kaiJanuary 12, 20112min1102
စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ် နိဒါန်း ကမာ္ဘ့နိုင်ငံရေး စင်မြင့်တွေမှာပဲဖြစ်ဖြစ်၊ ဒီမိုကရေစီအရေးနဲ့ ပဋိပက္ခဖြေရှင်းရေး လေ့လာသူ ပညာရှင်တွေရဲ့ ဆွေးနွေးပွဲတွေမှာပဲဖြစ်ဖြစ်၊ အရပ်သားတွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာပဲ ဖြစ်ဖြစ်၊ စေ့စပ်ဆွေးနွေးရေး၊ ဒိုင်ယာလော့ စတဲ့ စကားလုံးလေးတွေက ရေပန်းစားလှပါတယ်။ နိုင်ငံရေး ဖြစ်စဉ်တွေကို သေသေချာချာ လေ့လာသုံးသပ်ပြီးမှ ပြောဆိုဆွေးနွေးသူတွေ ရှိတတ်သလို၊ စကားလုံးကိုပဲ အဖန်တလဲလဲ ရွတ်ဆိုပြောနေတတ်တာတွေလဲ ရှိပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စေ့စပ်ဆွေးနွေးရေး စတာတွေကို ဖဲတချပ် မှောက်လိုက်၊ လှန်လိုက် လုပ်သလို အလွန် လွယ်ကူသယောင် ပြောဆိုမှုတွေလဲ ရှိတတ်ပါတယ်။ နိုင်ငံတနိုင်ငံမှာ ရွေးကောက်ပွဲ ဖြစ်လိုက်တာနဲ့ နေ့ချင်းညချင်း ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သွားသယောင် ထင်နေသူတွေ ရှိသလို၊ ဒီမိုကရေစီ ခေါင်းဆောင်တယောက် လွတ်လာတာနဲ့ နေ့ချင်းညချင်း ဒီမိုကရေစီကြီး ရတော့မယောင် ထင်မှတ်နေသူတွေလဲ […]