အဇဋာSeptember 22, 20121min1023
လူထုုအခြေပြုအဖွဲ့အစည်းတွေ မှတ်ပုုံတင်စေဖိုု့    ယခင်အစိုးရလက်ထက်က လူဟောင်းတွေအများစုပါဝင်တယ်ဆိုုပေမယ့် တင်းကြပ်မှုတွေဖြေလျော့လိုုက်ပြီး မူဝါဒအသစ်တွေနဲ့ ဒီမိုုကရေစီကျင့်သုုံးတဲ့အစိုုးရသစ်တစ်ရပ်အဖြစ် သမ္မတဦးသိန်းစိန်က အကောင် အထည်ဖော်ဖိုု့ ကြိုးစားနေတယ်ဆိုုတာကိုု ကျွန်တော့်အနေနဲ့ လက်ခံပါတယ်။ အမေရိကန်အပါအဝင် နိုုင်ငံတကာရဲ့ တုုံ့ပြန်မှုတွေကလည်း လိုုက်ပါတိုုးတက်လာပြီး ဒဏ်ခတ်ပိတ်ဆိုု့အရေးယူမှုတွေကိုု ဖြေလျာ့နေတာ၊ ဥရောပရဲ့ ကုုန်သွယ်ရေးဆိုုင်ရာ ကင်းလွတ်ခွင့်တွေ မြန်မာပြည်ကိုု ပြန်ပေးမှာတွေဟာ  ငါတကောကော မူဝါဒကနေ နိုုင်ငံတကာအသိုုင်းအဝိုုင်းထဲကိုု ဝင်ဖိုု့ ပြန်လည်အစပြုနေပြီလိုု့ ပြောလိုု့ရပါမယ်ထင်ပါတယ်။ ဒါပေမယ့် အင်စတီကျူးရှင်းဆိုုင်ရာ အားနည်းချက်တွေကလည်း အများကြီးရှိပါသေးတယ်။ ဒီအထဲက အရေးပါတဲ့ အားနည်းချက်တစ်ခုုဖြစ်တဲ့ လူထုုအခြေပြုအဖွဲ့အစည်းတွေရဲ့ အခန်းဂဏ္ဍနဲ့ပတ်သက်ပြီး ခုုထက်ထိ သိသိသာသာ မတိုုးတက်သေးတာဟာ အစိုုးရက မသိကျိုးကျွန်ဆောင်တာလား၊ မသိတာလားတော့ မပြောတတ်ဘူး။နိုင်ငံတစ်နိုင်ငံ ပြောင်းလဲခြင်းဖြစ်စဉ်မှာ အစိုးရ(Government)၊ ဈေးကွက်(Market) နဲ့ လူထု အခြေပြု အဖွဲ့အစည်း (Civil […]