ဂ်စ္စူJune 27, 20112min27527
ကားနဲ ့ထုတ်သွားတယ် ပြဿနာတက်ခဲ့တဲ့ ဆိုင် ရဲကအကာအကွယ်ပေးပြီး တရုတ်တွေကိုထုတ်သွားရတယ် တစ်ကယ်အကြီးကျယ်ပါလားဗျို ့.. ပုံတွေမြင်ရမှသိတော့တယ် ပုံတွေကတော့ Aung Shin facebook မှ ဖြစ်ပါတယ် ဒီနေ့မနက် မန္တလေး မဟာအောင်မြေမြို့နယ် ၈၇၊၈၈ ၃၈၊လမ်း ၄ဝကြားက ကျောက်ဝိုင်းမှာ ဗမာကျောက်ကုန်သည်တယောက်နဲ့ ဧည့်ဗီဇာနဲ့လာတဲ့ တရုတ်ကုန်သည်တို့ ပါးစပ်နဲ့ အရောင်းအဝယ်တည့်ထားတဲ့ ကျောက်လွှာထုပ်ကို ဈေးပိုတောင်းတာ မပေးလို့ တခြားတရုတ်တယောက်က ဈေးပိုပေးလို့ရောင်းလိုက်ရာက ကျောက်ဝိုင်းမှာ လူရိုက်မှုတွေဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ သိန်း ၄ဝနဲ့ ဈေးဆိုင်ထားတဲ့ ကျောက်လွှာထုပ်ကို တရုတ် ကုန်သည်က ဝယ်မယ်ဆိုပြီး လက်မှတ်ထိုး တိပ်ပတ်ထုတ်ထားခဲ့ပါတယ်။ ရောင်းမယ့်ဗမာကုန်သည်က ဈေးပိုလိုချင်လို့ ထပ်တောင်းပေမယ့် အကြောင်းမပြန်လို့ တခြားကုန်သည်ကို တိပ်ပတ်ထားတဲ့အထုပ်ကိုဖြည်ပြတော့ အရင်ကုန်သည်ထက် ၅သိန်းပိုပေးလို့ အရောင်းအဝယ်ဖြစ်သွားပါတယ်။ ဒီမှာတင် အရင်လေနဲ့တည့်ထားတဲ့ တရုတ်က သူ့ကိုမရောင်းလို့ဆိုပြီး […]