချက်တစ်ခုခုကို ပြီးမြောက်အောင်မြင်ခြင်းကြောင့်မဟုတ်ပဲ

ကလေး၏အရှိအတိုင်း အချစ်ခံရသည်ဟု ကလေးအားခံစားရစေခြင်းမှာ လွန်စွာအရေးကြီးပါသည်။

ကလေး၏အပြုအမူကိုသာဝေဖန်ပါ၊ ကလေးကိုမဝေဖန်ပါနှင့်။

(လူတို့၏ ချစ်ခင်လေးစားမှုကို ကြွားဝါခြင်း၊ ဂုဏ်ဖော်ခြင်းများအသုံးပြုပြီး

ကိုယ့်ကိုလွန်မင်းစွာဂရုစိုက်စေခြင်းကိုဖန်တီးမယူပါနှင့်၊စိတ်၏ ပင်ပန်းမှုဒါဏ်ခံစားရတတ်ပါသည်)

၂။ ကလေးသည် သူကိုယ်တိုင် ချမှတ်ထားသော ပန်းတိုင်များသို့ရောက်ရှိအောင်မြင်ခြင်းသည်

ကိုယ့်ကိုကိုယ်ယုံကြည်မှုကို တည်ဆောက်ရာတွင် အရေးအကြီးဆုံးဖြစ်ပါသည်။

ကလေးကို အမှီအခိုကင်းအောင်အားပေးပါ။

(တတ်နိုင်သမျှ ကိုယ့်အားကိုယ်ကိုးပါ၊ ကိုယ်တတ်နိုင်သောအသေးအဖွဲများကိုမည်သူ့အကူအညီမှ

မယူဘဲ ပြီးမြောက်သည်အထိ ဇွဲနဲ့လုပ်ဆောင်ပါ)

၃။ ရွေးချယ်မှု အခွင့်အရေးနှင့် ပါဝင်လုပ်ဆောင်မှုကို အားပေးပါ။အခြားသူများနှင့်နှိုင်းယှဉ်ခြင်းမှ

ရှောင်ကျဉ်သင့်ပါသည်။

(သူများနှင့် နှိုင်း၍ ကိုယ့်ကိုကိုယ် စိတ်ဒုက္ခပေးမှုကို ရှောင်ပါ၊ သင့်ကိုသင်သာ နှိုင်းယှဉ်ပါ။

မနေ့ကသင်နှင့်ယနေ့သင်။ သင့်ကိုယ်ပိုင် ဂရပ်နှင့်သာ မနေ့ကထက် ဒီကနေ့ တိုးတက်ဖို့လုပ်ဆောင်ပါ)
——————————————
ကဲ မိတ်ဆွေ သင့်မှာ အဲဒီလိုအပ်ချက်တွေရှိနေခဲ့ရင် ငယ်ငယ်က ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာသိနိုင်ပါပြီ။

ခု ဒီစာကို ဖတ်နေသူဟာ ကကိုယ်ဟာကိုယ်ပြုပြင်နိုင်တဲ့အရွယ်ဆိုရင် ဒီလိုပြန်စဉ်းစားရအောင်ပါ။

သင့်ကိုယ်သင် မိဘ နေရာမှာ ထားပါ။ တချိန်တည်းမှာဘဲ သင့်ကိုသင် ကလေးနေရာမှာထားပြီးလမ်းပြကြည့်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

တဆက်တည်း မ pooch ရဲ့ အငုံစိတ် ၊ သိမ်ငယ်စိတ် ၊ ယုံကြည့်မှုမရှိတတ်တဲ့စိတ် ဆိုတဲ့ ပို့စ်ထဲက

မပူးချ်ရဲ့ ရောဂါရှာဖွေရေးနှင့် ဆေးနည်းလေးများ ကို တင်ပြချင်ပါတယ်။

(မူရင်းကို ဖတ်ချင်သူများအတွက်ကတော့ https://myanmargazette.net/92911/arts-humanities)

 

သိမ်ငယ်စိတ်၊ အငုံစိတ်ရှိသူများ၏ အကြောင်းရင်းတချို့
——————————————–

မိဘတွေကြောင့်>>>>>

၁။ အိမ်ထောင်ဖက်အချင်းချင်း ပဋိပက္ခတွေနဲ့ ရှိတဲ့ဒေါသတွေ ကို ကလေးအပေါ်မှာ ဖိတတ် ရိုက်နှက်တတ်တဲ့

အခါမှာ ကလေးတွေ က စိတ်ရိုင်းဝင်တတ်ပါတယ်။ ထိန်းရသိမ်းရလည်း ခက်တတ်သလို ဆိုဆုံးမလွယ်တဲ့

ကလေးတွေ ဖြစ်သွားတတ်ပါတယ်။

သူတို့လူကြီးဖြစ်လာတဲ့အခါမှာလည်း အများစုက ထစ်ခနဲရှိ လက်ပါတတ်တာမျိုးပါ။

ဒါလည်း အငုံစိတ်က လာတဲ့ အကျိုးဆက်ပါ။

 

အတန်းပညာ>>>>>

၂။ တချို့လူတွေ က အတန်းပညာမသင်ရ တတ်ပါဘူး။ ကြိုးစားအားထုတ်မှုကြောင့် လူချမ်းသာဘဝက

ု ရောက်သွားသည့်တိုင်အောင် သူဘယ်လောက်ချမ်းသာ ချမ်းသာ အတန်း ပညာနဲ့ပတ်သတ်တဲ့

သိမ်ငယ်စိတ်က မသိမသာနဲ့ သူ့စိတ်ထဲမှာ ရှိနေတာပါ။

ဝပ်ရှော့ဆရာက သူ့တပည့်လေးကို ၁ဝ တန်းတောင် အောင်ထားပြီး ဒါလေးတောင် မသိရကောင်းလားဆိုပြီး

ထပ်ခါ ထပ်ခါ အက်ကြောင်းထပ်အောင် ဆဲရေးတိုင်းထွာနေတာမျိုးကို ကျမ ကြားဖူး မြင်ဖူးသည်။ မလိုအပ်ပဲ

၁ဝ တန်းအောင်တာကို အပ်ကြောင်းထပ်နေတာပါ။

 

ပါတ်ဝန်းကျင်နဲ့မိမိကိုယ်ကိုနှိုင်းယှဉ်ခြင်း>>>>>

၃။တချို့တွေ ကျပြန်တော့ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး အားငယ်တတ်တဲ့ အငုံစိတ်တွေ

ရှိတတ်ပါတယ်။

 

စိတ်ဒဏ်ရာအနုအရင့်(ကံကြမ္မာအထုအထောင်း)>>>>>

၄။ သိမ်ငယ်စိတ် အနုအရင့် ကို လိုက်ပြီး လူတွေ နည်းနည်းကွဲလာသည်။

အသိုင်းအဝိုင်းတခုကြားမှာ ယုံကြည်မှုတည်ဆောက်တဲ့အခါမျိုးမှာ ပိုသိသာလာသည်။ စိတ်ပိုင်းဆိုင်ရာ

ရော ရုပ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး မှာပါ ကြီးကြီးမားမား ဒဏ်ရာ အနာတရဖြစ်ခဲ့ဖူးသူက အသိုင်းဝိုင်းတခုကြားမှာ

ယုံကြည်မှု ပျောက်နေတတ်သည်။ သံသယစိတ်တွေလည်း များတတ်သည်။

 

ဆေးနည်းလေးများ
———————-

အဲ့လို ယုံကြည်မှု ပျောက်နေတဲ့သူအတွက်

positive thinking>>>>>

(၁)အကောင်းမြင်တတ်တဲ့စိတ် ( positive thinking) လေးရှိဖို့လိုတယ်လို့ ဆိုကြပါတယ်။

အကောင်းမြင်တတ်ဖို့ ဆိုရင်တော့

(က)အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိတဲ့ ဉာဏ်ပညာ၊

(ခ)ပကတိ ရိုးသားမှု၊

(ဂ)တဖက်သားအပေါ်မှာ ကိုယ်ချင်းစာစိတ်၊ သနား ကြင်နာစိတ်လေး ရှိဖို့ လိုပါတယ်။

ယုံကြည်မှု တည်ဆောက်ခြင်း>>>>>

(၂) အိုင်းစတိုင်းက ပြောပါတယ်။

တယောက်နဲ့ တယောက် ဆက်ဆံချင်လို့ ပေါင်းသင်းချင်ရင် ယုံကြည်မှု တံတား ထိုးတာပါတယ်။

လူတွေနဲ့ မဆက်ဆံ ချင်တော့လို့ တယောက်ထဲ နေချင်တဲ့သူသာ အုတ်တံတိုင်းတွေ ကာလိုက်တာပါ။

ယုံကြည်မှုတည်ဆောက်ဖို့ ဆိုရင် နံရံတွေ ဖျက်ပြီး တံတားတွေ ဆောက်ဖို့ လိုပါတယ်။

ဒါလေးက ယုံကြည်မှု ပျောက်နေတဲ့ သူအတွက် ပြန်လည်တည်ဆောက်ရမဲ့ နည်းပါ။

(တတ်နိုင်သမျှ)ခွင့်လွှတ်(ကြည့်)ခြင်း>>>>>

(၃)ယုံကြည်မှု ရှိပြီးသား အသိုင်းအဝိုင်းဆိုရင်တော့ ဂနီ္ဓပြောတာလေးကို စဉ်းစားကြည့်ရအောင်ပါ။

“အားနည်းသူတွေဟာ ဘယ်တော့မှ ခွင့်မလွှတ်တတ်ဘူးတဲ့”

“အားရှိတဲ့ လူမှသာ” သူများတွေကို ခွင့်လွှတ်နိုင်တာ ပါတဲ့။

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျနော်က လူ့စိတ်အစီအစဉ်၏ အမြင့်ဆုံးအဆင့်မှာ ပါစင်နယ်လတီ(လူရည်လူသွေး) လို့ ပြောပါတယ်။

အဲဒီ နေရာလေးကို တီချယ်တီတီနုကသူ့ရဲ့ ” အလုပ်နှင့်စရိုက် ” ပို့စ်မှာ အခုလို

ခွဲခြမ်းစိတ်ဖြာထားပါတယ်။

(မူရင်းကိုကြည့်လိုသူများအတွက်တော့ https://myanmargazette.net/95006/business-economy/jobs-careers)

Personality Types ဗီဇ အုပ်စု (၆) မျိုး မှာ

 

(၁) လက်တွေ့ပုံစံ (The Realistic Type)

(၂) စူးစမ်းပုံစံ (The Investigative Type)

(၃) အနုပညာပုံစံ (The Artistic Type)

(၄) လူဝင်ဆန့်ပုံစံ (The Social Type)

(၅) စည်းရုံးပုံစံ (The Enterprising Type)

(၆) စာအုပ်ကြီးပုံစံ(The Conventional Type)

ဟူ၍ ဖြစ်ပါသည်။

 

(၁) လက်တွေ့ပုံစံသမားများသည် မည်သည့်အရာမဆို လက်တွေ့ကျသည်။ စက်ကိရိယာများ

တန်ဆာပလာပစ္စည်းများအသုံးပြု အလုပ်လုပ်ရခြင်းကို နှစ်ခြိုက်တတ်သည်။

(လက်သမားဆရာ၊ စက်ရုံဝန်ထမ်း၊စစ်မှုထမ်း၊ ဆရာဝန်)

 

(၂) စူးစမ်းပုံစံသမားများသည် စူးစမ်းလိုစိတ်ရှိကြသည်။ သင်ယူလေ့လာလိုစိတ်ရှိကြသည်။

ခွဲခြမ်းစိတ်ဖြာသောနည်းဖြင့် ပြဿနာများကို ဖြေရှင်းလိုကြသည်။

(ရဲဝန်ထမ်း၊ စုံထောက်၊ သုတေသီ)

(၃) အနုပညာစိတ်ထားသမားများကမူ စိတ်ကူးယဉ်တတ်ကြသည်။ တွေးခေါ်စိတ်ကူး

ပုံဖော်တတ်ကြသည်။ အနုပညာဖန်တီးမှုများဖြင့် မိမိတို့ ပြောရန်ရှိသည်များကို ဖော်ပြတတ်ကြ

သည်။ (သရုပ်ဆောင်၊ အနုပညာရှင်၊ ဓာတ်ပုံဆရာ၊ စာရေးဆရာ၊ တေးရေးဆရာ)

(၄) လူဝင်ဆန့်သမားများသည် ဖော်ရွေတတ်ကြသည်။ ကူညီတတ်ကြသည်။ သူတစ်ပါးကို

ပြုစုပျိုးထောင်ပေးလိုစိတ်များရှိတတ်ကြသည်။

(ဆရာဝန်၊ ဆရာ/ဆရာမ၊ သူနာပြု )

(၅) စည်းရုံးရေးသမားများသည် ဖော်ရွေရွှင်ပျ ပွင့်လင်းသော စရိုက်ရှိကြသည်။ သူတစ်ပါး

ကို စိတ်ပါလာစေရန် သိမ်းသွင်းနှိုင်ကြသည်။ ဦးဆောင်စွမ်းရည်ရှိကြသည်။

(မန်နေဂျာ၊ နိုင်ငံရေးသမား၊ ဧည့်လမ်းညွှန်)

(၆) စာအုပ်ကြီးပုံစံသမားများသည် အရာရာတွင် သတိရှိကြသည်။ စည်းမျဉ်းအတိုင်း

လုပ်ကိုင်လိုကြသည်။ သမရိုးကျ လုပ်ငန်းစဉ်များထဲမှ ဖောက်မထွက်လိုကြပေ။

(စာရင်းကိုင်၊ အတွင်းရေးမှူး၊ စာကြည့်တိုက်မှူး)

အထက်ဖော်ပြခဲ့သည့်အတိုင်း မိမိတို့ ကိုယ်စီရှိကြသည့် စရိုက် ကို ဆန်းစစ်ပြီးနောက်

မည်သည့် ဗီဇအုပ်စုတွင် မိမိပါဝင်နေကြောင်း လေ့လာကြည့်ပါလျှင် အလုပ်အကိုင်

ရွေးချယ်ရာတွင် အနည်းနှင့်အများ အံဝင်ဘွယ်ရာရှိလာနှိုင်မည်ဟု ယူဆမိပါသည်။

————————————————–

ကျနော် ဖြည့်စွက်ဆွေးနွေးရလျှင်…………..

လူဝင်ဆန့်ပုံစံနှင့် စည်းရုံးပုံစံတို့သည် ကိုယ့်ကိုကိုယ်ယုံကြည်မှူရှိသူများဖြစ်ရန် လုံးဝသေချာသည်။

ကျန်သူများက ၅၀/၅ဝ ပေါ့။

ဒါဆိုလူဝင်ဆန့်ရန် စည်းရုံးတတ်ရန် ဘယ်လို အကျင့်၊စိတ်ဓာတ်တွေရှိသင့်လဲဟု မေးရန်ဖြစ်လာသည်။

အမျိုးသုံးဆယ်ဖော်ပြထားသော တီချယ်တီတီနု၏စာမှ ကောက်နှုတ်စဉ်းစားရန်ဖြစ်သည်။ ဤသည်ကိုယူ

ဆောင်၍ ကော်မန့်ပေးဆွေးနွေးနိုင်ပါသည်။

နောက်တဆင့်ဆက်ရလျှင်……………..

အပေါင်းလက္ခဏာဆောင်သော

လက်တွေ့ပုံစံ/ စူးစမ်းပုံစံ/အနုပညာပုံစံ /လူဝင်ဆန့်ပုံစံ /စည်းရုံးပုံစံ/ စာအုပ်ကြီးပုံစံ

အနှုတ်လက္ခဏာဆောင်သော

လက်တွေ့ပုံစံ/ စူးစမ်းပုံစံ/အနုပညာပုံစံ /လူဝင်ဆန့်ပုံစံ /စည်းရုံးပုံစံ/ စာအုပ်ကြီးပုံစံ

အစရှိသဖြင့် ၁၂ မျိုး ဖြစ်သွားနိုင်ပါသည်။

အပေါင်းလက္ခဏာဆောင်သော ပုံစံများဖြစ်ခြင်းသည်လည်းကောင်း

အနှုတ်လက္ခဏာဆောင်သော ပုံစံများဖြစ်ခြင်းသည်လည်းကောင်း

မမိုးဇက်၏ ကလေးဘဝ စံပြုနမူနာပုဂ္ဂိုလ်(role model) ၏ လွှမ်းမိုးမှုကြောင့်

မပူးချ်၏ အငုံစိတ်၊သိမ်ငယ်စိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ်နေစိတ်ထား

(တီတီနုကအမျိုး-၃ဝပြထားပေးပါသည်) များ၏ ရုပ်လုံးပေါ်လာခြင်းပင်ဖြစ်ပါသည်။

—————————————————————————————–
အချုပ်ကိုဆိုရလျှင် မမိုးဇက်နှင့် မပူးချ်တို့က အကြောင်းရင်းများကိုဖော်ပြသည်။

တီချယ်တီတီနုကအကျိုးဆက်တို့ကိုဖော်ပြပေးသည်။

အကြောင်းကြောင့် အကျိုးတရားများဖြစ်လာပြီး၊ ထိုအကျိုးတရားများကပင် တဖန်အသစ်

အကြောင်းရင်းဖြစ်လာကာထပ်ဆင့်အကျိုးဆက်များဖြစ်ပုံကို အလုပ်နှင့်သင့်တော်ရာဗီဇ ရှိရေးဟု

ဖော်ပြထားပေးပြန်သည်။

——————————————————————————————

အဲဒီ ဗီဇ များအရအသက်ရှင်နေထိုင်လုပ်ကိုင်ကြရင်း………….

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရေး၊

ပူးပေါင်းဆောင်ရွက်ခြင်းနှင့်

ဦးစီးဦးဆောင်ပြုနိုင်ရေးတို့ကတော့ လောကလူသားများအတွက်လိုအပ်ပါသည်။

 

အပိုင်း ၃ ခုအနက် အပိုင်း ၂ ခု ရဲ့ အသေးစိတ် အချက်ကလေးတွေကို ဖော်ပြပေးပါ့မယ်။

ဖြည့်စွက်မှုများနှင့် ဆွေးနွေးမှုများ ကိုလွတ်လပ်စွာဆောင်ရွက်နိုင်ပါတယ်။

 

ကိုယ့်ကိုကိုယ်ယုံကြည်မှူတည်ဆောက်ခြင်းအတွက် (၁၄) ချက်

၁။ကိုယ့်အားနည်း ချက်ကို ကိုယ် သိပါ။စိတ်ပိုင်းဆိုင်ရာအားနည်းချက်များကို ပြင်ဖြစ်အောင်ပြင်ပါ။

၂။မိတ်ဆွေများနှင့်စကားစမြည်ပြောပါ၊ ရင်ဖွင့်ပါ။

၃။ ပြီးပြည့်စုံသော သူ မရှိဟု သိထားပါ။

၄။ကိုယ့်အောင်မြင်မှု(သို့)လုပ်နိုင်စွမ်းကိုအသိအမှတ်ပြုပါ။

၅။ တစုံတရာရရှိခြင်းအတွက် ကျေးဇူးတင်တတ်ပါစေ။

၆။ အပေါင်းလက္ခဏာဆောင်သော အတွေးရှိပါစေ။

၇။မှန်ကန်သောစကားကို လေးလေးနက်နက် ထောက်ခံတတ်ပါစေ။

၈။မိတ်ဆွေများနှင့်မျက်နှာချင်းဆိုင်မိလျှင်စတင်ပြုံးပြပါ။

၉။လိုအပ်သောနေရာတွင်သပ်သပ်ရပ်ရပ်ဝတ်စားခြင်း၊မိမိအလုပ်ကိုသပ်သပ်ရပ်ရပ်လုပ်တတ်ခြင်းရှိပါစေ။

၁၀။ကောင်းမယ်ထင်၍သတ်မှတ်ထားသော ကိုယ့်စည်းကမ်းများ ကိုယ်လိုက်နာရန်မပျက်ကွက်ပါနှင့်။

၁၁။သူတပါးကိုကူညီပါ။

၁၂။အရာရာတိုင်းသည် 100%ပြီးပြည့်စုံခြင်းကိုမျှော်မှန်း၍လုပ်ဆောင်ရန်မလိုအပ်ပါ။

၁၃။ရိုးသားပါ၊မိမိကိုယ်ကိုလည်း မညာပါနှင့်။

၁၄။ပညာမတတ်ခြင်း၊ ကိုယ်လက်အင်ဂါချို့တဲ့ခြင်း၊မပြည့်စုံခြင်း(သို့)ဆင်းရဲခြင်းစသည်များအတွက်

ရှက်တတ်သောစိတ်ကိုဖျောက်ရန် အင်အားအဖြစ် အကျင့်စာရိတ္တ၊ကိုယ်ကျင့်တရားကောင်းမွန်ပါစေ။

နှင့်

 

ပေါင်းစည်းလုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက်(၉)ချက်

၁။သူတပါးစကားကိုဂရုတစိုက်၊လေးလေးစားစားနားထောင်ပေးပါ။

၂။ ရှိတာ၊သိတာ မျှဝေပါ။

၃။ ကိုယ်ချင်းစာပါ။

၄။ ညှိနှိုင်းဆွေးနွေးပါ။

၅။ ကိုယ့်အလုပ်/တာဝန် ကိုအကောင်းဆုံးလုပ်ပါ။

၆။ ကျေးဇူးတင်စကားဆိုရန် မမေ့ပါနှင့်။

၇။သူတပါးကိုအားပေးပါ။

၈။တတ်နိုင်တာလေးကူညီပေးပါ။

၉။ သီးသီးသန့်သန့်မနေပါနဲ့။

လို့ရှိပါတယ်။

အဲဒီ အချက်တွေပြည့်စုံသွားခဲ့ရင်တော့ ဦးစီးဦးဆောင်ပြုနိုင်ပါပြီ။

ဦးစီးဦးဆောင်ပြုနိုင်တဲ့ ဥပမာလေးတခုကို ဆက်လက်ဖြည့်စွက်တင်ပြပေးပါတယ်။

 https://myanmargazette.net/82367/society-lifestyle

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကော်မန့်များထဲက ကောက်နှုတ်ချက်တချို့ကို ဒီအောက်မှာ ရေးပါ၊မယ်။

ဆီမီနာ ၄/၅/၆ အစရှိသဖြင့် ကိုဦးဆောင်ဆွေးနွေးလိုသူကိုလည်း မှတ်တမ်းပြုပေးပါမယ်။

 Additional Highlights

KING says:

1.ကိုယ့်ကိုကိုယ်ယုံကြည်မှူတည်ဆောက်ခြင်း ဆိုတဲ့နေရာမှာ……..

ပညာရပ်များကို မပြတ် လေ့လာဆည်းပူးခြင်း ကို ထည့်ပေးချင်ပါတယ်

2.ပေါင်းစည်းလုပ်ကိုင်ဆောင်ရွက်နိုင်ရေး ဆိုတဲ့နေရာ………..

တတ်နိုင်တာလေးကူညီပေးပါ။ ဆိုတဲ့ နေရာမှာ တတ်စွမ်းသမျှ အစွမ်းကုန် ကူညီပေးပါ ကို ထည့်ပေးချင်ပါတယ်

3.အရာအားလုံးကို နှလုံးသားနဲ့ လုပ်ပါ

4. ပြန်ရချင်လိုစိတ်နဲ့ ပေးတဲ့ အပေးမျိုးတွေနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့နေရာမှာ မလုပ်သင့်ဘူး

 ————

ကိုပေါက်(မန္တလေး) says: မိမိကိုယ်မိမိယုံကြည်ဘို့က အလိုအပ်ဆုံးအချက်ကတော့မိမိအရည်အချင်းကို

 မိမိ အမှန်အတိုင်းသိ အရှိအတိုင်းလက်ခံရဲတဲ့သတိ္တမွေးထားရမယ်ဆိုတဲ့အချက်လို့ထင်မြင်မိကြောင်းပါ။

 ————-

MaMa says:  စိတ်ကောင်းရှိပါ၊ ရိုးဖြောင့်ပါ၊ ကိုယ်ချင်းစာတရားထားပါ

————–

စိန်ပေါက်ပေါက် says: ပေါင်းစည်းလုပ်ကိုင်တဲ့နေရာမှာ

ကိုယ်စီကိုယ်စီ မာန်မာန လေးလဲ နဲနဲစီ ရှော့စေချင်ပါတယ်

တစ်ဦးကို တစ်ဦး အပြန်အလှန် နားလည်မှုလဲ ပေးသင့်ပါတယ်

မနာလိုစိတ်လဲ ကင်းစေချင်ပါတယ်

————–

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုလေးစားစွာ ပါဝင်ဆွေးနွေးပေးကြရန်ဖိတ်ခေါ်အပ်ပါတယ်။

မောင်သစ်မင်း

37 comments

  • ကိုသစ်ရေ
    ကိုယ့်ကိုကိုယ်ယုံကြည်မှူတည်ဆောက်ခြင်း ဆိုတဲ့နေရာမှာ
    ပညာရပ်များကို မပြတ် လေ့လာဆည်းပူးခြင်းဆိုတဲ့ အချက်ကို ထည့်ပေးချင်ပါတယ်
    ဘာလို့လဲဆိုတော့ ကိုယ် ကိုယ်တိုင် ပညာရပ်တွေကို မပြတ်လေ့လာဆည်းပူးနေမှ တစ်ချို့နေရာတွေမှာ မိမိကိုယ်ကို ယုံကြည်မှု ရှိမယ်လို့ ခံစားမိလို့ပါဗျ …..

    ပေါင်းစည်းလုပ်ကိုင်ဆောင်ရွက်နိုင်ရေး ဆိုတဲ့နေရာမှာတော့
    ၈။တတ်နိုင်တာလေးကူညီပေးပါ။ ဆိုတဲ့ နေရာမှာ တတ်စွမ်းသမျှ အစွမ်းကုန် ကူညီပေးပါ ဆိုရင် ဘယ်လိုနေမလဲဗျ
    နောက်ပြီး အဲဒီထဲမှာ အရာအားလုံးကို နှလုံးသားနဲ့ လုပ်ပါ ဆိုရင်ရော …..
    နှလုံးသားနဲ့ လုပ်တဲ့အခါ တာဝန်တစ်ခုလို လုပ်တာထက် ပိုပြီးကောင်းမလားလို့
    နောက်ဆုံး ကျွန်တော်သိသလောက်ဆိုရင်
    ပေးပါ ပြန်ရပါလိမ့်မယ်
    ဒါပေမယ့် ပြန်ရချင်လိုစိတ်နဲ့ ပေးတဲ့ အပေးမျိုးတွေနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့နေရာမှာ မလုပ်သင့်ဘူးလို့ ထင်မိကြောင်းပါ

    လေးစားစွာဖြင့်
    KING

  • ကိုယ့်ကိုယ်ယုံကြည်ခြင်းဆိုတာနဲ့ပါတ်သက်လို့ကျနော်ဆရာတစ်ယောက်ကပြောဘူးပါတယ်။
    “မိမိကိုယ် မိမိ ဘုရင်အစစ်လို့ခံယူထားရင် မင်းမြောက်တန်ဆာငါးပါး မလိုဘူး”ဆိုတဲ့စကားပါဘဲ။
    ဘယ်ကနေဆင်းသက်တယ် ဘယ်ကနေလာတယ်ဆိုတာမသိပေမယ့် ကျနော့်ဆရာဆီက ကျနော်ကြားတော့
    နှစ်သက်လို့ ကျင့်သုံးပါတယ်။
    ကျနော်က အဆောင်အယောင်ရှိမှ နေတတ်သူ မဖြစ်အောင်ကြိုးစားလို့နေပါတယ်။
    မိမိကိုယ်မိမိ ယုံကြည်အောင် ကြိုးစားနေပါတယ်။
    မိမိကိုယ်မိမိယုံကြည်ဘို့က အလိုအပ်ဆုံးအချက်ကတော့
    မိမိအရည်အချင်းကို မိမိ အမှန်အတိုင်းသိ အရှိအတိုင်းလက်ခံရဲတဲ့သတိ္တမွေးထားရမယ်ဆိုတဲ့အချက်လို့
    ထင်မြင်မိကြောင်းပါ။

  • fatty

    January 22, 2012 at 11:07 am

    theory ရယ ်မိမိအတွေးအခေါ်တွေရယ်ကို အများနားလည်အောင် ချပြနိုင်တဲ့ကိုသစ်မင်းကို
    ချီးကျူးပါတယ် …။ ဒီလိုပိုစ်တွေတက်လာဖို့ ကျနော်တိုက်တွန်းနေတာကြာပါပြီ ။

  • MaMa

    January 22, 2012 at 12:13 pm

    ဆြာသစ်ရေ-
    ကိုယ်ကိုယ်တိုင် အနှစ်ချုပ်ထားတာကတော့ စိတ်ကောင်းရှိပါ၊ ရိုးဖြောင့်ပါ၊ ကိုယ်ချင်းစာတရားထားပါလို့။ (လူမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံနေရလို့ ကိုယ့်ကိုကိုယ် အဲဒီပေတံတွေနဲ့ တိုင်းပြီး မကြာခဏ သတိပေး တိုက်တွန်းရပါတယ်။)

  • စိန်ပေါက်ပေါက်

    January 22, 2012 at 12:37 pm

    ပေါင်းစည်းလုပ်ကိုင်တဲ့နေရာမှာ
    ကိုယ်စီကိုယ်စီ မာန်မာန လေးလဲ နဲနဲစီ ရှော့စေချင်ပါတယ်
    တစ်ဦးကို တစ်ဦး အပြန်အလှန် နားလည်မှုလဲ ပေးသင့်ပါတယ်
    မနာလိုစိတ်လဲ ကင်းစေချင်ပါတယ်ဗျိုး

    ခုတော့ ဒလောက်ဘဲ
    နောက်မှ သေချာပြန်ဖတ်ဦးမယ်..အူးသစ်ရဲ့

    ဘိုင့်လဘိုင်

  • thit min

    January 22, 2012 at 1:34 pm

    ကိုကင်းရေ
    ခင်ဗျား နှလုံးသား ကို ကျနော်မြင်လိုက်ရပါတယ်။
    အစွမ်းကုန်ဆိုတာ လူတိုင်းအတွက်တော့ မဖြစ်နိုင်ပေမဲ့ ဖြစ်နိုင်တဲ့ လူများကတော့ မြင့်မြတ်စိတ်ရှိ
    သူများပါဘဲ။ လေးစားပါတယ်ခင်ဗျာ။
    ——————–
    ကိုပေါက်ရေ
    ကောင်းလှချည်လားဗျာ။ မင်းမြှောက်တန်ဆာမလိုတဲ့ ဘုရင် တဲ့လား။
    ဒါပေါ့ဗျာ။ လူတိုင်းဟာ ကိုယ့်ဇာတ်လမ်းမှာတော့ မင်းသားလုပ်လို့ရနေ သင့်တာပေါ့ဗျာ။
    ကျေးဇူးပါ။
    ———————
    ဦးဖက်ရေ
    ကျနော်လဲ ဂေဇက်ရဲ့ အရည်အသွေးကိုတက်စေချင်သူပါ။ ကျနော့အင်အားကမလုံလောက်ပေမဲ့
    တတ်နိုင်တာလေး ဖန်တီးကြည့်တာပါ။ သာမန် ကော်မန့်ပေးတာနဲ့ ကွာတာကတော့ လေးနက်စွာ
    ပြောဆိုဆွေးနွေးခြင်းနဲ့အပြန်အလှန်သင်ယူကြခြင်းလို့ထင်ပါတယ်။ သူများကိုပြောရင်းကိုယ်လဲပြန်
    သတိရတာမျိုးလဲပါဝင်ပါတယ်။ ကျေးဇူးပါခင်ဗျာ။
    ———————
    မမ ရေ
    ကောင်းသော အနှစ်ချုပ်လေးပါဘဲ။ လိုက်နာမှတ်သားဖို့ ဘဲလိုတာပေါ့ဗျာ။လိုက်နာချင်စိတ်ဘယ်လိုသွင်း
    ယူမလဲ ဆိုတာလေး ပြောပြပေးပါလား။ ကျေးဇူးပါ။
    ———————-
    စိန်ပေါက်ရေ
    ကိုယ့်ညီကတော့ ခေသူမဟုတ်ပါဘဲ။
    အဲဒီ “ဘု” တွေ ခု နေတာ များတယ်ကွနော်။ ကျော်ရအောင်ဟေ့။
    ကိုယ့်ရည်မှန်းချက်ကို တည့်တည့်ကြီး ဦးတည်ထားရင်လဲ အဲဒီစိတ်ပေါ်ချိန်တောင်မရတာတော့ကြုံဘူးတယ်ကွ။
    ကျေးဇူးနော်။
    ~~~~~~~~~~~~

    ဆွေးနွေးပေးသူများကို ကျေးဇူးပါ။
    ဆွေးနွေးခြင်း ဟာ မိမိကိုယ်ကို ပြန်လည်သတိပေးခြင်း (ရီမိုင်းဒ်)လုပ်ခြင်းကိုဖြစ်စေပါတယ်။
    မိတ်ဆွေတို့ရဲ့ ယခုဆွေးနွေးချက်များဟာ မိတ်ဆွေတို့ရဲ့ မူဝါဒ(ပရင်စပယ်)၊စည်းကမ်းသတ်မှတ်မှု
    ဖြစ်တယ်လို့ယူဆနိုင်ပါတယ်။ ဟုတ်ကဲ့ အနည်းဆုံးတော့ အဲဒီကိုယ့်မူဝါဒကို ကိုယ်လိုက်နာဖို့က
    လွန်စွာ အရေးကြီးတာပါ။ လူတိုင်းကောင်းသော အကျိုးအကြောင်းများကို မူဝါဒအဖြစ်ရှိနေတာကို
    ပြန်လည် သတိရ လိုက်နာ မယ်ဆိုရင် မနေ့ကသင်ထက် ဒီနေ့သင် ပိုမြင့်သွားပါပြီ။

  • blackchaw

    January 22, 2012 at 1:37 pm

    ကိုသစ်ရေ။
    လူတစ်ယောက်အတွက်
    မိမိကိုယ်ကို ယုံကြည်မှုက တော်တော်အရေးကြီးပါတယ်။
    ကျွန်တော့်တူလေးတွေကို ငယ်ငယ်တုန်းက ခရီးသွားတိုင်း
    ကားပေါ်မှာ မေးခွန်းလေးတွေ အပျင်းပြေသဘောနဲ့ လျှောက်မေးခဲ့ဘူးတယ်ဗျ။
    ၁၆ အလီ ရွတ်ပြစမ်းတို့
    မြန်မာနိုင်ငံရဲ့ မြို့တော်က ဘယ်မြို့လဲတို့
    ကုလအတွင်းရေးမှူးချုပ် ဘယ်သူလဲတို့ စသည်ဖြင့်ပေါ့ဗျာ။
    အဲဒါလေးတွေတစ်ခုခြင်းစီကနေ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ယူရတယ်လို့
    ကျွန်တော်ထင်တယ်ဗျ။
    အသိ သေးသေးလေးတွေအားလုံး စုပြီးမှ အကြီးကြီး ဖြစ်လာတယ်ပေါ့ဗျာ။
    ၁၆ အလီမရလည်း ဘာအရေးလဲဗျာ။ ဂဏန်းပေါင်းစက်ရှိနေတာပဲ။
    ဒါပေမယ့် ရထားတဲ့ လူက မရတဲ့လူထက် နည်းနည်းတော့ သာတယ်ထင်မိတယ်။
    နောက် အင်္ဂလိပ်စကားပြော တတ်တဲ့လူနဲ့ မတတ်တဲ့လူနဲ့ လည်း ကွာတယ်ထင်မိတယ်။
    မတတ်တဲ့လူက နိုင်ငံခြားသားတွေကြားရောက်သွားရင် အလိုလို ယုံကြည်စိတ်ပျောက်ဆုံးနေတတ်
    ပါတယ်။ ကိုယ်တွေ့မို့လို့ ပြောတာပါ။
    မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ဖို့ ချက်ခြင်းကြီးလုပ်ယူလို့ မရပဲ
    ရတဲ့အချိန်လေးမှာ ရသလောက် သင်ယူလေ့လာနေတာက
    အကောင်းဆုံးနည်းလမ်းလို့ ထင်မိတယ်။
    လိုရင်းရောက်မရောက်တော့ မသိဘူးဗျာ။
    နည်းနည်းတော့ ရှည်သွားတယ်။ နောက်တစ်ခါ
    ဝင်ဆွေးနွေးပါဦးမယ်။

    • thit min

      January 25, 2012 at 6:11 pm

      အတတ်ပညာသည် ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်ခြင်းတခုဆိုတာလက်ခံပါတယ် ကိုဘလက်ရေ။
      သူတတ်ထားတဲ့အရာမဟုတ်ရင်တော့ အားနည်းမယ်ဆိုတာတော့ရှိမပေါ့ဗျာ။
      နယ်ပယ် တိုင်းမှာ “ရာဇာ” မဖြစ်နိုင်ဘူးမဟုတ်လား။
      ကျနော်တို့ဆည်းပူးလေ့လာခွင့်မရှိသူများကိုစဉ်းစားပေးမယ်ဆိုရင်တော့ ကိုယ်ကျင့်တရားကောင်းမွန်ပါလို့
      ပြောထားမိပါတယ်၊အပေါ်ကစာထဲမှာပေါ့နော်။

  • blackchaw

    January 22, 2012 at 1:43 pm

    စကားမစပ် ကိုသစ်
    ကြယ်နှစ်ပွင့် ဖြစ်နေတာကို
    တွေ့ရတယ်ဗျာ။
    သူကြီးဆာဗာက ကိုသစ်ကို ဂုဏ်ပြုတယ်ထင်မိတယ်။
    မိုက်တယ် ကိုသစ်ရေ။

  • MaMa

    January 22, 2012 at 2:07 pm

    ဆြာသစ်ရေ-
    ပြဿနာတစ်ခုဖြစ်လာရင် ဖြေရှင်းတဲ့အခါ ကိုယ်သာ အခြားတစ်ဖက်ကဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ဖြေရှင်းရင် အမှန်တရားကို အလွယ်တကူ သိမြင်နိုင်မှာပါ။
    သည်းခံဆိုပေမယ့် နေရာတိုင်း၊ အခြေအနေတိုင်းမှာ သည်းခံနိုင်ဖို့ မလွယ်ပါဘူး။
    အမှန်အတိုင်း (မျှမျှတတ) ဖြစ်တဲ့ အခြေအနေကိုသာလျှင် လက်ခံနိုင်အောင် ကြိုးစားရမှာပါ။
    အဲဒီလိုလက်ခံနိုင်အောင်တောင် ကြိုးစားလေ့ကျင့်ယူရတာပါ။
    ကိစ္စတစ်ခုဖြစ်လာရင် ကိုယ့်ဘက်က အသာရအောင် ကြိုးစားချင်ကြတာချည်းပါပဲ။
    (ကိုယ်မှန်တယ်ချည်း ထင်မိတတ်တာကိုး)

  • TTNU

    January 22, 2012 at 11:55 pm

    ကိုသစ်ရေ…
    တီချာစကားမပြန်ဖြစ်လိုက်တာ ခွင့်လွှတ်စေချင်ပါတယ်။ မောင်ရင့် ဆောင်ရွက်ထားချက်တွေကို
    သဘောကျနေတာမို့ ကျေနပ်နေတာပါကွယ်။ လက်ခံပြီးသားပါ။

    တီချာဒီနေ့ နည်းနည်းလေးဝင်ဆွေးနွေးချင်တာကတော့…
    (ကိုယ့်အောင်မြင်မှု(သို့)လုပ်နိုင်စွမ်းကိုအသိအမှတ်ပြုပါ။) ဆိုတဲ့ အချက်လေးပါ။

    တီချာတို့ငယ်ငယ်တုန်းက ဘာ သာသနာပြုကျောင်းမှမနေခဲ့ရပါ။ ဖခင်ကြီးက မီးရထား
    ရုံပိုင်ကြီးမို့ ဟိုမြို ့ပြောင်းဒီမြို ့ပြောင်းနဲ့ ကျောင်းများစွာမြို ့များစွာမှာနေခဲ့ရဖူးပါတယ်။ ဆိုလိုတာက
    တော့ အင်္ဂလိပ်စာကို တရွှတ်ရွှတ်မပြောနိုင်ခဲ့ပါ။ အဖေပြောတာကိုသာ အားကျနားထောင်ခဲ့ရ
    တယ် ၊ တစ်နေ့ကျရင် အဖေ့လိုပြောတတ်အောင်လုပ်မယ်ဆိုတဲ့ လူမသိသူမသိ တိတ်တခိုး
    ဆုံးဖြတ်ချက်ကလေးသာ ရင်ထဲမှာရှိခဲ့ဖူးပါတယ်။

    အခြေအနေတွေပေးလာလို့ ထူးထူးချွန်ချွန်သင်ယူခွင့်ရလာတဲ့အခါမှာ စောစောကပြောတဲ့
    Hidden Ambition လေး(ပုံးကွယ် ရည်မှန်းချက်) အညွှန့်ထွက်လာခဲ့တယ်။ Self-confidence (မိမိကိုယ်ကိုယုံကြည်မှု) ပိုရှိလာခဲ့တယ်။ကြိုးစားမှုရဲ ့ ရလဒ်ကိုပိုင်ခွင့်ရလာခဲ့တယ်။
    Self-esteem (ကိုယ်ပိုင်စွမ်းရည်အပေါ် ယုံကြည်စိတ်ချမှု) လည်းရလာခဲ့တယ်။ အဲဒီအခါမှာ
    ကိုယ့်အောင်မြင်မှု(သို့)လုပ်နိုင်စွမ်းကိုအသိအမှတ်ပြုရဲလာတယ်။

    Mission ကျောင်းထွက်သူငယ်ချင်းတွေနဲ့ ကြုံတဲ့အခါ တစ်ခါတစ်ရံ (သိမ်ငယ်စိတ် ခေါ် အငုံ့စိတ်)
    Inferiority complex ရှိတတ်တာ ဝန်ခံရမှာပါ။ ဒါပေမဲ့ ဒီစိတ်ကိုအကြာကြီးမွေးမထားတတ်တာ
    သူများထက်တစ်ပန်းသာစေတယ်လို့ထင်ပါရဲ ့။

    ဖတ်ဖူးတဲ့ စာလေးနည်းနည်းကိုးကားပြောချင်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းက (၁၉၅၃ ခုနှစ်၊ ဒီဇင်
    ဘာလ) မှာမျှော်တလင့်လင့်ဝတ္တုနဲ့ စာပေဗိမာန်ဆုယူတဲ့အခမ်းအနားမှာ စကားပြောခါနီးဒီလိုစဉ်းစား
    သတဲ့။ “ကျွန်ုပ်သည် လောကီလောကုတ္တရာ ဆိုင်ရာဗဟုသုတဘက်တွင် အတော်ပြည့်စုံအောင်
    ဆည်းပူးထားခဲ့သည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်ထားသည့်အတွက်ကြောင့် ပရိတ်သတ်ကို
    မကြောက်၊ ရာထူးကြီးသူများကိုလည်းမကြောက်။”

    “စာရေးဆရာသာဓု ယမန်နှစ်ကပြောသွားသည့်စကားကို ဆရာသော်တာဆွေပြောပြထားသည်မှာ
    ..စာပေဗိမာန်ဆုကို ဆရာသာဓုက သူယူသည်မှာ ဤအကြိမ်သည်ပထမအကြိမ်ဖြစ်သော်လည်း၊
    နောက်ဆုံး မဖြစ်စေရ၊ ခဏခဏ ယူမည်ဟု ကြုံးဝါးသွားသည်ဆို၏။”

    “ကျွန်ုပ်သည်ဆရာသာဓုနှင့် ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကို လူရှော်ပါဟုရိုးသားစွာဝန်ခံမည်”။လို့ ဆုံးဖြတ်
    လိုက်တယ်တဲ့။ ဆုံးဖြတ်တဲ့အတိုင်းလည်း လူဗိုလ်ပုံအလည်မှာ ရဲရဲဝံဝံ ပြောခဲ့ပါတယ်။

    ဒီနေရာမှာ ဆရာကြီးရွှေဥဒေါင်းရဲ ့ ကိုယ့်အောင်မြင်မှု(သို့)လုပ်နိုင်စွမ်းကိုအသိအမှတ်ပြုနှိုင်စွမ်း
    ကို အံမခန်းတွေ့ရပါတယ်။ ဒီလိုစွမ်းအားတည်မိပြီဆိုရင် သိမ်ငယ်စိတ်တွေ ပါး၍ပါး၍ သွားမယ်
    ဆိုတာ သေချာမှာပါလို့ ကလေးတွေကို အားပေးလိုက်ပါရစေ၊

    မေတ္တာဖြင့်
    တီချာနု

    • Khin Latt

      January 23, 2012 at 3:16 am

      မှတ်သား သွားပါတယ် တီချာနုရှင့်။ 🙂

  • maungmoenyo

    January 23, 2012 at 2:44 am

    ဆရာသစ်မင်းခင်ဗျား..တွေးခေါ်မြော်မြင်မှုသဘောတရားစာတမ်းတခုလို့ယူဆပါတယ်။ လူ့ဝန်းကျင်လောကမှာ မိမိအဇ္ဖတ္တသဏ္ဍာန် ရဲ့ ပုံရိပ်ကိုလူသားတိုင်းသိရခက်ခဲပါတယ်။ စိတ်အပြား (၈၉)လို့ ဗုဒ္ဓကဆိုခဲ့တယ်ကလား။ တမဟုတ်ချင်းပြောင်းလဲနေတဲ့ စိတ်ရဲ့သဏ္ဍာန်ကိုတည်မှီနေတဲ့ရုပ်ရဲ့ပြောင်းလဲသွားမှုကို ဘေးကလူကချက်ချင်း အဓိပ္ပါယ်ဖေါ်နိုင်တာဟာလဲ လူရဲ့ နက်နဲတဲ့အင်္ဂါတစ်ရပ်ပါ။
    ပြည်ပလောကမှာလုပ်ကိုင်နေထိုင်စားသောက်ကြသူတွေအတွက် မောင်မိုးညိုအမြဲတိုက်တွန်းနေရတဲ့ ကိစ္စကတော့ ရိုးသားမှုနဲ့ ကြိုးစားမှုပါဘဲ။ ပညာတတ်တွေပေါများတဲ့ တိုးတက်တဲ့ နိုင်ငံတကာရုပ်ဝတ္ထုလောကမှာ ဒီဂုဏ်နှစ်ရပ်ဟာ ပိုက်ဆံပေးဝယ်လို့မရတဲ့ ဂုဏ်ဒြပ်ဆိုရင်မမှားဘူးပေါ့ခင်ဗျား။ အရေးကြီးတာကတော့ ကိုယ့်ရဲ့စိတ်သဏ္ဍာန်မှာတကယ်စွဲမြဲလာအောင် (development of mindset) ဒီဂုဏ်(၂)ရပ်ကိုလက်ခံရယူလုပ်ကြဘို့ပါဘဲ…။အခက်ခဲဆုံးအပိုင်းဆိုပါတော့ဗျာ…။

    • Khin Latt

      January 23, 2012 at 3:19 am

      အလွန်တန်ဖိုးရှိတဲ့ သတိပေးဆုံးမစကားပါဘဲ။
      အတတ်နိုင်ဆုံး ကြိုးစား သွားပါ့မယ်ရှင့်။ 🙂

    • thit min

      January 25, 2012 at 7:57 pm

      ဆရာမောင်မိုးညို ခင်ဗျား
      အနှစ်ကလေးပါဘဲ။
      ရိုးသားနေရုံနဲ့ မပြီးသေးဘူးလို့နားလည်လိုက်ပါတယ်။ကြိုးစားရအုန်းမယ်ပေါ့ဗျာ။
      ကြိုးစားသူများကလည်းရိုးသားဖို့လိုပြန်ကြောင်းနားလည်ရပါတယ်။လွန်စွာကျေးဇူးပါခင်ဗျ။

  • Khin Latt

    January 23, 2012 at 3:15 am

    မနေ့ည က ရွာထဲဝင်လိုက်ချိန် ဆီမီနာ(၃) ဆိုတဲ့ခေါင်းစဉ် ကို ထိပ်ဆုံး မှာ တွေ့ လိုက် တာနဲ့ ဆြာသစ် ရဲ့ စကားလုံး တွေနောက် ကို လိုက်ပါခဲ့ ရင်း
    ဘယ်လို ဘယ်ပုံ ဝင်ရောက် ဆွေးနွေးနိုင်မလဲ ၊
    သူ့ ဆွေးနွေးမှု ထဲ က အားနည်းချက် ကို ဝင် နိုင်ဖို့ ဘယ်နေရာ မှာ အကျအပေါက် ရှိနေလဲ ပေါ့။
    သူ့ရဲ့ ဆွေးနွေးချက် တွေ က သူ့တာသူလုံအောင် ပိတ်ထားသမို့ သေချာအောင် နောက် တစ်ခေါက် ပြန်ဖတ် ပေမဲ့ ထိုးဖောက်နိုင်ဖို့ အခြေမလှတာ ကို မြင်ခဲ့၊
    ဒီတစ်ခါမှာတော့ Mr Google ကလဲ ကယ်နိုင်ဖို့ လမ်းမမြင် နိုင်တော့ …….
    ရှေ့တိုး လို့ မရ ဘဲ စိတ်ပျက်လက်ပျက် နဲ့ တစ်ညကုန် သွား တယ် ဆိုကြပါစို့။

    မနက် ဖြတ်ကနဲ နိုးတော့ ခေါင်းထဲကို ပထမဆုံး ဝင်လာတာက “ဒီဆီမီနာ ကို ဘယ်လို ဝင်ရပါ့” မလဲ ဆိုတာပါဘဲ။
    အဲဒီအချိန် – မျက်နှာတစ်ခု ဖြတ် က နဲ ပေါ်လာတယ်။
    အရမ်းကို စူးရှတဲ့ မျက်လုံး အစုံကို မျက်မှန် အဝိုင်း တစ်စုံ က အားဖြည့်ထားတယ်။ မထူမပါး နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး တွေနဲ့ နှုတ်ခမ်း ရဲ့ အောက်က မေးစိပေါ်မှာ ထိထား တဲ့ လက် က ကမ္ဘာ့လူသား ပေါင်းများစွာ ကို ရူးသွပ်စေခဲ့တဲ့ (အမှန်တော့) ရူးသွပ်စေ ဆဲ နည်းပညာ တွေ ကို ဖန်ဆင်းပေးခဲ့တယ်။
    ဒါပေမဲ့ သူဟာ အတွေးအမြင်ကောင်းတဲ့ မျိုးရိုးဗီဇ ရှိတယ်လို့ သတ်မှတ်နိုင်တဲ့ ပညာ တတ် မိဘ နှစ်ပါး (ဂျာမန် အမေ နဲ့ ဆီရီယန် အဖေ) ကမွေးဖွား ခဲ့ပေမဲ့ အစွန့်ပြစ်ခံ ခဲ့ရတဲ့ အတွက် စိတ်ဒါဏ်ရာ ရခဲ့တဲ့ ခလေး ဖြစ်ခဲ့တယ်။
    ဒါကြောင့် တစ်ချို့ ကလဲ မှတ်ချက်ချကြတယ်။ သူဟာ သူ့ မွေးမိဘ နှစ်ပါးကို နောင်တ ရစေနိုင်ဖို့ အရမ်းအောင်မြင်အောင် ကြိုးစားခဲ့တာတဲ့။
    သူ့ကို မွေးစားခဲ့တဲ့ ကျွေးမိဘ နှစ်ပါး ကတော့ ငွေကြေး မကြွယ်ဝ လှပေမဲ့ စိတ်သဘော ပြည့်သူများ၊ ခလေးကိုမေတ္တာ၊စေတနာ အပြည့်နဲ့ ကောင်းရာလမ်းကြောင်း ရောက်အောင် ညွှန်ပြပေး နိုင်သူများလို့ ကျွန်မ မြင်ကြည့်နိုင်ပါတယ်။
    သူ့ကို မွေးစားခဲ့တာလို့ အသိပေးခဲ့ပေမဲ့ “မင်းဟာ အပစ်ပယ်ခံ ကလေး မဟုတ်ဘူး။ မင်းကို ငါတို့ ရွေးချယ်ခဲ့တာ၊ မင်းကို ငါတို့ အရမ်းချစ်တယ်” လို့ တချိန်လုံးအားပေးစကား ပြောပေးနေခဲ့သူတွေပါ။
    သူ့ကို ဂရုစိုက်တာ က အဲဒီ ကျွေးမိဘ တွေတင်မဟုတ်ပါဘူး။ သူဟာ အရမ်းဉာဏ် ကောင်းတာ အပြင် မိဘတွေ က စာတွေကြိုကြို သင်ပေးခဲ့လို့ ကျောင်းခန်းထဲမှာ စာအားလုံး ကို သိနေတာကြောင့် အဲဒီစာတွေကို ပျင်းနေတဲ့၊ အငြိမ်မနေနိုင်ဖြစ်နေခဲ့တဲ့ ခလေးပေါ့။ သူ့ကို လော်လီပေါ့ကြီးတွေ၊ ချောကလက်ကြီးတွေ အစ ပိုက်ဆံ နဲ့အဆုံး စည်းရုံးသိမ်းသွင်းပြီး ပိုမြင့်တဲ့ စာတွေ ကို ပေးရင်း ခက်ခဲခြင်းတွေ ကို စိမ်ခေါ်တတ်အောင် သင်ပေးခဲ့ တဲ့ ၄တန်းတုန်း က ဆရာမလဲ ရှိပါသေးတယ်။
    သူဟာ နောက်ပိုင်း တစ်ချိန်ကျတော့ သူ့ဆရာမ ကို “She was one of the saints of my life” လို့ ရည်ညွန်းပြောခဲ့ပါတယ်။

    အဲဒီနောက် မှာ ကျောင်း က သူ့ ကို ၅တန်း အတန်းကို ကျော်ပြီး အလယ်တန်းကိုပြောင်း တက်ခိုင်းပါတယ်။ မိဘတွေ ကတော့ သိပ်သဘောမကျခဲ့ပါဘူး။ အဲဒီ အလယ်တန်း ကျောင်း ရှိတဲ့ နေရာက ဆင်းရဲတဲ့ လူတွေနေတဲ့ ရပ်ကွက်မှာ ရှိတယ် ဆိုပါတယ်။ အဲဒီကျောင်းက ကျောင်းသား အများစု ဟာ စာကြိုးစားသူတွေ မဟုတ်ဘဲ အုပ်ဖွဲ့ပြီး အနိုင်ကျင့်တတ် ပါတယ်။ အဲဒီမှာတင် သူဟာ အဲဒီသူငယ် တွေရဲ့ ပစ်မှတ် ဖြစ်လာပါတော့ တယ်။ တစ်နေ့မှာတော့ “သူ့ကို တစ်ခြားကျောင်း ပြောင်းမပေးရင် ကျောင်းစာကို ရပ်တော့ မယ်” လို့ သူ့မိဘ တွေကို အရေးဆိုခဲ့တယ်။ ဒီမှာတင် သူ့မိဘ တွေဟာ သူ့အနာဂါတ်ကို တောက်ပစေမဲ့ နာမည်ကြီး ကျောင်း တွေရှိရာ မြို့ ကိုပြောင်း ခဲ့ကြတယ်။

    သူ့ အကြောင်းကို ဒီမှာ ခဏရပ်ပြီး ဆီမီနာ အကြောင်း ကိုပြန်သွားကြည့်ရင်ဖြင့်
    – မိုးဇက် ရဲ့ “ကလေးများ မိမိကိုယ်ကိုတန်ဖိုးထားတတ်စေရန်” Post ထဲ က လို သူဟာ ဉာဏ်ရည်ထက်တယ်လို့ သတ်မှတ်ရမဲ့ ဗီဇ အပြင် သူ့ကို စနစ်တကျ ကောင်းကောင်း ပျိုးထောင် ပဲ့ပြင်နိုင်တဲ့ မိဘ နဲ့ ဆရာ တွေအပြင် ပါတ်ဝန်းကျင် ကောင်းမှာ ကြီးပြင်းလာခဲ့ လို့ သူဟာယုံကြည်စိတ် အပြည့် နဲ့ အောင်မြင်ရေး လမ်းကြောင်း ကို ရဲဝန့် စွာ ချနိုင် လျှောက်နိုင်ခဲ့ တာလို့ ကျွန်မ မှတ်ချက် ချချင်ပါတယ်။

    နောက်တစ်ချက်ကတော့
    – သူဟာ pooch ရေးတဲ့ “အငုံစိတ် ၊ သိမ်ငယ်စိတ် ၊ ယုံကြည်မှုမရှိတတ်တဲ့စိတ်” Post ထဲကလို ခလေး မျိုး ပါဘဲ။ “မိဘ အရင်း ရဲ့ပစ်ပယ်ခြင်း” ဆိုတဲ့ စိတ်အနာ ကို ရခဲ့တာ သူ့တစ်သက် မပျောက် ခဲ့ပါဘူး။ အဲဒီစိတ် က သူ့ ကို လူတွေအပေါ် မကောင်းမြင် တတ်တဲ့ စိတ်ကို တွန်းအား ပေး နေခဲ့သလား တွေးမိပါတယ်။

    – အဲဒီနောက်မှာတော့ တီချာနု ရဲ့ “အလုပ်နဲ့ စရိုက်” Post မှ အချက် လေးတွေ နဲ့ သူ့ရဲ့ စရိုက် ကို တွဲကြည့် ကြပါတော့။

    (၁) သူဟာ သူ့အလုပ်ထဲ ကို ဒုတိယအကြိမ် ပြန်ဝင်လာချိန်မှာ ဘယ်လောက်တောင် ဆိုးသလဲ ဆိုရင်ဖြင့် သူနဲ့ ဓာတ်လှေခါး ထဲမှာ အတူတူ စီးမိသွား ရင်း ဓာတ်လှေခါး ထဲမှာတင် အလုပ် ပြုတ် သွား သူတွေ မနဲ ဘူးဆိုဘဲ။
    ဒါပေမဲ့ အဲဒီလို ဖြုတ်ပြီးရင် အိမ်ရောက်တော့ သူ့ကိုလာကြိုနေတဲ့ သူ့ ခြောက်နှစ် အရွယ် သား လေးကိုချီလိုက် ရင်း “သူဒီနေ့ အလုပ်ဖြုတ် လိုက်တဲ့ သူမှာလဲ ညနေရုံး အပြန် ဒီလို လာကြိုတဲ့ သားသမီးလေးတွေ ရှိမှာဘဲ။” ဆိုပြီး စိတ်မကောင်း ဖြစ်တတ်သတဲ့။
    ဒါပေမဲ့ သူဟာ သူ့လုပ်ငန်းအောင်မြင်ဖို့သာ အဓိကထားတာမို့ သူမှန်းထားတဲ့ အရည် အချင်း မရှိ ရင်တော့ အဲဒီလူကို ဖြုတ်ရ မှာဘဲ။ သူလိုချင်တာ A+ နဲ့ A Grade ၊ B Grade ကို မလိုချင်ဘူးတဲ့။
    တစ်ချို့တစ်လေ တော့လဲ အမြင်ကပ်ပုဒ်မ မိသွားတာ များလား။

    (၂) သူဟာ သူ့ထုတ်ကုန် တွေအတွက် သူလိုချင်တဲ့ စိတ်တိုင်းကျ ပုံစံ မဟုတ်ဘူး ဆိုရင် ဖြင့် အားလုံးကို အမြဲ ဖျက်ဆီးပြစ်သတဲ့။ အလုပ်မှာ Flexible ဖြစ်အောင် လုပ်ထားမယ် ဆိုတဲ့ စိတ် ဘယ်တော့ မှ မထားခဲ့ဘူးတဲ့၊

    (၃) သူတစ်ပါး တိုင်းပြည်သွားလဲ အဲဒီ က ဓလေ့ထုံးစံ တွေကို မလိုက်နာတတ်ပါတဲ့။

    (၄) သူဟာ သူ့ရဲ့ မွေးအမေ နဲ့ ညီမတို့ ကို တွေ့အောင် ရှာခဲ့ပေမဲ့ သူ့ မွေးအဖေ ကိုတော့ သိရက်နဲ့ တောင် အဆက်အသွယ် လုံးဝ မပြုခဲ့ပါ တဲ့။

    (၅) သူဟာ သူ့ရဲ့ biography ကို အမှန်အတိုင်းဖြစ်အောင် ရေးခိုင်းခဲ့တယ်။ အဲဒါကို သူဘယ်တော့မှ မဖတ်ဘူး လဲ ဆိုခဲ့တယ်။
    သူ့biography ကိုရေးသူက “သူ့ကို ချစ်သူ/မုန်းသူ” အပေါင်း နဲ့ Interview တွေလုပ် ပါတယ်။ တစ်ခါတစ်ခါ အကြောင်းဆုံ လို့ အဲဒီ Interview တွေထဲက သူ့အကြောင်း မကောင်းတာ တွေကြားရင်ဖြင့် အလွန် ဒေါသကြီးသတဲ့။
    ဒါပေမဲ့ သူအဲဒါတွေ ကိုတော့ biography ထဲမှာ အမှန် အတိုင်း ဘဲ ထည့်စေခဲ့ ပါတယ်။

    (၆) သူ့ ဘဝ ရဲ့ နောက်ဆုံး အချိန်တွေမှာ သူ့ကို ခင်မင်သူတွေ လာတွေ့ကြတယ်။ အဲဒီ မှာ သူနဲ့ တစ်ချိန်လုံး ပြိုင်ဖက် လို့ အများသတ်မှတ် ခဲ့တဲ့ Bill Gates လဲပါတယ်။ သူတို့ ၂ယောက် အလုပ်အကြောင်း မပြောဘဲ ဟိုးအရင် ပျော်စရာ အကြောင်းတွေ ကို သာ ပေါ့ပေါ့ပါးပါး ပြောခဲ့ကြတယ်။
    နောက် တစ်ယောက် က Google CEO Larry Page ။ အဲဒီ CEO ကိုတော့ သူက “ဒီကောင့် ကို တော့ ငါ နဲနဲ ပညာ ပေးခဲ့ရမယ်” ဆိုပြီး တွေ့ချိန်မှာ လက်ချာ အပြတ် ရိုက်ခဲ့သတဲ့။

    (၇) နောက်ဆုံး သေခြင်းတရား နဲ့ရင်ဆိုင် ချိန် သူ ပြောခဲ့တယ်။ သေခြင်းဆိုတာ ၂မျိုး ဖြစ်နိုင်တယ်။
    တစ်ချက် က – ထွက်သက် ရပ်အပြီး ကိုယ်ကျင်လည်နေခဲ့တဲ့ နေရာမှာ ပြန်ပြီး ဝင်စား ရ တာလား။
    နောက်တစ်ချက် ကတော့ ခလုတ်တစ်ခု ကို အပြီးပိတ်လိုက် သလို နေမှာတဲ့။

    နောက်ပြီး သူက ဆိုပါတယ်။ After Life ကို ယုံကြည်ချင်ပါတယ်တဲ့။
    ခလုတ်တစ်ခု ကို အပြီးပိတ်လိုက် သလို အားလုံးရပ်သွားမှာကို မလိုချင်ဘူးတဲ့။
    ဒါကြောင့် “သူ့ ရဲ့ Apple Product တွေမှာ On/Off Switch မထဲ့ချင်တာပါ” တဲ့။

    နောက်တစ်ခု သူပြောတာကတော့ “သေသွားတဲ့ အချိန်မှာ အားလုံး ပျောက်သွားမှာဘဲ။ တဖြေးဖြေး စုထားခဲ့တဲ့ Wisdom ကဘဲ ကိုယ်မရှိတော့လဲ လောကကြီးထဲမှာ တစ်နည်းတစ်ဟန် နဲ့ ကျန်ခဲ့မှာပါတဲ့။”

    သူဟာ …..…
    သူဟာ ..……
    သူဟာ ……..

    ကျွန်မတို့မှာ သူချန်ခဲ့တဲ့ သူ့စရိုက်အကြောင်း တွေ ဟာ အများကြီး ပြောစရာ မကုန်နိုင် သေးအောင် ပါဘဲ။

    ဟုတ်ပါတယ်။ အားလုံး သိခဲ့ကြသလိုပါဘဲ။
    ဒါဟာ ကျွန်မ တို့ရဲ့ သူရဲကောင်း Steve Jobs ချန်ခဲ့တဲ့ သမိုင်းပါဘဲ။
    ဒါဟာ လူတစ်ယောက် ရဲ့ သမိုင်းပါဘဲ။

    သူ့ရဲ့ သားလေး က အခု အသက် ၂၀။ သူကတော့ သူ့အဖေရဲ့ လုပ်ငန်း စိတ်မဝင်စား ဘဲ သူ့အဖေခံစား ခဲ့ရတဲ့ ကင်ဆာ လိုမျိုးကို ကုသပေးနိုင်မဲ့ မျိုးဗီဇ ဆဲလ် တွေကို ရှာဖို့ Oncologist – ကင်ဆာ သုတေသန ပညာရှင် အလုပ်ကို စိတ်ဝင်စားပါတယ် တဲ့။

    ကျွန်မ ဆက်တွေး မိပြန်ပါတယ်။
    သူ့အဖေ ရဲ့ မျိုးဗီဇ ဆဲလ် သိမ်းဆည်း သိုမှီး ထားခဲ့တာတွေနဲ့ သူ့အဖေ နဲ့ ပုံစံတူ တစ်ယောက် Clone လုပ်ပြီး မွေးဖွားဖို့များ စိတ်ကူး ရှိလေရော့သလား။
    အဲဒီ Clone လေးက Steve Jobs နဲ့ ရုပ်ကတော့ တူမှာ အမှန်ပါဘဲ။
    သူ့ကို ကြီးကြပ် စောင့်ကြည့်နေမဲ့ မိဘ နဲ့ ပါတ်ဝန်းကျင် က လဲ အင်မတန် အဆင့်မြင့် မှာပါဘဲ။ ချစ်ခင် ယုယ ကြင်နာ မှုတွေ နဲ့လဲ ကြီးပြင်းလာမှာပါ။
    ဒါဆိုရင်တော့ ကောင်းတာတွေ စုနေတဲ့ စရိုက် တွေချည်း ရှိတဲ့ လူသား ဖြစ်လာမလား။
    Steve Jobs ရဲ့ ပင်ကိုယ် မူရင်း စိတ် စရိုက် အတိုင်းဘဲ ဖြစ်နေမလား။
    ဆိုးတဲ့ စရိုက် ဘက် ပို နွယ်မလား။
    ဘယ်လို စရိုက်မျိုး နဲ့ ရှင်သန်လာမှာလဲ။
    ကျွန်မ သိချင်နေပါ၏။

    ကျွန်မ အတွေး ဖြည့်ရရင်
    “လူတွေ အတွက် သမိုင်း” ဆိုတာ Mile Stones တွေ တစ်ဆင့်ခြင်း ထားခဲ့ကြပြီး လောကကြီးထဲက ထွက်သွားချိန် ကျတော့ ကျန်ရစ်သူတွေ က Review ပြန်လုပ်ပေးကြတာ” လို့ ………
    ပြောနိုင်မလား။

    ကျွန်မတို့ သာမာန်လူတွေ အနေနဲ့လဲ မသေခင် အချိန်လေးမှာသူ့အတိုင်း သူ့အထွာ နဲ့သူ တော့ Mile Stones တွေ ဆိုတာ ကျင်လည်ရာ ပါတ်ဝန်းကျင် မှာ အမြဲကျန်ပါတယ်။
    ဥပမာ – ကျောင်းကနေ ထွက်လာတယ်၊ နေရာ တစ်ခု ကနေ တစ်နေရာ ရွှေ့ တယ်။ အလုပ်တစ်ခုကနေ တစ်ခု ကို ပြောင်းကြတယ်။ အဲဒီ တွေမှာ ကိုယ် ပြုမူ ခဲ့တဲ့၊ ပြောဆို လုပ်ကိုင် ခဲ့တဲ့၊ ပေါင်းသင်းဆက်ဆံ ခဲ့တဲ့ စရိုက် တွေဟာ အမြဲကျန်ခဲ့ပါတယ်။

    ဒါပေမဲ့ မိဘ ကောင်းတိုင်း၊ ပါတ်ဝန်းကျင်ကောင်းတိုင်း၊ စရိုက် ကောင်းတိုင်း ဟာ ကိုယ့်ရဲ့ သမိုင်းဟာ သမိုင်းကောင်း ဖြစ်စေသလား။ ?????????????????

    ကျွန်မ ကတော့
    ဘယ်လောက် ကိုယ့် ပါတ်ဝန်း ကျင် ကို အကျိုးပြုခဲ့ သလဲ၊
    ဘယ်လောက် ကိုယ့်ပါတ်ဝန်းကျင်က လူတွေကို စိတ်ရင်းအမှန် နဲ့ ကူညီ ခဲ့လဲ ဆိုတာ တွေ ပေါ်မှာဘဲ မူတည် ပြီး သမိုင်းကောင်း ဆိုတာကျန်မယ် ……………..
    မသေခင် အချိန် အထိကတော့ ကိုယ့်သမိုင်း ကိုယ်ကို ကောင်းအောင် ပြန်ပြန် ရေးနိုင်ကြတယ် ……
    လို့ …..
    ထင်တာပါဘဲ။ 🙂

    လေးစားစွာဖြင့်

    PS – ဆီမီနာ ခေါင်းစဉ် နဲ့ မဆိုင် ဘဲ ချော်ထွက် သွားခဲ့ရင် ခွင့်လွှတ်ကြပါ။ 😉
    မှီငြမ်း – Steve Jobs: The Exclusive Biography by Walter Isaacson

  • Green Rose

    January 23, 2012 at 10:57 pm

    ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဦးစီးဦးဆောင်ပြုခြင်း၊ အဲဒီ့၃ခု လုံး လုပ်နိုင်ဖို့က အဲဒီ့၃ ခုစလုံး balance ဖြစ်ဖို့လိုမယ်ထင်တယ်။ ဦးစီးဦးဆောင်လုပ်နေတဲ့လူတွေ အကုန်လုံးဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့လူတွေပါပဲ။ ကိုယ့်ကိုကိုယ်မှ ယုံကြည်မှုမရှိပဲနဲ့တော့ ဘယ်လိုအဖွဲ့အစည်းမျိုး ကိုမှ ဦးစီးဦးဆောင်မလုပ်နိုင်ဘူးလို့ထင်ပါတယ်။ ဒါပေမယ့် ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုတဲ့အပိုင်းကျတော့ မလွယ်ဘူးထင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတဲ့သူ အတော်များများဟာ ပူးပေါင်းဆောင်ရွက်မှုမှာ အားနည်းတတ်ကြတယ်။ ဦးဆောင်ဦးရွက်ပဲပြုချင်ကြတာ၊ နောက်ပြီး ဆုံးဖြတ်ချက်တစ်ခုခု ချဖို့ဆိုရင်လည်း ကိုယ့်ဆုံးဖြတ်ချက်ကသာ အမှန်ဆုံးလို့ ထင်တတ်ကြတာ။
    အဲဒီ့တော့ စဉ်းစားမိတာက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူတွေ အချင်းချင်းကြားမှာဆိုရင် တစ်ယောက်ရဲ့ ဦးဆောင်မှုနောက်ကို တစ်ယောက်က လိုက်ဖို့မလွယ်ပေမယ့် ပူးပေါင်းဆောင်ရွက်မှု ကိုတော့ လုပ်နိုင်ကြမှာဖြစ်ပြီး၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့သူနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့သူတွေ ကြားမှာဆိုရင်တော့ ယုံကြည်မှုရှိတဲ့သူရဲ့ ဦးဆောင်မှုနောက်ကိုပဲ ကျန်တဲ့သူတွေက လိုက်လာမှာဖြစ်ပြီး၊ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ အဆင့်ကို ရောက်လာကြမယ်လို့ မထင်ပါဘူး။
    ပူးပေါင်းဆောင်ရွက်မှုဆိုတာ level တူတဲ့သူတွေကြားမှာပဲရှိပါတယ်။ level ကွာဟမှု များလာတာနဲ့ ဘယ်လိုပဲ ပူးပေါင်းဆောင်ရွက်မှုလို့ အမည်တပ်ထားပါစေ ပူးပေါင်းဆောင်ရွက်မှု မဖြစ်နိုင်ပါဘူး၊ level မြင့်သူဦးဆောင်တဲ့နောက်ကို level နိမ့်သူက လိုက်သွားတာမျိုးပဲဖြစ်မှာပါ။
    နောက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ယူတဲ့နေရာမှာလည်း စဉ်းစားစရာ တစ်ခုက self confidence အဆင့်မှာတင် မရပ်ပဲ over confidence အဆင့်အထိ ရောက်မသွားရအောင် ဘယ်လိုထိန်းမလဲဆိုတာပါ။ Green Rose ဆိုရင် ငယ်ငယ်ကတည်းက မိဘတွေက self confidence ရှိအောင်လေ့ကျင့်ပေးခဲ့တာပါ။ ဒါပေမယ့် တစ်ခါတစ်ခါကျရင် ယုံကြည်မှုရှိတဲ့အဆင့်ထက် လွန်လွန် သွားတာတွေ ရှိတတ်ပါတယ်။ အဲဒီ့အချိန်မျိုးဆိုရင် ကိုယ်မှန်တယ်လို့ ထင်တာမျိုးမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်မိပဲ လုပ်မိတာတွေ ရှိပါတယ်။ သူများပြောတာဆိုရင်လည်း လက်တွေ့မှ မဟုတ်ရင် မယုံဘူးဆိုတာမျိုးပေါ့။ အများနဲ့ပူးပေါင်းဆောင်ရွက်မှုက အဲဒီ့လို over confidence ဖြစ်မသွားအောင် ုထိန်းပေးနိုင်မယ်လို့ထင်ပါတယ်။ ခက်တာက ပူးပေါင်းဆောင်ရွက်တာ မဟုတ်ပဲ ဦးစီးဦးဆောင် ်ပြုနေတာမျိုးဆိုရင်တော့ ပိုပြီးများဆိုးသွားမလားပဲ။ ကိုပြောသမျှနောက်ကလိုက်လုပ်မယ့်သူကရှိနေပြီကိုး။
    ဟစ်တလာ ဆိုရင် over confidence အဆင့်ကိုရောက်သွားတယ်လို့ထင်ပါတယ်။
    နောက်တစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်းပါ။ ရိုးသားမှုလည်းရှိ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်းရှိ၊ ဦးစီးဦးဆောင်လည်း ပြုနိုင်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုဆိုတာကိုလည်း ကောင်းကောင်းနားလည် နေတဲ့သူပါ။ ကိုယ်ကျိုးဆိုတာလည်း မကြည့်ပဲ အများအကျိုး၊ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက်ပဲ တစ်ဘဝလုံး နေခဲ့တဲ့သူမျိုးပါ။ ဒါပေမယ့် ပြောရရင် လုပ်ကြံခံရတဲ့ အကြောင်းရင်းထဲက တစ်ခုဟာ ဗိုလ်ချုပ်ရဲ့ မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲသွားတဲ့အချက်က တစ်ချက်အပါအဝင်လို့ ပြောလို့ရမယ် ထင်ပါတယ်။ သတိပေးတဲ့ သူတွေ သတိပေးနေတဲ့ကြားက ဖြစ်သွားရတာပါ။ (ဗိုလ်ချုပ်ကို စော်ကား တာမျိုးမဟုတ်ရပါဘူး over confidence ရဲ့ကြောက်စရာကောင်းပုံကို ပြောပြချင်ယုံသပ်သပ်ပါ)။
    အဲဒီ့တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်တာကတော့ ဟုတ်ပါပြီ၊ လွန်ကဲမသွားအောင်တော့ ဘယ်လိုထိန်းရမလဲလို့သိချင်ပါတယ်။
    ဒီပို့စ်လေးကို ရေးတဲ့ ဆရာသစ်မင်းကို ကျေးဇူးတင်ပါတယ်။ တကယ်တန်ဖိုးရှိတဲ့ post လေးပါ။

    • Khin Latt

      January 24, 2012 at 6:11 am

      နှင်းဆီစိမ်း သမီးရေ –
      သမီးတွေးတာ မှန်ကောင်းမှန်ပါမယ်။
      ဒါပေမဲ့ ခက်တာက ကောက်ချက်ဆိုတာ ဖြစ်ပြီးမှ ချကြရတာကိုး။
      မဖြစ်ခင် “မသိနိုင်သေး၊ မမြင်နိုင်သေး” တဲ့ လမ်းကို လျှောက် နေရတဲ့ တုန်းမှာတော့ ဘာဖြစ်မယ် ဆိုတာ ဘယ်သူမှ ကြိုမမြင်၊ ကြို မမှန်းနိုင်ပါဘူး။
      အရီးကတော့ ဗိုလ်ချုပ်ကို overconfidence လို့မသုံးချင်ပါဘူး။
      တကယ်တော့ သူဟာ လူတွေကို ရိုးသားစွာ အယုံကြည် လွန်ခဲ့တာပါ။
      ဟစ်တလာ နဲ့ နှိုင်းလို့ မတူပါဘူး သမီးရေ။
      အရီး အတွေးလဲ မှားနိုင်ပါတယ်။
      ဒီလိုလာပြီး သမီး အမြင် ကိုဆွေးနွေးတာ အရမ်းကိုကောင်းပါတယ်။
      ဒီလို မတူတာတွေကို စုရင်း ပိုကောင်းအောင် တွေးကြည့်၊ လုပ်ကြည့်လို့ ရတာပေါ့။
      မဟုတ်လား။
      သမီး ဆွေးနွေးတာလေးကို ကြိုဆိုပါတယ် သမီးရေ။ 🙂
      ချစ်ခင်စွာဖြင့်
      အရီးလတ်

    • ဖားသက်ပြင်း

      January 24, 2012 at 7:24 am

      ဆြာသစ်ရေ့ …
      အင်း … ရွာ့ အပျိုဂျီးဒွေ
      (ဖက်ရှင်ဆိုင်ပိုင်ရှင် နှင့် ပန်းသီးဆိုင်ပိုင်ရှင်) ကတော့ ဆြာသစ်ကို ထိုးဖောက်မယ် ဆိုတာချည်းဘဲ…
      😀

      မူရင်းပိုစ့်တွေမှာ မန့်ခဲ့ပေမယ့် ..ထိုထက်ပိုပြီး မတွေးတတ် မမြင်တတ်တော့လို့
      ဖတ်ပြီး အားပေးရုံ အားပေးသွားတယ် လို့ သတင်းပို့ပါတယ်ခင်ဗျား ….။

      ကိုသစ်ကိုယ်စား ရွာသူသစ်လေး Green Rose ကိုပဲ အားပေးတော့မယ်ဗျာ..။။

      @မ Green Rose ရေ…

      ကိုသစ်က
      ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဦးစီးဦးဆောင်ပြုခြင်း၊
      လို့ပြောထားတယ်နော …. Morality ပိုင်းတွေခင်ဗျ…..

      ယုံကြည်မှု တည်ဆောက်တဲ့အပိုင်းမှာ ကိုယ့်ကိုကိုယ် ယုံသလို တဖက်လူကို လည်း ယုံမယ်ဆိုရင်
      ပူးပေါင်းဆောင်ရွက်လို့ ရကြောင်းပါခင်ဗျား …။ ထိုနည်းတူစွာ တဖက်လူရဲ့ ယုံကြည်ကိုးစားခြင်းကို
      ခံယူရရှိမယ်ဆိုရင် ဦးစီးဦးဆောင်လည်း ပြုနိုင်ကြောင်းပါ…(ထိပ်ဆုံးမှာပါတဲ့ self-confidence ရှိတဲ့လူပဲဟာ နော…)

      ပူးပေါင်းဆောင်ရွက်မှုဆိုတာ level တူတဲ့သူတွေကြားမှာပဲရှိပါတယ်။ level ကွာဟမှု များလာတာနဲ့
      ဘယ်လိုပဲ ပူးပေါင်းဆောင်ရွက်မှုလို့ အမည်တပ်ထားပါစေ ပူးပေါင်းဆောင်ရွက်မှု မဖြစ်နိုင်ပါဘူး၊ level
      မြင့်သူဦးဆောင်တဲ့နောက်ကို level နိမ့်သူက လိုက်သွားတာမျိုးပဲဖြစ်မှာပါ။

      သည်တော့ ဒါလေးကိုတော့ ငြင်းပါရစေဗျား …အစ်မ ဆိုလိုချင်တဲ့ level ဆိုတာ skill ပိုင်းကိုပြောချင်တာ လို့
      ယူဆပါသည်….။
      အပေါ်မှာက moral ပိုင်းတွေပဲ ဆွေးနွေးထားတာနော ….skill ပိုင်းကို နွယ်ယူပြီး ပြောမယ်ဆိုရင်လည်း …
      ပူးပေါင်းဆောင်ရွက်မှု cooperation, collaboration, teamwork ဒါတွေ မှာ leader, follower ရှိတာပဲဗျ..
      မြင့်တဲ့လူနောက် နိမ့်တဲ့လူ လိုက်တာလည်း ပူးပေါင်းဆောင်ရွက်ခြင်း ပဲ မဟုတ်လားဗျ….
      level တူချင်းမှ တန်းတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်တာကိုပဲ ပူးပေါင်းဆောင်ရွက်ခြင်း လို့ မမှတ်စေချင်ဘူးဗျာ…။

      ဆရာဝန်နဲ့ နာစ့် ၊ တရားသူကြီးနဲ့ ရှေ့နေ ၊ ကျောင်းဆရာ နဲ့ ကျောင်းသား၊ Cook နဲ့ Waiter
      ဒရိုက်ဘာ နဲ့ စပါယ်ယာ ၊ မင်းသားနဲ့ ဇာတ်ပို့ level တွေ skills တွေမတူဘူးနော … lead role, follow role
      တွေလည်း ကွာတယ်..ဒါပေမယ့် အလုပ်တခု ပီးအောင် တော့ ပူးပေါင်း ဆောင်ရွက်
      ကြရတယ်မဟုတ်လားဗျ ….၊ workdone တော့ ရမယ်ပေါ့ဗျာ..

      ပြန်ကောက်ရရင် moral ပိုင်းအရ အပေါ်က ရေးထားတာတွေ ကောင်းမယ်ဆိုရင်ဖြင့် ပူးပေါင်း လုပ်ကြတဲ့
      အလုပ်တခုရဲ့ workdone ရဲ့ quality တက်လာမယ်ပေါ့ ….။

      ကံဆိုတာ အလုပ်တဲ့ …။ အလုပ်ကောင်းမှ ကံကောင်းမည် ဆိုထားတော့ quality of workdone တက်လာရင်
      quality of life လည်း မလွဲမသွေ တက်လာမယ် လို့ ထင်မြင်ယူဆပါကြောင်း…။

      over confidence အကြောင်းကတော့ အရီးတော် ပြောပြီးသွားပါပြီ…
      ထပ်မံ အားဖြည့်ရရင်ဖြင့် ..

      ကိုယ်မှန်တယ်လို့ ထင်တာမျိုးမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်မိပဲ လုပ်မိတာတွေ ရှိပါတယ်။ သူများပြောတာဆိုရင်လည်း လက်တွေ့မှ မဟုတ်ရင် မယုံဘူးဆိုတာမျိုးပေါ့။

      ဆိုတာမျိုးမဖြစ်အောင် ထိန်းနိုင်တာကတော့ …
      – self-confidence အပြင် တဖက်လူ တပါးသောလူကိုလည်း ယုံကြည်ခြင်း ရှိမယ်…၊
      – လူကိုလူလိုသိတဲ့ စနစ်တခု ကိုလည်း ကျင့်သုံးနေမယ် ၊
      – lead role ကို follow ကလူတွေက ဝေဖန်ထောက်ရှုနိုင်မယ်၊
      – ပွင့်လင်းမြင်သာမှုရှိမယ်ဆိုရင် ထိန်းလို့ ရမယ် ထင်ကြောင်းပါ…။

      ဒါတွေက over-confidence ဖြစ်လာတော့မှ လုပ်ရမယ့် အလုပ်တွေတော့ မဟုတ်ဘူးခင်ဗျ…။
      ပူးပေါင်းဆောင်ရွက်ဖို့ စတင် စုစဉ် ဖွဲ့စဉ်ကတည်းက လမ်းကြောင်းချမှတ်ပြီး သွားရမှာတွေပါဗျာ …။
      ရပ်တည်မှုကွာရင် အမြင်ကွာတတ်တယ်တဲ့ …သိပ်တော်လာရင် ကိုယ်ပဲမှန်မယ်ထင်တတ်တယ်
      ဆိုတာမျိုးတွေ ခဝါချနိုင်အောင် စတင် စုဖွဲ့ကတည်းက soulmates တွေဖြစ်အောင် တည်ဆောက်ယူကြမယ်
      shared dreams တွေ ပိုင်ဆိုင်တဲ့အပြင် ..
      ယုံကြည်မှုကိုမှ တင်စားရရင် psychological contracts တွေ ခိုင်မာစွာ ချုပ်ခဲ့ကြမယ် ဆိုရင်ဖြင့်…..။

      ခင်တဲ့ ..
      ဖားသက်ပြင်း။

    • Green Rose

      January 24, 2012 at 10:16 pm

      အမှားပြင်ဆင်ချက်လေးပါ။
      “ကိုပြောသမျှနောက်ကလိုက်လုပ်မယ့်သူ”ဆိုတဲ့နေရာလေးမှာ “ကိုယ်ပြောသမျှလိုက်လုပ်မယ့်သူ”လို့ ပြင်ဆင်ဖတ်ရှုပေးစေချင်ပါတယ်။
      နောက်ပြီး.. ဗိုလ်ချုပ်ကို ဟစ်တလာနဲ့ နှိုင်းတာမဟုတ်ရပါဘူး အရီးရယ်။ Green Rose က ထင်သာမြင်သာရှိတဲ့လူ ၂ ယောက်ကို ဆွဲထုတ်ပြယုံပါ။
      ဖားသက်ပြင်းရဲ့ ထောက်ပြမှုလေးတွေအတွက် ကျေးဇူးပါ။ Green Rose ပြန်စဉ်းစားကြည့်လိုက်ပါဦးမယ်။

  • padonmar

    January 23, 2012 at 11:21 pm

    ကိုသစ်ဆွဲထုတ်ပေးလိုက်တော့ စာလေးတွေက ပိုလှသွားတယ်၊
    တီချာနုနဲ့ မခင်လတ်ရဲ့ ကွန်မန့်တွေကလည်း ပို့စတင်ရလောက်အောင် ကောင်းတာတွေပါပဲ၊
    ဉာဏ်မီသလောက်လေး ဝင်ပြောချင်ပါတယ်။

    “၁၀။ကောင်းမယ်ထင်၍သတ်မှတ်ထားသော ကိုယ့်စည်းကမ်းများ ကိုယ်လိုက်နာရန်မပျက်ကွက်ပါနှင့်။
    ၁၁။သူတပါးကိုကူညီပါ။”

    ကိုရီးယားကားတစ်ခုမှာ ကြည့်လိုက်ရဖူးပါတယ်၊ဇာတ်လိုက်မင်းသားဟာ တော်တော်ကူညီတတ်ပါတယ်၊သူများအတွက် ကလေးအဖေ အမည်ခံပေးတာကအစ ၊နောက်ဆုံး သူချစ်နေမိတဲ့ ဇာတ်လိုက်မင်းသမီးကိုတောင်မှ သူမရဲ့ ရည်းစားနဲ့ ပေါင်းနိုင်ဖို့ သူငယ်ချင်း စိတ်ဓာတ်နဲ့ ကူညီပေးသွားပါတယ်၊အဲဒီနောက် နိုင်ငံခြားထွက်သွားဖို့ လေယာဉ်ပေါ် အတက်မှာ မိန်းမကြီးတစ်ယောက်ကို ကူညီပေးတော့ မင်းကတော်တော် စိတ်ထားကောင်းတာပဲ၊ဘာလို့ ဒီလိုကူညီတတ်တာလဲလို့ အမေးခံရပါတယ်၊ သူက ငါ့ရှေ့မှာမိန်းမတွေ ဒုက္ခရောက်တာ မမြင်ချင်လို့ပါလို့ ရွှတ်နောက်နောက်ပြောပြီးမှ သူတပါးဒုက္ခရောက်တာ မတွေ့ချင်လို့ပါလို့ ဖြေတာလေးနဲ့ ဇာတ်သိမ်းထားပါတယ်။
    အဲဒီဇာတ်သိမ်းလေး သဘောကျလို့ သူတပါးကိုကူညီတတ်ဖို့ ကြိုးစားပါတယ်။
    ဒါပေမယ့် ကာလရှည်ကြာ ကျင့်သားရနေပြီဖြစ်တဲ့ ကိုယ့်ဖက် မနစ်နာရေးကို Reflex လိုတွေးမိနေတော့ Conflict ဖြစ်ဖြစ်နေပါတယ်။

    “၃။ ပြီးပြည့်စုံသော သူ မရှိဟု သိထားပါ။”
    ဒါလေးနဲ့ စိတ်ကိုဖြေပြီး

    “၁။ကိုယ့်အားနည်း ချက်ကို ကိုယ် သိပါ။စိတ်ပိုင်းဆိုင်ရာအားနည်းချက်များကို ပြင်ဖြစ်အောင်ပြင်ပါ။
    ၂။မိတ်ဆွေများနှင့်စကားစမြည်ပြောပါ၊ ရင်ဖွင့်ပါ။”

    ၁ နဲ့၂ အတိုင်း ဂေဇက်မိတ်ဆွေတွေဆီ ရင်ဖွင့်လိုက်ပါတယ်။

    ကိုသစ်ရဲ့ ဆီမီနာကိုတော့ အချက်အလက် ဖြည့်ပေးနိုင်စွမ်းမရှိပါဘူး၊(မလတ်ပြောသလို ထိုးဖောက်စရာရှာမရလို့)

    • Khin Latt

      January 24, 2012 at 4:27 am

      အစ်မ ပဒုမ္မာ ကျေးဇူးဘဲ ။
      ဟီး .. ဟီး … ဟီး… (သဘောကျလွန်း၍ ပြုံးနေခြင်း ကို စကားလုံးဖြင့် သရုပ်ဖော်ပါ၏) 😉

  • koaung

    January 24, 2012 at 5:08 am

    လူ ရယ်လို့ဘဝအဆဖြစ်တည်မှုမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဆိုပြီး အခြေခံအကြောင်းအရင်း ၂ချက်ကအဓိကနဲ့ရှင်သန်ကြီးပြင်းကြရပါတယ် စိတ်ပိုင်းဆိုင်ရာ လူ့ဘဝ ရှင်သန်ရေးမှာ (ရိုးသားမှု) ကအရေးအကြီးဆုံးပါ ရုပ်ပိုင်းဆိုင်ရာ လူ့ဘဝရှင်သန်ရေးမှာ (ကြိုးစားမှု) ကအရေးအကြီးဆုံးပေါ့ဗျာ ဒါကြောင်ရှေးလူကြီးများက (ရိုးရိုးသားသား၊ကြိုးကြိုးစားစား) ဆိုပြီးဆုံးမပြောဆိုကြပါတယ် ဘယ်နေရာဘဲရောက်ရောက် ဘယ်နိုင်ငံဘဲရောက်ရောက် ဘယ်ဘဝဘဲရောက်ရောက် လူဝင်ဆံ့ချင်တယ် လူရာဝင်ချင်တယ် ကိုယ်ကသူများကိုဦးဆောင်ချင်တယ် လူအလေးစားခံချင်တယ်ဆိုရင်ပေါ့ဗျာ

    ၁ ရိုးရိုးသားသားနေတတ်ဘို့က သူများကိုလိမ်တာထက် ကို့ကိုကိုယ် မလိမ်ဘို့ အဓိကကျပါတယ်(ကိုယ်ကျင့်တရားတခုပါ)

    ၂ ကြိုးကြိုးစားစား ကတော့ကိုယ်ရဲ့လုဎ်ဆောင်ချက် ရည်ရွယ်ချက်ဟာ အများကိုမထိခိုက်ဘဲ အများအကျိုးပြုစေရန် အဓိကကျပါတယ်(ကိုယ်တိုင်ရေးတဲ့ကိုယ့်သမိုင်းတခုပေါ့ဗျာ)

    လူ့ဘဝတခုဟာ ရခဲသလို အန်မတန်မှတိုတောင်းလှပါတယ် နေတုံးနေခိုက်ရတုံးရခိုက်လေး ရိုးရိုးသားသား။ကြိုးကြိုးစားစား လေးနဲ့ ဘဝကိုရှင်သန်ကြပါစို့လား

    ဆရာသစ်ရေလေးစားလျှက်

  • wathanmin

    January 24, 2012 at 12:58 pm

    ကိုယ့်ကိုယ်ယုံကြည်ခြင်းဆိုတာနဲ့ ပါတ်သက်လို့ ဆွေးနွေးရမယ်ဆိုရင်
    ကျွန်မတို့ ကုမ္မဏီဟာ မတူညီတဲ့ မြို့နယ်တစ်ခုချင်းစီမှာ လုပ်ငန်းတွေ လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းဖြစ်ပါတယ်။
    မြို့နယ် မတူညီပေမယ့် လုပ်နေတဲ့လုပ်ငန်းက ဒီလုပ်ငန်းပါပဲ။
    ဆိုတော့……… အတိုချုပ်ရမယ်ဆိုရင် မြို့နယ်ဧရိယာ၊ လူဦးရေ၊ လူနေမှု့အနေအထား
    ပေါ်မူတည်ပြီး လုပ်ငန်းအောင်မြင်မှု့ ရလဒ်တွေ ဟာ တစ်မြို့နယ်ချင်းစီ မတူညီကြပါဘူး။
    ထုံးစံအတိုင်း company ရဲ့ Head တွေက ကျန်မြို့နယ်တွေကိုလဲ ဖိအားပေးပြီး ကြိုးစားခိုင်းပါတယ်။
    အဲ့ဒီမှာ အဆင်ပြေအောင်မြင်နေတဲ့ မြို့နယ်ရဲ့ မန်နေဂျာကို ကျန်တဲ့မြို့နယ်အသီးသီးရဲ့
    မန်နေဂျာတွေက တိုက်ခိုက်တော့တာပါပဲ။
    အဲ့ဒီမှာ ကျွန်မ ပြောချင်တာက တိုက်ခိုက်ခံရတဲ့ မန်နေဂျာရဲ့ ကိုယ့်ကိုယ်ယုံကြည်မှု့ရှိခြင်းပါ။
    မည်သူတွေ မည်မျှပင် တိုက်ခိုက်စေကာမူ သူ့မြို့နယ်ရဲ့ အောင်မြင်မှုရလဒ်ဟာ ရပ်တန့်သွားခြင်း မရှိသလို လျှော့နည်းသွားခြင်းလဲ မရှိခဲ့ပါဘူး။
    ဒါကြောင့် ကျွန်မကိုယ်တွေ့အနေနဲ့
    “ကိုယ့်ကိုယ်ယုံကြည်မှု့ရှိခြင်းမှာ ထပ်မံဖြည့်စွက်ချင်တာက ကိုယ့်ကိုယ်ယုံကြည်မှု့ရှိအောင်
    ကြိုးစား တည်ဆောက်ပြီး တဲ့အချိန်မှာ သူတစ်ပါးကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု့တွေ မပျောက်ပျက်အောင် ထိမ်းသိမ်းထားဖို့လဲ လိုအပ်ပါတယ်လို့”

  • ba gyi

    January 24, 2012 at 1:45 pm

    ရွာနဲ့ ၊ဒီဇင်ဘာလောက်ကတည်းကအဆက်ပြတ်သွားပြီး၊2012 ဝင်တော့လည်း၊ရွာထဲအဝင်နဲခဲ့ပါတယ်။
    သည်လိုတန်ဘိုးရှိ၊အခြေခံပြုင်ရေး ဆီမီနာ လေးတွေဖန်တီးပေးသူများကိုအထူးကျေးဇူးတင်ပါတယ်၊
    သတ္တဝါ တိုင်းဟာ၊မွေးရာပါ ဗီဇ နဲ့၊ ပါတ်ဝန်းကျင် ဗီဇ တွေ နဲ့ကျင်လည်ကြရပါတယ်၊ အဲသည်ပေါ် မူ တည်ပြီး၊သိစိတ်၊မသိစိတ်တွေ ဖြစ်ပေါ်ပါတယ်၊ တစ်ခါတစ်လေ မသိစိတ်ကအနိုင်ယူပြီး၊ တစ်ခါတစ်လေ သိစိတ်က အနိုင် ယူတတ်ပါတယ်၊ ကောင်းတဲ့စိတ်မှ ဦးဆောင်ပြီး ကောင်းတဲ့အလုပ် လုပ်ဆောင်ဘို့ ကို လေ့ကျင့်မှု အရထိမ်းကွပ်ကြရပါတယ်၊ဒါ့ကြောင့် အသိပညာ၊ အတတ်ပညာကျောင်းတွေ၊ သင် တန်းတွေဖြစ်ပေါ် လာပါတယ်၊လက်ဦးဆရာ ဆိုတာမိဘ မှန်ပေမည့်၊ သုံးနှစ်အရွယ်လောက်မှစပြီး၊ မူကြိုကျောင်းတွေ ပို့ရတဲ့ခေတ်မှာမိဘနဲ့အတူ လက်ဦးဆရာထဲမှာ အဲသည်မူကြိုကျောင်းတွေ အရေး ပါလာပါတယ်။ ကျနော့် သားငယ်လေး သုံးနှစ်လောက်က မူကြို တစ်ခုမှာထားတယ်၊ သည်ကလေးက သူ့အစ်မ(အသက် နှစ်နှစ်သာကွာ) နှင့် ကစားစရာလုကြရင်း ဒေါသဖြစ်လျှင်- လည်ပင်းကို ဒါးနှင့်လှီး
    မယ်ဆိုဒါကိုလက်သုံးစကားဖြစ်နေတယ်၊ ကျုပ်ကြားတော့ မပြောရဘူး ကိုယ့်ထက်မမကြီးဆိုးရင် ဖေဖေကို
    ပြော ဆိုပြီးချော့ကြည့်တယ်၊မပြင်ဘူး၊ နောက်တော့ ငရဲကြီးတတ်တယ် ပြောတောလည်း၊မရဘူး၊ပြောမြဲပဲ
    နောက်ဆုံး ကလေးက ဘာမှ ငရဲမကြီးဘူးဆိုပြီးပြန်အော်တဲ့ထိဖြစ်လာတယ်၊ ကျနော် ဆုံးဖြတ်လိုက်တယ်
    မီးသွေးမီးဖိုထဲ မီးသွေးညှပ်တဲ့ သံညှပ်ယူပြီးထည့်လိုက်တယ်၊ခဏပူတော့ဆွဲထုတ်ပြီး ကလေးလက်ခုံကို
    တိုကပ်ပြီး၊အေးငရဲဆိုတာ အဲဒါထက်အများကြီးပူတဲ့ နီရဲနေတဲ့ သံပူနဲ့ ထိုးကပ်ခံရတဲ့နေရာကွလို့ပြော ပြီး၊
    နောက်သူများကိုဒါးနဲ့လှီးမယ်၊သတ်မယ်ပြောရင် နောင်တကယ့် ငရဲ သားနဲ့တွေ့လိပ်မယ် လို့ပြော လိုက် မိတယ်၊ကလေးခဗျာမထင်မှတ်တဲ့ ဝေဒနာကြောင့် ကျနော့ကိုကြောင်အမ်းကြည့်နေပြီး၊ကြောက် အားနဲ့ လက်ကိုခါပြီး ငိုရှာပါတော့တယ်၊ ညအိမ်ပြန်ရောက်တော့ ကလေးကအိပ်နေပြီ၊လန့်ပြီး ကိုယ်ပါပူချင်နေ တယ်၊ လက်မှာတော့ သံပူလောင်တဲ့ဒါဏ်ရာကမသေးပဲကိုး၊ကျနော်ဆေး ဆိုင်မှဝယ်လာသော အပူလောင် ပျောက်/အနာရွတ်ပါ မကျန်တဲ့ ခရင်လိမ်းဆေးလေးကို အသာလိမ်းပေးပြီး အပူလေင်ဒါဏ် ရာအုပ် တဲ့ပါတ်တီးလေးအုပ်ပေးလိုက်တယ်၊တစ်ပါတ်လောက်ခံလိုက်ရတယ်၊ ကလေးလည်း အဲသည်နောက် ပိုင်း လည်ပင်းလှီးမယ်မပြောတော့ပါဘူး၊ သူစိတ်ဒါဏ်ရာမရသွားလို့တော်ပါသေးတယ်၊
    ကျနော်လည်းသူ့ကိုအဲသည်နောက်ပိုင်းပိုနွေးထွေးစေပြီး၊ဘာသာရေးအရ ကိုးကွယ်မှု၊ရိုသေမှု၊ လိုက်နာမှု၊အပြစ်ဒါဏ်ဆိုတာတွေကို ဖြေးဖြေးချင်းပုံပြောသလို အိပ်ယာဝင်တိုင်းပြောပြီးနားသွင်းရပါတယ်၊
    သည်စကားလုံးဘယ်ကစတတ်သလည်းမေးကြည့်တော့ လား လား သူတို့မူကြိုဆရာမကြီး အရင် ကျောင်း ဆရာမကြီးဟောင်း၊က၊ ကလေးတွေကို ငိုရင် ဓါးပြ၊ကပ်ကြီး ပြကာ အဲလိုလည်လှီးမယ် လို့ချိမ်းခြောက် သ တဲ့ဗျား၊ တစ်နေ့ သူတို့ မူကြိုကျောင်းမလွှတ်ခင် သူ့အမေကို အထောက်တော်လွှတ်ပြီး အကြောင်း စုံ စမ်းတော့ ကလေးပြောသလို တစ်ကယ်ဟုတ်နေလို့၊ အဲသည်မူကြို မှ အမြန်ဆုံးလက်မတင်ကလေးကျာင်း ထုတ်ပြီး အခြားမူကြိုကောင်းတစ်ခုစုံစမ်းတက်စေရပါသဗျား။
    နောက် ကလေးများဟာ သူတို့ဆရာတွေပြောတာဆိုရင် မှတ်ဉာဏ်ထဲ စွဲထားတတ်ကြပါတယ်၊
    သူတို့အမေစာသင်ရင်တောင် ကျောင်းကပုံစံနဲ့မကိုက်ရင် ကွန်ပလိန်းတက်ကြပါတယ်။
    ငယ်စဉ်ကတည်းက သူတို့ကိုယ့်ကိုယ်ကိုယုံကြည်ကြဘို့အတွက်၊ အားကစားပြိုင်ပွဲတွေ၊ ကပွဲတွေ မှာအ များ နဲ့ ပူးပေါင်းပါဝင်စေရပါမယ်၊ ယှဉ်ပြိုင်စေရပါမယ်၊ ဆုရတဲ့အပေါ်ဂုဏ်ယူစေတတ်စေပြီး၊ ဆုမရလည်း
    ယှဉ်ပြိုင်ရဲတဲ့သတ္တိကိုချီးကျူးပေးသင့်ပါတယ်။
    မိရိုးဖလာအရ လူမျိုးခံယူချက်ဗီဇတွေရှိပါတယ်၊ အခက်အခဲတွေ့ပြီဆိုရင်
    – မြန်မာတွေက ဒုက္ခ လို့မြင်တတ်ပြီး၊ ပင်ပမ်းဆင်းရဲလိုက်တာလို့ခံယူကြတယ်၊
    အဲဒါကို အနောက်တိုင်းအင်္ဂလိပ်တွေကတော့ အဖြေမထုတ် နိုင်သေးတဲ့ ပုစ္ဆာ လို့မြင်ပြီး၊ အဖြေရှာပါတယ်။
    – ပါလိဘာသာ လိုတော့ ပဿနာ ရှုစရာ/ အာရုံစိုက်ပြီး မြင်အောင်ကြည့်ရမည့်အရာလို့ အဓိပါယ် ထွက် ပါ တယ်။
    – အဲ တရုတ်လူမျိုးတွေက အခက်အခဲဆိုတာကို – စွန့်စားမှု နဲ့ အခွင့်အလမ်း လို့မြင်ပါသတဲ့ဗျား။
    သည်တော့၊ လက်ဦးဆရာမိဘ များသာမက၊ အခြေခံစာသင်ကျောင်းမှ ဆရာ/ဆရာမတွေသည်၊ ကလေးတွေ ကို ကိုယ့်ကိုကိုယ် ယုံကြည်ကိုးစားစိတ်ရှိပြီး ၊ အကုသိုလ်စိတ်တွေမဝင်စေရန်၊ လမ်းကြောင်းပေါ်ပို့ပေနိုင်သောသူများအဖြစ်အလွန်အရေးပါပါကြောင်း။
    လေးစားစွာဖြင့်။

  • nature

    January 25, 2012 at 3:44 pm

    ကျွန်တော့်အမြင်ပြောရမယ်ဆိုရင်တော့ ယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကိုယ်ကသူတပါးကိုယုံကြည်မှု သူတပါးကိုယ့်ကိုယုံကြည်မှုဆိုပြီး ၃မျိုးရှိမယ်ထင်တယ်။

    ကိုယ့်ကိုယ်ကို ယုံကြည်ဖို့အတွက်ကတော့ ကိုယ်လုပ်ရမဲ့လုပ်ငန်းတာဝန်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်နှံ့စပ်စွာသိဖို့လိုမယ်ထင်ပါတယ်။ ဒါမှသာဘယ်လိုအခက်အခဲပဲတွေ့တွေ့ ငါဖြေရှင်းနိုင်တယ်ဆိုတဲ့ယုံ ကြည်ချက်နဲ့ မကြောက်မရွံ့ ကိုယ်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိမှာဖြစ်ပါတယ်။ ဥပမာ- ကျောင်းစာကိုကြေညက်စွာလေ့လာကျက်မှတ်ထားသောကျောင်းသားသည်
    မည်သည့်မေးခွန်းကိုမဆို ကြောက်ရွံ့ခြင်းမရှိပဲဖြေဆိုနိုင်မယ် ဆိုတဲ့ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိမှာဖြစ်ပါတယ်။ ဒါကတော့ကျောင်းသားရဲ့ ကြိုးစားမှုနဲ့ တိကျတဲ့သင်ရိုးညွှန်းတမ်းတွေရှိလို့ပဲဖြစ်ပါတယ်။ တကယ့်အပြင်လောကကြီးမှာတော့ တိကျတဲ့သင်ရိုးညွှန်းတမ်း တွေ မရှိပဲကျယ်ပြန့်နက်နဲပါတယ်။ ဆရာသစ်ရဲ့ အချက်အလက်တွေက သင်ရိုးသဘောလို့ယူဆမိပါတယ်။

    ကိုယ့်ကို သူတပါးက ယုံကြည်စေချင်ရင်တော့ ကိုယ်ကျိုးမရှာပဲ အများအကျိုးအတွက် အနစ်နာခံဆောင်ရွက်နိုင်သူ ဖြစ်ဖို့လိုမယ်ထင်ပါတယ်။ မှန်သောစကားကိုသာပြောပြီး မှန်သောအလုပ်ကို လုပ်ရပါမယ်။ ကိုယ်ပြောတဲ့စကားမှားသွားရင်လည်းနစ်နာဆုံးရှုံးမှုတွေအတွက် အပြည့်အဝတာဝန်ယူနိုင်ရပါမယ်။ ကတိတည် ၊ သစ္စာရှိ ၊ကိုယ်ကျင့်တရားကောင်းမွန်ပြီး ကိုယ်ခြင်းစာတရားရှိဖို့လိုမယ်ထင်ပါတယ်။ ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကို တတ်စွမ်းသလောက် အကူအညီ အကြံဉာဏ် ပေးနိုင်ရပါမယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်လုပ်တဲ့လုပ်ငန်းတွေ အမှန်တကယ် အောင်မြင်နေတယ်ဆိုရင် ကိုယ့်ကို ယုံကြည်တဲ့သူတွေများလာပါလိမ့်မယ်။ ကိုယ့်လုပ်ငန်းအောင်မြင်ဖို့ဆိုတာကလည်း ကိုယ်လုပ်ရမဲ့အလုပ်တာဝန်နဲ့လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး လိုအပ်ချက် အားနည်းချက် အားသာချက်တွေကို အဂတိတရားကင်းကင်းနဲ့ မှန်ကန်စွာ ဝေဖန်ဆန်းစစ်ပြီး သုံးသပ်နိုင်ဖို့လိုမယ်ထင်ပါတယ်။ ကိုယ့်ကို သူများတွေကယုံကြည်ပြီဆိုရင်တော့ ဦးစီးဦးဆောင်ပြုလို့ရပြီထင်ပါတယ်။ ဦးစီးဦးဆောင်ပြုတဲ့သူဟာ မှန်မှန်ကန်ကန်နဲ့ တရားမျှတစွာဦးဆောင်နိုင်မယ်ဆိုရင် အသင်းသားတွေရဲ့ လေးစားချစ်ခင်မှုကို ရရှိမှာဖြစ်ပါတယ်။ ယုံကြည်မှုရရှိသွားပြီဆိုရင်ကိစ္စတော်တော်များများဟာ ညှိနှိုင်းရအင်မတန်လွယ်ကူပါတယ်။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အပြောလွယ်သလောက်အလုပ်ခက်ပါတယ်။

    ပူပေါင်းဆောင်ရွက်ဖို့အတွက်ကတော့ရည်ရွယ်ချက်တူရင်ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။ ဒါပေမဲ့ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် စိတ်တူကိုယ်တူနဲ့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရင်အကောင်းဆုံးပါပဲ။ လူတကိုယ်စိတ်တမျိုးမို့ တခါတရံ သဘောထားချင်းမတိုက်ဆိုင်တာရှိရင် အချင်းချင်းနားလည်မှုရှိပြီးသည်းခံခွင့်လွှတ်တတ်ဖို့လိုပါတယ်။ အပေါ်ယံနှမ်းဖြူးနေရင်တော့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ခက်မယ်ထင်ပါတယ်။

  • etone

    January 25, 2012 at 4:45 pm

    ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်တယ်ဆိုတဲ့နေရာမှာ … ကိုယ့်အားကိုယ်ကိုးချင်စိတ်ကလည်း အဓိက အခန်းကဏ္ဍကပါဝင်နေမယ် .. ကိုယ့်စိတ်ကိုယ်လိုသလို ကိုင်တွယ်မောင်းနှင်နိုင်ခြင်းပေါ်မှာလည်း မူတည်နေမယ် … ။ မယိုင်မလဲစွဲမြဲစွာ လိုက်နာကျင့်ဆောင်နိုင်မှုလည်း အကျိုးသက်ရောက်စွာပါဝင်မယ်ထင်တယ် … ။

    ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်တာ လွန်ကဲလျှင်တော့ .. ခေါင်းမာတတ်တဲ့လူ .. အိုဗာကွန်ဖီးဒန့်ဖြစ်တဲ့လူလို့ .. အပြောခံရတတ်တယ် … ။ ဟီးဟီး .. ဟုတ်မဟုတ်တော့ မသိဘူး .. ကိုယ့်စိတ်နဲ့ ကိုယ်နှိုင်းရေးတာ 😀 😀

  • thit min

    January 25, 2012 at 7:29 pm

    မpadonmar ရေ
    မိန်းမယူ၍ ကူညီခြင်းကိုတော့မလုပ်ပါရစေနဲ့ အစ်မရယ်။ဟဲ ဟဲ။
    နောက်တာပါ။ ကူညီခြင်းကရတဲ့ ပီတိကိုစားလို့ကောင်းပါတယ်။
    ကူညီတာကိုစော်ကားသွားရင်လဲ နှစ်ဆခံရပြန်ပါတယ်။
    ကိုယ့်ဝန်ထုတ်ဝန်ပိုးဖြစ်အောင်လူညီရန်မလိုဟု ရိုးရိုးလေးတွေးမိပါတယ်။
    ကူညီတယ်ကွဟု ခဏခဏ ဖော်ပြောလေ့ရှိသူများကိုလည်း ကြုံဘူး၍စိတ်ညစ်ရဘူးပါတယ်။
    ကိုယ့်အားနဲချက်ကိုပြောပြောပြီးကူညီတာမျိုးလည်းကြုံဘူးပါတယ်။
    စေတနာသန့်သန့်နဲ့ ကူညီသူများကိုလွန်စွာလေးစားမိပါကြောင်း။
    ကူညီခြင်းဆိုင်ရာ သုမနကျောမှာ ဒါဏ်ရာများနဲ့လူ (^^)
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကို(ဆရာ)အောင်ရေ
    ကျေးဇူးပါ။
    အပေါ်မှာဆရာမောင်မိုးညို ရေးတာလေးနဲ့တော်တော်တူတာမို့ လေးစားစွာလက်ခံပါတယ်ခင်ဗျာ။
    ၁ ရိုးရိုးသားသားနေတတ်ဘို့က သူများကိုလိမ်တာထက် ကို့ကိုကိုယ် မလိမ်ဘို့ အဓိကကျပါတယ်(ကိုယ်ကျင့်တရားတခုပါ)

    ၂ ကြိုးကြိုးစားစား ကတော့ကိုယ်ရဲ့လုဎ်ဆောင်ချက် ရည်ရွယ်ချက်ဟာ အများကိုမထိခိုက်ဘဲ အများအကျိုးပြုစေရန် အဓိကကျပါတယ်(ကိုယ်တိုင်ရေးတဲ့ကိုယ့်သမိုင်းတခုပေါ့ဗျာ)
    အဲဒီမှတ်ချက်လေးက အသက်ပါဘဲ။လေးစားပါတယ်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မwathanminရေ ကျေးဇူးပါ။
    ဒါကြောင့် ကျွန်မကိုယ်တွေ့အနေနဲ့
    “ကိုယ့်ကိုယ်ယုံကြည်မှု့ရှိခြင်းမှာ ထပ်မံဖြည့်စွက်ချင်တာက ကိုယ့်ကိုယ်ယုံကြည်မှု့ရှိအောင်
    ကြိုးစား တည်ဆောက်ပြီး တဲ့အချိန်မှာ သူတစ်ပါးကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု့တွေ မပျောက်ပျက်အောင် ထိမ်းသိမ်းထားဖို့လဲ လိုအပ်ပါတယ်လို့”
    ဟုတ်ပါတယ်။ အလွန်ကောင်းသော ကော်မန့်လေးပါ။
    ယုံကြည်မှုစစ်စစ်မှာ စိတ်ဓာတ်ကြံ့ခိုင်ရေးဟာ ပါပြီးသားလို့ယူဆပါတယ်။
    ကိုယ့်ကိုကိုယ်ကောင်းစွာ စောင့်ရှောက်ခြင်း =ယောနိသောမနသိကာယ ဆိုတာလေးကိုစဉ်းစားမိသွားပါတယ်။
    ကျေးဇူးပါ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုဘကြီးရေ
    ကော်မန့်အတွက်ကျေးဇူးပါ။
    မထိတ်သာမလန့်သာ ရှိလိုက်တာဗျာ။
    ဖွမပြောကောင်း၊ပြောကောင်း မေးခိုင်ပိုးတွေ ဘာတွေဝင်ပြီး ကလေး ဆုံးသွားမှ
    ယူကြုံးမရဖြစ်နေရပါအုန်းမယ်ဗျာ။ သနားပါတယ်။
    ဆုံးမရခက်တယ်ဆိုပေမဲ့ အချိန်တန်တော့ ပျောက်ပါတယ်ဗျာ။
    အဆဲသင်ပေးတဲ့ ဦးကြီးတယောက်နဲ့နေတဲ့ ကျနော့သူငယ်ချင်းတယောက် ကြီးလာတော့ ဘုန်းကြီးဝတ်
    သွားပါတယ်။ ငယ်ဖြူပါ။ မိန်းမမယူဘူးပေါ့ဗျာ။ခုဆိုတောရဆောက်တည်ရင်းနဲ့ဆုံးပါးသွားပါပြီ။
    ပါတ်ဝန်းကျင်ရဲ့ပြုပြင်ပေးမှုက တော်တော်ကိုအကျိုးသက်ရောက်တယ်ဆိုတာတော့ငြင်းစရာမရှိပါဘူး။
    ပြင်လို့တော့လဲရပါတယ်။ ကျနော်ကိုယ်တိုင်ပါဘဲ။
    ရွှင်လန်းပါစေဗျာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုနေးချားရေ
    ပြည့်စုံကောင်းမွန်သော ကော်မန့်လေးကိုရွေးချယ်လိုက်ပါတယ်။
    တခုခုမှထပ်ပြောပြီး အလှပျက်မှာစိုးလို့ ကျေးဇူးတင်ပါတယ်လို့ဘဲပြောတော့မယ်ဗျာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မ etone ရေ
    မှန်တာပေါ့။ ခေါင်းမာသူ ဆိုတာအဲဒီလူတွေဘဲလေ။
    အပြောခံရဘူးပေမဲ့ မပြင်နိုင်ဘူးနော်။တူတူဘဲ။သစ်မင်းလဲ ငယ်ငယ်က ခေါင်းမာသလားမမေးနဲ့။
    နေ့ခင်းဆိုထမင်းကလွဲရင် ဘာမှမစားတဲ့ သစ်မင်း၊ အလှူအိမ်အသွား ဟိုကကြွေးတာအုန်းနို့ခေါက်ဆွဲ၊
    ဘယ်ရမလဲ ခေါင်းမာတဲ့သစ်မင်းလက်ကိုဖေဖေကဆွဲပြီး ထမင်းဆိုင်ခေါ်သွားပေးရပါတယ်။
    အင်း ခုတော့လဲ မာန်တွေလျှော့လိုက်ပါပြီ။ဘဝက ဘယ်လိုနေရင် ဘာ ရ မယ်ဆိုတာကိုကောင်းစွာ
    သင်ကြားပေးခဲ့ပြီမို့ ဒီနေရာမှာ ကိုယ့်လိုမမှားရအောင်ရယ်။
    လမ်းကြောင်းလေးတွေက သည်လိုရှိတယ်ဆိုတာရယ်ကို လာပြောပြနေတာပါ။
    ခံခဲ့ရလို့ပါနော်။နုစဉ်တုန်းကဒါဏ်ရာတွေကရခဲ့တဲ့သင်ခန်းစာကိုမျှဝေမှု အလှူဒါနပါ။
    ကျေးဇူးတင်ပါတယ်ဗျာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကော်မန့်ပေးသူများနှင့် ဝင်ရောက်ဖတ်ရှူ့သူများအားလုံးကိုလေးစားပါသည်။
    ကျေးဇူးအထူးတင်ရှိပါသည်။
    မောင်သစ်မင်း

  • thit min

    January 25, 2012 at 7:54 pm

    ဆရာမကြီး တီတီနုရေ
    စိတ်ရှည်လက်ရှည်ရေးပေးထားတဲ့ အဖိုးတန်ကော်မန့်ကိုလေးစားစွာဖတ်ရှူ့မိပါတယ်။
    ဘဝရဲ့ ပုံရိပ်တွေထင်ဟပ်နေလို့ ပုံဖော်ပုံအလွန်ကောင်းပါတယ်။
    နားလည်လွယ်အောင်ရှင်းပြထားတာမို့ စာသင်ခန်းထဲ ရောက်သွားသလားထင်မိပါတယ် တီချယ်ရေ။
    (^^)ကျေးဇူးပါ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မမရေ
    ၂ခါမန့်လို့၂ ခါဖြေပါ့မယ်။
    သီးခံခြင်းကိုကျနော်ကတော့လက်ခံပေမဲ့ အတိုင်းအတာတော့ရှိပါတယ်။
    ပုံမှန်ဘဲ စဉ်းစားတတ်ပါတယ်။ သီးခံသင့်တယ်ဆိုမှသီးခံပါတယ်။ကျနော့ မူ ပါ။
    ကျေးဇူးပါနော်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မမမခင်လတ်ရေ
    ကျေးဇူးပါနော်။

    ဒါပေမဲ့ မိဘ ကောင်းတိုင်း၊ ပါတ်ဝန်းကျင်ကောင်းတိုင်း၊ စရိုက် ကောင်းတိုင်း ဟာ ကိုယ့်ရဲ့ သမိုင်းဟာ သမိုင်းကောင်း ဖြစ်စေသလား။ ?????????????????

    ဆိုတဲ့ မေးခွန်းလေးကိုဖြေရရင် စိတ်ကောင်းရှိသောနေ့ရက်များစွာကိုလူတယောက်ဟာဘဝမှာ
    အများဆုံးပိုင်ဆိုင်ရင် သူ့သမိုင်းဟာ သတ်ပုံမှန်သော ၊လက်ရေးလှသောသမိုင်းဖြစ်မှာပါ။
    ကြည့်တဲ့သူနဲ့လဲဆိုင်ပါလိမ့်မယ်။ အပြင်မှာလူမှုရေးအားကောင်းသူရဲ့မိန်းမအိမ်မှာထမင်းငတ်နေတာမျိုး
    တွေရှိတတ်ပါသေးတယ်။ ကိုယ်ဟာကိုယ်လုပ်လို့ရတယ်ဆိုတာတော့ပြောချင်ပါတယ်ခင်ဗျ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မGreen Rose ရေ
    ကျေးဇူးပါနော်။
    နောက်လိုက်ဘဲဖြစ်ခေါင်းဆောင်ဘဲဖြစ် အတူတူအလုပ်တခုကိုလုပ်တာဟာပူးပေါင်းဆောင်ရွက်ခြင်းပါ။
    အမေဟင်းချက်၊သမီးငရုတ်သီးထောင်း၊သားရေခပ်၊အဖေထင်းခွဲ၊ ဦးဆောင်သူကအမေ။
    လုပ်ငန်းက မိသားစုထမင်းဝိုင်း၊ ကျန်သူများကနောက်လိုက်လို့ဆိုပေမဲ့ ပူးပေါင်းသူများပါဘဲ။
    over confidence ကဗိုလ်ချုပ်အောင်ဆန်းဆီမှာ ရှိတာကိုလုံးဝလက်ခံပါတယ်။
    ရှိသင့်လို့ပါ။
    အောင်ဆန်းအက်တလီ စာချုပ်မှာ ဂဠုန်ဦးစောနဲ့ သခင်ဗစိန်တို့က ဤသဘောတူညီချက်သည်
    ကျနော်တို့နှင့်မဆိုင်လို့ လက်မှတ် ထိုးထားတာပါ။ ဗိုလ်ချုပ်က over confidence ရှိစွာနဲ့ဘဲ
    အဲဒီစာချုပ်ကြီးကိုင်ပြီးလွတ်လပ်ရေးပေးရေး ကတိကိုရအောင်ယူခဲ့ရတာပါ။
    အဲ လုပ်ကြံခံရတာကတော့ over confidence နဲ့မဆိုင်ပါဘူး။ သူရှောင်လဲ ရအောင်လိုက်သတ်မှာပါဘဲ။
    အင်းလျားလေးမှာ သေနတ်နဲ့အပစ်ခံရပြီးကတည်းက ဂဠုန်ဦးစောက သူ့ကိုသေနတ်နဲ့ပစ်သွားတာ
    ဗိုလ်ချုပ်တို့အဖွဲ့လို့ဆိုပြီး လုံးဝတထစ်ချယုံကြည်ခဲ့တာပါ။
    သူရအောင်ပြန် သတ်မှာရယ်၊ဗိုလ်ချုပ်ရဲ့ကံ ကြမ္မာရယ်က အဓိကပါ။
    လေးစားပါတယ်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ညီလေးဂီဂီရေ
    ကူဖြေပေးတာကျေးဇူးပါကွာ။
    ပထမဖြေထားတာ ၁ နာရီလောက်ရေးပြီးခါမှ မဆေ့ဖ်မိလို့ ပြန်ရေးနေရတာကွ။
    အကုန်ကူဖြေပေးမလားလို့ကြည့်နေတာ၊ မလုပ်တာနဲ့ ထရေးရတာပေါ့ကွာ၊ဟဲဟဲ ။နောက်တာပါ။
    ခင်မင်လျှက်(^^)

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကော်မန့်ပေးသူများနှင့် ဝင်ရောက်ဖတ်ရှူ့သူများအားလုံးကိုလေးစားပါသည်။
    ကျေးဇူးအထူးတင်ရှိပါသည်။
    မောင်သစ်မင်း

  • alinsett

    January 28, 2012 at 7:24 pm

    ဆရာသစ်ရဲ ့ စကားလုံးတွေ..။ အတွေးအခေါ်..အယူအဆတွေနဲ ့
    တည်ဆောက်ထားတဲ ့ အိမ်ကလေးကတော့ အတော်လေး..လှပ ခိုင်မာ ခဲ့ပါပြိ။

  • DEPARKO DEPARKO

    February 2, 2012 at 12:00 pm

    မှတ်သားစရာစကားလုံးတွေနဲ့ လောကကြီးကိုအလှဆင်နေသူတွေ လူသားတွေကိုတန်ဘိုးတက်လာအောင်ထိန်းကြောင်းပြုပြင်နေသူတွေကို ကျွန်တော်ဦးညွတ်လိုက်ပါတယ် ယုံကြည်မှုကိုတည်ဆောက်တဲ့နေရာမှာ တစ်ဖက်သားပြောစကားကိုလေးလေးစားစားနားထောင်တတ်ပြီး တစ်ဖက်သားအပေါ် လေးလေးစားစားရှိမှ ကိုယ့်အပေါ်လည်း တစ်ဖက်လူက လေးစားယုံကြည်လာမှာလို့ကိုယ်ကိုကိုယ် ယုံကြည်မှုရှိဘို့က တစ်ဖက်သားအပေါ် ကိုယ့်ရဲ့အပြုအမူနဲ့လည်း သက်ဆိုင်နေမယ်လို့ထင်ပါတယ်

  • thit min

    February 2, 2012 at 12:26 pm

    ကြိုဆိုပါတယ် ကိုဒီပါခင်ဗျား။
    ခုလိုထောက်ပြပြောဆိုမှုလေးတွေကိုလဲကျေးဇူးတင်ရပါတယ်။
    တဘက်သားစကား ဆိုတဲ့နေရာမှာ စော်ကားပြောဆိုလာတဲ့ စကားမျိုးကိုတော့ နားထောင်ဖို့ရာလိုမယ်
    မထင်ပါဘူး။ ငါးမင်းဆွေလို လူမျိုး အမေစု အိမ်ရှေ့မှာလာအော်နေတာ မျိုးပေါ့ဗျာ။
    ဟုတ်ကဲ့ ဆွေးနွေးမှုလေးကို တန်ဖိုးထားလျှက်ပါ။

    သိသမျှလေးကိုမျှဝေပေးရုံအဆင့်မို့ ကျနော်ကိုယ်တိုင်လဲ ရင့်ကျက်ပြည့်ဝမှုကိုလေ့ကျင့်ဆဲပါ။
    စာကိုဖတ်ကြည့်လိုက်တာနဲ့ ကိုဒီပါဟာ အများအတွက် အကျိုးပြုစိတ်ဓာတ်နှလုံးသားရှိသူလို့
    နားလည်သဘောပေါက်မိလို့လေးစားရပါတယ်။

    တထောင့်တနေရာကနေ တိုင်းပြည်နဲ့လူမှုဝန်းကျင်အားနဲ လိုအပ်ချက်လေးတွေကိုညွန်ပြပြော
    ဆိုနိုင်သော ပို့စ်လေးများရေးသားနေတာကိုလည်း သတိထားမိလို့ ဝမ်းသာကျေးဇူးတင်ပါသည်။
    ဆက်လတ်ရေးသား သွားပါရန်လည်း အားပေးတိုက်တွန်းပါရစေခင်ဗျား။

    လေးစားလျှက်
    မောင်သစ်မင်း(^^)

  • ကြက်ဖင် ( အကယ်ဒမီ )

    February 2, 2012 at 12:30 pm

    (၁)ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောက်ရေး
    လို့ဆိုလေတော့ ခုထိကိုယ့်ကိုယ်ကိုယ် မယုံကြည်သေးဘူးလား ခုမှတည်ဆောက်မလို့လား
    သတိချပ်ရန် / ယုံကြည်မှုံလွန်ကဲခြင်းက ( အတ္တ ) မယုံကြည်ခြင်းက ညံ့ဖျင်းခြင်း ( မောဟ )
    ဘာဘဲဖြစ်ဖြစ် ကိုယ့်ကို ဘယ်သူယုံခြင်ယုံ မယုံခြင်နေ ကိုယ့်ကိုယ်ကိုယ် တော့ မျက်စေ့မှိတ်ပြီးယုံရမှာဘဲ
    ကိုယ့်ကိုယ် ကိုယ်မှ မယုံရင် ဘယ်သူကလာယုံမဒုံး
    (၂)ပူးပေါင်းဆောင်ရွက်ခြင်း
    လူတစ်ရာပုံတစ်ရာလို့ ဆိုသဗျ လူတစ်ယောက်အမြင်တစ်မျိုးရှိတယ်ဆိုတော့ကာ
    ( ကျုပ်တို့ငယ်ငယ်က လယ်ကွင်းထဲအီအီးထိုင်ပါကြသပေါ့ဗျာ ပထမတော့ တစ်ယောက်တစ်ပုံပေါ့
    အကုသိုလ်များတဲ့ကောင်ကတော့ စားပြီးအဟာရမဖြစ်ဘဲ ချီး ( ချေး ) ဖြစ်တာများတော့
    တစ်ပုံထဲဆို အီးပုံက မြင့်လာတော့ ရှေ့ကိုတိုးလိုက်တော့ တစ်ရာ့တစ်ပုံပေါ့ဗျာ ( ဇဂါးချပ် ))
    ဒါခက်ခဲတယ်လို့ ပြောရမှာဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ဆိုတာက တစ်သီးပုဂ္ဂလဘဲ
    ထမင်းစားပြီးလက်မဆေးတာ ကိုယ့်ကိစ္စ အများနှင့်ကြတော့ ( ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု့ ) ကို
    သီးခံတတ်ခြင်း စိတ်ရှည်တတ်ခြင်း ဝေဖန်ခွဲခြားတတ်ရခြင်း ဥပက္ခာပြုတတ်ရခြင်း
    ခြေမှုန်းတတ်ရခြင်း
    ဘာခြင်း
    ညာခြင်း
    သာရကာခြင်း
    ခြင်းပေါင်းဆုံ
    ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ နှစ်ပိုင်းကွဲတယ် လို့ထင်တာဘာဘဲ 😀
    ကိုယ်ကစပြီး ပြုမူမှာလား သူများကို ပူးပေါင်းမှာလား
    ကိုယ်ကစပြီးပူးပေါင်းခြင်းဟာ ဦးစီးဆောင်ရွက်ခြင်းတွက် အစဖြစ်မယ်ထင်တာဘဲ
    (၃) ဦးစီးဦးဆောင်ပြုခြင်း
    ဆိုတာကတော့ အကပ်ကောင်းရင် ဦးစီးမှူးဖြစ်သပေါ့ဗျာ

  • Shwe Ei

    February 3, 2012 at 11:05 am

    မနာလိုဝန်တိုခြင်းကင်းတဲ့၊ မှီခိုလို မျောလိုက်လိုခြင်းကင်းတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကနေ အပြန်အလှန်ယုံကြည်မှုလဲရမယ် ၂ဦး၂ဖက်လဲ အကျိုးဖြစ်မယ်လို့မြင်ပါတယ်။ ပြောမယ်ဆို တက်ညီလက်ညီကြိုးစားဖို့လဲ လိုတယ်ပေါ့ဗျာ။ ကျမအထင်ပါ။ ပါဝင်ဆွေးနွေးခွင့်ရတာလဲ ဂုဏ်ယူပါတယ်။

    • thit min

      February 4, 2012 at 5:55 pm

      NGOs အတွေ့အကြုံလေးတွေနဲ့ အင်နီရှိအိတ် လုပ်ပုံလေးတွေ
      တင်ပြဆွေးနွေးပေးရင် သိပ်ကောင်းမှာပါ။
      ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့လူတွေအတွက်
      ဦးဆောင်လိုက်ဖို့ဆိုတာ မခက်ပေမဲ့ တခါတရံ မလွဲမရှောင်
      သာ ဦးဆောင်ရမဲ့နေရာကိုရောက်ပြီး ဇွတ်အတင်း
      (ကိုယ့်ကိုကိုယ်ယုံကြည်မှူမရှိပေမဲ့)လုပ်လိုက်ရတာလေး
      တွေ အများကြီးရှိတယ်နော်။ အဲဒီလိုနဲ့ နောက်တော့ ဖြစ် သွားတာမျိုးပါ။
      မရွှေအိ ရဲ့ လုပ်ငန်းခွင်အတွေ့အကြုံလေးတွေကနေဆို ပိုပြီးလက်တွေ့ဆန်တဲ့
      သင်ခန်းစာလေးတွေရနိုင်မယ်လို့ မြှော်လင့်မိတယ်ဗျာ။

      လေးစားစွာဖြင့်
      မောင်သစ်မင်း(^^)

  • ကြောင်ကြီး

    February 3, 2012 at 12:31 pm

    ဆြာသစ်ပြောတဲ့ ယုံကြည်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့၊ ဦးစီးဦးရွက်ပြုဖို့ အားလုံးအတွက် အခြေခံသည် ရိုးဂုဏ် ရိုးသားမှုလို့ထင်ပါတယ်။ သူ့ချည်းသက်သက်တော့ မရဘူးပေါ့လေ၊ သို့ပေမယ့် သူမရှိခဲ့ရင် အခြေခိုင် လမ်းမှန်ဖြစ်မယ် မထင်ဘူး။ အမြင့်ရောက်လာလေလေ အောက်ခြေဖောင်ဒေးရှင်းနဲ့ ဝေးကွာသွားလေလေ ထင်ရပေမယ့် တကယ်တမ်းမှာ ပိုအရေးပါလာပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီအချိန်ကြမှ နောက်ကြောင်းပြန်လှည့် ပြင်မရတော့လို့ပါ။ အချို့လည်း အခြေမခိုင်ဘဲ တက်လာပြီး သိသိကြီးနဲ့ ဆက်သွားရင်း ရှေ့တိုးနောက်ဆုတ် လုပ်မရ ငုတ်တုတ်ကြီးလည်စင်း ခံရတာတွေ အများကြီးရှိပါတယ်။ အချို့ကြတော့လည်း မှားမှန်းသိလို့ အနာခံပြင်ရင်း အားကုန်သွားကြပါတယ်။ ဒါကြောင့်လည်း မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက တိုးတက်ဖို့ အချက်ဆယ်ချက်မှာ ရိုးသားဖို့ပထမလို့ ဆိုခဲ့တာဖြစ်ပါမယ်။
    မြန်မာနိုင်ငံအနေနဲ့ အဖက်ဖက်မှာ အောက်ခြေကစ ပြင်ရမှာဖြစ်လို့ အုပ်ချုပ်သူ အုပ်ချုပ်ခံ၊ အလုပ်ရှင် အလုပ်သမား၊ မြီရှင် မြီစား၊ အထက် အောက် ဘေးတိုက် ဆက်ဆံရေးများမှာ ရိုးသားဖို့လိုပါတယ်။ တိုင်းပြည်လူမျိုး စရိုက်လက္ခဏာပေါ်မူတည်ပြီး ရိုးသားမှုကို သစ္စာတရား၊ ကျိုးနွံမှု၊ တည်ကြည်မှု၊ မဟုတ်မခံစိတ်ဓာတ် စသဖြင့် အမျိုးမျိုး ဖွင့်ဆိုသွားကြပါလိမ့်မယ်။ ဘယ်ဟာအကောင်းဆုံးလို့ ပြောပေမယ့် လက်တွေ့မှာ အများစု လက်ခံချင်တဲ့ ပုံစံအတိုင်းဖြစ်မှာပါ။ အနိမ့်ဆုံးအားဖြင့် ရိုးသားမှုကို အခြေပြုလမ်းကြောင်း တည်ဆောက်သွားရင်ကိုပဲ ကျေနပ်ရပါမယ်။ တချိန်ထဲမှာပဲ ရိုးသားခြင်းနဲ့ နုံအခြင်းကိုလည်း ခွဲခြားသိနိုင်ရမယ်။ နောက်အဆင့်တွေကြမှ အသိပညာ အတတ်ပညာ ကျင့်ဝတ် စည်းကမ်းစတာတွေ လိုက်သင့်ပါတယ်။ ဒီတော့ ရိုးသားခြင်းဂုဏ် အရည်အချင်း ထွန်းကားအောင် ဘယ်လိုလုပ်ကြမလဲ။ ရေရှည်မှာ စာသင်ကျောင်းများကနေ အစပြုရမယ်။ အဲဒီကောင်းတဲ့ အမူအကျင့်များ ဖွံ့ဖြိုးလာဖို့ ကျန်းမာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး အဖက်ဖက်ကနေ ဝိုင်းဝန်းပံ့ပိုးပေးမှ ရပါမယ်။ ရေတိုအတွက်ကတော့ လခလုံလောက်အောင်ပေး၊ ပင်စင် လူမှုဖူလုံရေး စတာတွေကို လက်ရှိလုပ်ကိုင်နေသူ များအတွက် မပူပင်ရအောင် စီမံထားရှိရမှ ရမယ်ထင်ပါတယ်။ စာပေ အနုပညာလို စံပြရိုးလ်မော်ဒယ်များရဲ့ လွှမ်းမိုးမှုကလည်း ရေတိုရေရှည် နှစ်ခုစလုံးအတွက် သေချာပေါက် လွှမ်းမိုးမှုရှိတယ်။ ရိုးသားလာမှ မိမိကိုယ်ကို သူများကို ယုံကြည်တတ်လာမယ်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက် တတ်လာမယ် (စီးပွားရေးကဏ္ဍဖွံ့ဖြိုးဖို့ဆို အစုအဖွဲ့ ကုမ္မဏီ အများပိုင် စနစ်နဲ့ လုပ်တတ်လုပ်ရဲမှ ဖြစ်ပါမယ်။) ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုချင်စိတ်၊ သူတပါး ဦးဆောင်မှုကို လက်ခံနိုင်တဲ့ စိတ်ဓာတ်ကောင်းများ ထွက်ပေါ်လာပါမယ်။ နို့မို့ရင် လက်ရှိ မြန်မာအသိုင်းအဝန်းမှာ ဖြစ်နေသလို ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ပညာတတ်တတ် နာမည်ဘယ်လောက်ကြီးကြီး သူတလူ ငါတမင်း သူ့မယုံ ငါ့မယုံ ဘေးထိုင်ဘိုင်ကျဘုပြော အစိတ်စိတ်အမွှာမွှာကွဲ လုပ်ချင်တာ လုပ်နေကြအုံးမှဖြစ်ပါတယ်။

    • thit min

      February 3, 2012 at 2:37 pm

      လုံးဝ ကွက်တိဘဲ ကိုကြောင်ရေ။
      ကျနော် ကိုလင်းဝေနဲ့ ပြောဘူးတယ်။ အဲဒီ ပရိုင်မာရီ ပညာရေးက စပြီးလုပ်ဖို့။
      ကျနော့က ပစ်မှတ် ၂ ခု ဗျ။
      တခုက အားလုံးသိပြီးသား နောက်မျိုးဆက်သစ်။ဒါက ရှင်းနေစရာမလိုဘူး။
      နောက်တခုက အခုရှိနေတဲ့ လူကြီး “မိဘ” တွေ ကို ပြောင်းပြန်၊ ပြန်သင်မှာ။
      ဘယ်လိုလဲ ဆိုတော့ လူကြီးဆိုတာ ကောင်းတာပြောလဲ ခေါင်းကမာနေပြီ လက်မခံဘူးမဟုတ်လား။
      ဒီတော့ သူတို့ချစ်တဲ့ သားသားမီးမီးလေးတွေ ကိုကျောင်းမှာသင်ပေးလိုက်မယ်။အဲဒီကလေးတွေက
      အိမ်ရောက်တော့ သူတို့ကိုချစ်တဲ့စိတ်နဲ့ လူကြီးတွေက ကလေးတွေနေထိုင်ပြုမူသလို
      အကုန်မဟုတ်တောင်နေရာတကာအမှိုက်မပစ်တာ၊
      တခုခုလုပ်ပြီးသွားရင် သေသေခြာခြာသိမ်းတာ၊ စည်းကမ်းရှိတာလေးတွေ
      အနဲနဲ့အများဖြစ်လာလိမ့်မယ်လို့ ကျနော်တော့ ယူဆတယ်။
      ထိရောက်မှုနဲ ကောင်း နဲ မယ်။ ဇီးရိုးတော့ဖြစ်မယ်မထင်ဘူး ဗျာ။
      အင်အားရှိသူတွေနဲ့ ဖောင်ဒေးရှင်းနဲ့ကိုလုပ်ချင်တယ်၊လုပ်ခွင့်ရရင်ပေါ့ဗျာ။ရေရှည်လုပ်ရမှာ
      ဆယ်စုနှစ်တခုလောက်အချိန်လိုမယ်။ ဒါပေမဲ့ တယောက်ကနေ တရာ ဆိုသလို
      လူ့ကျင့်ဝတ်လေးတွေ နားလည်သွားရင်နောင်တချိန်မှာ မြန်မာပြည်အတွက် လူကောင်းတွေ
      များစွာရလာနိုင်မှာ အသေအခြာ။
      ~~~~~~~~~~~~~~~~။
      ရိုးသားမှုကတော့ လွှတ် လိုတာ။
      လက်သီးပုန်းထိုးတတ်တဲ့စိတ်တွေ၊ ဖားပြီး ရှောက်ပြောနေတာလဲ တီချယ်ကြီးတီတီနု ပြောသလို
      မုသားဝဝတုတ်တုတ်ကြီးမဟုတ်ပေမဲ့ မရိုးသားတာကမရိုးသားတာပါဘဲ။
      မရိုးသားတော့ သူများရိုးသားတယ် ဆိုတဲ့ တန်ဖိုးကိုလည်နားမလည်ဘူး။ ကိုယ်ရဘို့ဘဲ။
      ဘာလုပ်ရလုပ်ရ။လတ်တလောတော့ ကောင်းမှာပါ။ရေရှည် ကြ ခံရမှာဘဲ။
      ဆေးတုလုပ်ရောင်းတဲ့သူ၊ သူ့ကလေးဆေးတုနဲ့သေတာမျိုးပေါ့။
      လူတိုင်းရိုးသားဖို့ ဆိုတာ တကယ်တမ်းတော့လဲ နတ်သမီးပုံပြင်လိုဗျ။
      ဒီနိုင်ငံတွေမှာတောင် အများစုက———–လို့ဘဲပြောလို့ရတာပါ။
      ဘယ်လိုဘဲဖြစ်ဖြစ် အပေါ်ကပြောတဲ့အတိုင်း ကလေးကတဆင့် လူကြီးကို သွေးပြောင်းဖို့
      ကြိုးစားရင်း၊ ကိုကြောင်ပြောသလို လုံလောက်တဲ့ စားစရိတ်ကိုလည်း ထောက်ပံ့နိုင်ဖို့
      လိုတယ်လို့ ထင်တယ်ဗျာ။
      အဲဗျာ။ အဲဒီလို လုပ်မဲ့သူတွေ ရိုးသားဖို့လိုပြန်ရော။ ကဲ ဆက်ဆွဲရအောင်ဗျာ။
      ၈၉-၉ဝ နှစ်ပုဒ်ရေးမယ်လေ။ ကမ်းမွန် ဆရာကြောင်။(^^)

Leave a Reply