အစိုးရနှင့် လူ့အဖွဲ့အစည်း

အဇဋာSeptember 22, 20121min1223

လူထုုအခြေပြုအဖွဲ့အစည်းတွေ မှတ်ပုုံတင်စေဖိုု့   

ယခင်အစိုးရလက်ထက်က လူဟောင်းတွေအများစုပါဝင်တယ်ဆိုုပေမယ့် တင်းကြပ်မှုတွေဖြေလျော့လိုုက်ပြီး မူဝါဒအသစ်တွေနဲ့ ဒီမိုုကရေစီကျင့်သုုံးတဲ့အစိုုးရသစ်တစ်ရပ်အဖြစ် သမ္မတဦးသိန်းစိန်က အကောင် အထည်ဖော်ဖိုု့ ကြိုးစားနေတယ်ဆိုုတာကိုု ကျွန်တော့်အနေနဲ့ လက်ခံပါတယ်။ အမေရိကန်အပါအဝင် နိုုင်ငံတကာရဲ့ တုုံ့ပြန်မှုတွေကလည်း လိုုက်ပါတိုုးတက်လာပြီး ဒဏ်ခတ်ပိတ်ဆိုု့အရေးယူမှုတွေကိုု ဖြေလျာ့နေတာ၊ ဥရောပရဲ့ ကုုန်သွယ်ရေးဆိုုင်ရာ ကင်းလွတ်ခွင့်တွေ မြန်မာပြည်ကိုု ပြန်ပေးမှာတွေဟာ  ငါတကောကော မူဝါဒကနေ နိုုင်ငံတကာအသိုုင်းအဝိုုင်းထဲကိုု ဝင်ဖိုု့ ပြန်လည်အစပြုနေပြီလိုု့ ပြောလိုု့ရပါမယ်ထင်ပါတယ်။

ဒါပေမယ့် အင်စတီကျူးရှင်းဆိုုင်ရာ အားနည်းချက်တွေကလည်း အများကြီးရှိပါသေးတယ်။ ဒီအထဲက အရေးပါတဲ့ အားနည်းချက်တစ်ခုုဖြစ်တဲ့ လူထုုအခြေပြုအဖွဲ့အစည်းတွေရဲ့ အခန်းဂဏ္ဍနဲ့ပတ်သက်ပြီး ခုုထက်ထိ သိသိသာသာ မတိုုးတက်သေးတာဟာ အစိုုးရက မသိကျိုးကျွန်ဆောင်တာလား၊ မသိတာလားတော့ မပြောတတ်ဘူး။နိုင်ငံတစ်နိုင်ငံ ပြောင်းလဲခြင်းဖြစ်စဉ်မှာ အစိုးရ(Government)၊ ဈေးကွက်(Market) နဲ့ လူထု အခြေပြု အဖွဲ့အစည်း (Civil Society) ဆိုတဲ့ သုံးခုသောအရာတွေက အဓိကအခန်းကဏ္ဍမှာ ပါဝင်တယ်လို့ နယူးယော့ခ်၊ အစိုးရနဲ့ လူထုအခြေပြုအဖွဲ့အစည်းယူနစ်၊ ဖို့ဒ်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ မိုက်ခယ် အက်ဒွပ်(Michael Edwards)က သူ့ရဲ့ လူထုအခြေပြုအဖွဲ့အစည်း(Civil Society) ဆိုတဲ့စာအုပ်မှာ ပြောဖူးပါတယ်။ ဒီအချက်ဟာ ဒီမိုကရေစီစနစ်ကို အားပြုလာတဲ့ ဒီဘက်ခေတ်မှာ ငြင်းဆိုလို့မရနိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ အစိုုးရကောင်းတစ်ရပ်ဖြစ်ပေါ်လာစေဖိုု့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုု အသိအမှတ်ပြုဖိုု့လိုုပါတယ်။  ”မီးစင်ကြည့်ကမယ်” ဆိုုတာမျိုးမဟုုတ်ဘဲ တရားဝင်မှတ်ပုုံတင်ခွင့်ပြုဖိုု့လိုုအပ်ပါတယ်။

ဒီအဖွဲ့အစည်းတွေဟာ လွှတ်တော်ရောက် နိုင်ငံရေးပါတီတွေကို တွန်းအားပေးရမှာ ဖြစ်သလို လူထုနဲ့ နိုင်ငံတော်နဲ့ကြားမှာလည်း ပေါင်းကူးပေးရမှာ ဖြစ်ပြီး အစိုးရရဲ့ မူဝါဒချမှတ်ရေးတွေမှာလည်း ပါဝင်နေနိုင်ရပါမယ်။ နောက်ပြီး အစိုးရကလည်း ဒီလို လူထုအခြေပြုအဖွဲ့အစည်းတွေကို ပြောင်းလဲရေးဖြစ်စဉ်တွေမှာ ပါဝင်လိုက်ပါနိုင်ဖို့ လမ်းဖွင့်ပေးရပါတယ်။

မြန်မာ့လူထုုအခြေပြုအဖွဲ့အစည်း

မြန်မာနိုင်ငံရဲ့ လက်ရှိ လူထုအခြေပြုအဖွဲ့အစည်းတွေကို ကြည့်ရင် အလွှာအသီးသီးရှိနေတာကို တွေ့ရပါတယ်။ နိုင်ငံတကာက ဝင်လာတဲ့ NGO နဲ့ INGO တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက ဦးဆောင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ နယ်ပယ်ကိုမူတည်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက သူတို့ကျွမ်းကျင်ရာလိုက် ဖွဲ့စည်းထားတဲ့အဖွဲ့တွေ၊ ရည်ရွယ်ချက်ချင်း တူညီတဲ့လူငယ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့တွေ စသဖြင့် အများအပြားရှိပါတယ်။

ပြည်တွင်း လူထုအခြေပြုအဖွဲ့အစည်းတွေကတော့ နိုင်ငံတကာလူထုအခြေပြုအဖွဲ့အစည်းတွေလို ငွေအား၊ လူအား တောင့်တင်းခြင်း၊ ကျွမ်းကျင်ပညာရှင်ရှားပါးခြင်းနဲ့ အဖွဲ့အစည်းတည်ဆောက်ပုံ၊ အဖွဲ့အစည်း ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းဆိုတဲ့ အပိုင်းတွေမှာ အလွန်အားနည်းကြပါတယ်။

လူထုအခြေပြုအဖွဲ့အစည်းတွေကို အဆင့်လိုက်အမျိုးအစားခွဲခြားမှုမှာ အကြမ်းအားဖြင့် လေးမျိုး ရှိပါတယ်။
(၁) ငွေအင်အား၊ လူအင်အားနည်းပြီး၊ တစ်နိုင်တစ်ပိုင် စေတနာ့ဝန်ထမ်းအနည်းငယ်နဲ့သာ ဖွဲ့ထားတဲ့ အဖွဲ့မျိုး၊ ဒီအဖွဲ့မျိုးတွေဟာ အစိုးရနဲ့ ပူးပေါင်းနိုင်စွမ်းမရှိသလို၊ အခြားအဖွဲ့အစည်းတွေနဲ့ ကွန်ယက်ချိတ်ဆက်နိုင်ဖို့ အားနည်းပါတယ်။
(၂) ဘယ်အဖွဲ့အစည်းမှ အားမကိုးဘူး၊ ငွေအင်အား၊ နည်းပညာအင်အား တတ်နိုင်သော်လည်း အစိုးရနဲ့လည်း မပေါင်းဘူး၊ ကိုယ့်ဘာသာ သီးသန့်ရပ်တည်မယ်၊ ကိုယ့်ကိစ္စပဲ ကိုယ်လုပ်မယ်ဆိုတဲ့ အဖွဲ့မျိုး၊ (၃) အစိုးရကို အဓိကတွန်းအားပေးဖို့ ရည်ရွယ်တယ်၊ သူတို့လုပ်တဲ့အလုပ် တွေက အစိုးရ၊ State Holder တွေကို အဓိက ပြောမယ်ဆိုတဲ့အဖွဲ့မျိုး၊
(၄) အစိုးရအဖွဲ့အစည်းအတွင်း (သို့မဟုတ်) လွှတ်တော်အတွင်းမှာကို ကိုယ်စားလှယ်၊ အဖွဲ့ကိုယ်တိုင် မူဝါဒချမှတ်ရေးမှာ ပါဝင်နိုင်တဲ့အဖွဲ့ မျိုးတို့ဖြစ်ပါတယ်။

နာဂစ်အမွေ
လူပေါင်း ၁၄၀၀ဝ ကျော်သေဆုုံးခဲ့ရတဲ့ နာဂစ်ဆိုုင်ကလုုံးမုုန်တိုုင်းကြီးက မြန်မာပြည်အတွက် ကောင်းမွေမျိုးစေ့တခုုချထားပေးနိုုင်တာက လူထုုအခြေပြုအဖွဲ့လေးတွေကိုု  ပေါ်ပေါက်စေလာတာပါ။ အရင်ကလည်းရှိခဲ့တာပဲလိုု့ စောဒကတက်သူတွေလည်းရှိပါလိမ့်မယ်။ သိုု့ပေမယ့် စစ်အုုပ်ချုပ်ရေးကာလ နှစ်ပေါင်းများစွာ အသင်းအပင်းဖွဲ့စည်းဖိုု့ဆိုုတာ တွန့်ဆုုတ်နေခဲ့ရာက နီးစပ်ရာ စိတ်တူကိုုယ်တူလူငယ်တွေ ဖွဲ့စည်းခဲ့တဲ့ ဒီလူထုုအခြေပြုအဖွဲ့လေးတွေရဲ့ ကူညီပေးနိုုင်မှုဟာ အတိုုင်းအတာတစ်ခုုထိ ရှိခဲ့ပါတယ်။

သိုု့ပေမယ့် ဒီအဖွဲ့တွေဟာ အဖွဲ့အစည်းတည်ဆောက်ပုံတွေမှာ အားနည်းချက်တွေ ရှိကြတယ်။ အဖွဲ့တွင်း စွမ်းရည်မြှင့်သင်တန်းတွေလည်း မရှိကြဘူး။ အလှူရှင်တွေရဲ့ တိုက်ရိုက်ပံ့ပိုးမှုကိုလည်း မရှာဖွေနိုင်ဘူး စတဲ့ အကြောင်းအရာပေါင်းများစွာနဲ့ နာဂစ်အပြီး လေးနှစ်အတိုင်း အတာထိ အဖွဲ့ငယ်တွေအဖြစ်ပဲ ဆက်လက်တည်ရှိနေဆဲပါပဲ။ ဒါဟာ နိုင်ငံရဲ့တိုးတက်မှုနဲ့ ပြည်သူတွေရဲ့ အသံကို အစိုးရက ဘယ်လောက်အတိုင်းအတာထိ ကြားနိုင်နေပြီလဲဆိုတာကို သိသာစေနိုင်ပါတယ်။ ဒီအဖွဲ့ငယ်လေးတွေ အားမကောင်းလာသ၍ နိုင်ငံကို ဆွဲခေါ်မယ့် ကြိုးတွေထဲက တစ်ချောင်းလျော့နေသလို ဖြစ်စေနိုင်ပါတယ်။

ဗူးသီးနုုနုု အမွှေးသပ်သလိုု  အတားအဆီးများ

အကယ်၍ အဖွဲ့အစည်းတစ်ခုဟာ မှတ်ပုံတင်ချင်ရင် ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ကြရပြီး မှတ်ပုံတင်ကြေး ငါးသိန်းနဲ့ နှစ်စဉ်ကြေး တစ်သိန်း ပေးဆောင်ကြရမှာပါ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ၁၉၈၈ ခုနှစ်ကပြန်ဌာန်းခဲ့တဲ့ ၆/၈၈ ဥပဒေအရ အဖွဲ့အစည်းတွေဟာ ဘာသာရေးလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကလွဲပြီး တစ်ခြား အစိုးရရဲ့ ယန္တရားကို ထိခိုက်စေမယ့် လုပ်ငန်းမျိုးလုပ်ကိုင်ခွင့်မရှိဘဲ တကယ်လို့ လုပ်ခဲ့ရင် ထောင်ဒဏ် ငါးနှစ်ထိ ချမှတ်နိုင်တယ်ဆိုတဲ့အချက်ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ လူထုအခြေပြုအဖွဲ့အစည်းပေါင်း တစ်ထောင်ကျော်ကျော်ရှိနေတာမှာ အဖွဲ့ ၂၇ဝ က မှတ်ပုံတင်ထားပါတယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီး ဦးကျော်ဇံမြင့်က ပြောထားတာရှိပါတယ်။ ဒါပေမယ့် ဒီစာရင်းနဲ့ပတ်သက်လိုု့ အသေးစိတ်လည်း မပြောလိုု့ မေးခွန်းတွေအများကြီးဖြစ်နေသလိုု ကျန်တဲ့အဖွဲ့အစည်းတွေက တရားမဝင် အဓိပ္ဗါယ်ဆောင်လားဆိုုတာလည်း မရှင်းပါဘူး။ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး   အချင်းချင်းမှာလည်း မလုုံခြုံတာကြောင့် ကွန်ယက်ချိတ်ဆက်မှုမှာ အားနည်းကြပါတယ်။  ဒီအခါမှာ အစိုးရက မင်းတို့အလုပ်လုပ်နေတာကို ငါတို့သိတယ်၊ ဒါပေမယ့် ကြည့်လုပ်ကြ၊ သိသာသိစေ၊ မမြင်စေနဲ့ဆိုတဲ့  ပုံစံမျိုးနဲ့  ထားထားတာပါ။

“အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ကဏ္ဍဟာ သိပ်အရေးပါတယ်ဆိုတာကို ကျွန်တော်တို့ အရမ်းအသိနောက်ကျခဲ့ပါတယ်၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေမှာ ဒီအဖွဲ့အစည်းတွေကို ချန်ထားလို့ မရပါဘူး” ဆိုပြီး သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လွန်ခဲ့တဲ့လက ပြည်တော်ပြန် ကျောင်းသားများနဲ့ တွေ့ဆုံတဲ့အချိန်မှာ ပြောသွားခဲ့ဖူးပါတယ်။

နောက်ပြီး အမေရိကန် မေရိလန်းပြည်နယ်မှာ အမေရိကန်ရောက်မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာလည်း ထာဝရငြိမ်းချမ်းရေးအတွက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းမှုလိုအပ်ကြောင်းလည်း ဦးအောင်မင်းက ပြောသွားပါသေးတယ်။   လူထုအခြေပြုအဖွဲ့အစည်းတွေအတွက် ကောင်းသောနမိတ်ပြပုုံများဖြစ်လာမှာလည်း ဆိုုတာကတော့ စောင့်ကြည့်ရပါဦးမယ်။

မှတ်ပုုံတင်သင့်

အရင်က လူထုအနေနဲ့ရော၊ အလှူရှင်အနေနဲ့ရော မြန်မာနိုင်ငံရဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အရေအတွက်၊ ဒီအဖွဲ့အစည်းတွေရဲ့ အခြေအနေမှန်၊ အဖွဲ့အစည်းတွေရဲ့ ပွင့်လင်းမြင်သာနှင့် ဒီအဖွဲ့အစည်းတွေရဲ့ လုပ်ပိုင်ခွင့်တွေဟာလည်း အရင်ကထက် တရားဝင်ပုံစံဖြစ်လာပြီး တွင်ကျယ်လာနိုင်ပါတယ်။ တရားမဝင်မှုဟာ မကောင်းမှုကျူးလွန်ဖိုု့ အကာအကွယ်ကောင်းလည်း ဖြစ်တတ်ပါတယ်။

လက်ရှိမှာ လူထုအခြေပြုအဖွဲ့အစည်းတစ်ချို့ဟာ နိုင်ငံရေးပါတီတွေရဲ့ လက်ကိုင်တုတ်ဖြစ်နေကြပါတယ်။  အကယ်၍မှတ်ပုံတင်လိုက်တယ်ဆိုရင် မီဒီယာကြောင့် ပြည်သူတွေရော၊ နိုင်ငံရေးပါတီတွေရောနဲ့ အစိုးရကပါ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ကောင်းကောင်းသိမြင်လာ နိုင်ပါမယ်။

ဘယ်လိုုပြုပြင်ပြောင်းလဲရေးလုုပ်မှာလဲ

အစိုးရအနေနဲ့ကလည်း  ၁၉၈၈ ခုုနှစ် အဖွွဲ့အစည်းမှတ်ပုံတင်ဥပဒေကိုု ပြင်ဆင်ခြင်း သိုု့မဟုုတ် ဖျက်သိမ်းခြင်းဖြင့်  ဒီအဖွဲ့အစည်းတွေ လွတ်လပ်လာနိုင်မယ့် လမ်းကြောင်းတွေကို ဖွင့်ပေးရမှာပါ။ လူထုအခြေပြုအဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်လာစေချင်တယ်ဆိုရင်တော့ အစိုးရအနေနဲ့ ရိုုးသားမှုကိုုအခြေခံချဉ်းကပ်ဖိုု့လိုုကာ ပွင့်လင်းမြင်သာမှုတွေဖန်တီးပေးဖိုု့ လိုုနေပါပြီ။

(မှတ်ချက်။ လာမည့် တစ်ပတ်တွင် ထုတ်ဝေမည့် ဂျာနယ်တစ်စောင်တွင် ပုံနှိပ်ဖော်ပြမည့် ကျွန်တော့် Perspective ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ ဝေဖန် အကြံပြုပေးကြစေလိုပါတယ်။)

3 comments

  • ဦးဦးပါလေရာ

    September 23, 2012 at 5:51 pm

    အကယ်၍ အဖွဲ့အစည်းတစ်ခုဟာ မှတ်ပုံတင်ချင်ရင် ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ကြရပြီး မှတ်ပုံတင်ကြေး ငါးသိန်းနဲ့ နှစ်စဉ်ကြေး တစ်သိန်း ပေးဆောင်ကြရမှာ

    ဆိုတာကတော့ မဲမဲမြင်ရင် ပိုက်ဆံတောင်း/ဆက်ကြေးတောင်း ချင်တဲ့ အကျင့်က အရိုးစွဲနေတာကိုပြတာ..။
    တကယ်ဖြစ်ရမှာက ဒီနိုင်ငံလို အစိုးရက လူထုကို ဘာဆိုဘာမှကို မပံ့ပိုး မမြှင့်တင် ပေးနိုင်တဲ့နိုင်ငံမျိုးမှာ လူထုအခြေပြုအဖွဲ့အစည်းတွေ ကြီးငယ်မဟူ အများအပြားစည်းကမ်းတကျပေါ်လာအောင် တမင်ကို ဖန်တီးလှုံ့ဆော်ရမှာ။ ပေါ်လာတဲ့ အဖွဲ့အစည်းတွေကိုလဲ မကူညီရင်နေ မနှောက်ယှက်ဘူး ဆိုတဲ့သဘောမျိုးထားပေးရမှာ။

    အခုတော့ ကိုယ့်နိုင်ငံထဲမှာ ဖွဲ့ချင်တဲ့အဖွဲ့တွေကျတော့ တားထား။ ရှိတဲ့အဖွဲ့အစည်းတွေကို ချီးနိုင်သေးနိုင် နိုင်ကြ။
    သူများနိုင်ငံကအဖွဲ့တွေကျတော့ တားမရလို့ဝင်လာတဲ့အခါ မတို့ရဲ မထိရဲ မမေးရဲ မမြန်းရဲ…။

  • aemoshu

    September 25, 2012 at 10:42 am

    အဲမိုရဲ့အဖွဲ့လေးက စာရေးသူရဲ့ နံပါတ်စဉ်ထဲက နံပါတ်တစ်အဖွဲ့လို့ပဲပြောရမလားပဲ … ဒါပေမယ့် ကိုယ်တနိုင်တပိုင်ပဲလုပ်တယ် … တိုင်းပြည်ဖွံ့ဖြိုးဖို့ အစိုးရအဖွဲ့တွေနဲ့ချိတ်ဆက်ဖို့ ဆိုတာတွေတော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး … ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က တာဝန်ယူတယ်လို့ပဲမှတ်ပါတယ်။
    အဲမိုတို့မှာ အမြဲတမ်းအတွက် ဖန်ငွေဆိုတာမရှိပါဘူး … တစ်နှစ်တစ်ခါလုပ်တယ် .. ရတာ အကုန်လှူလို်က်တယ် …. ဖန်ငွေထားပြီးထိန်းသိမ်းဖို့တာဝန်မယူချင်တာလည်းပါပါတယ်… ဒါတောင်မသိမသာ checking လိုက်တာခံရပါသေးတယ်…
    ဆိုတော့ကာ … ရေရှည် plan မရှိဘူး၊ တိကျတဲ့ အစီအစဉ်တွေမရှိဘူးပဲပြောပြော ကိုယ်လုပ်စရာရှိတာကို စိတ်တူသူတွေပေါးပြီးလုပ်တယ် … ဒါကိုမှ မှတ်ပုံမတင်လို့မလုပ်ရဘူးဆိုရင်တော့ စိတ်မကောင်းဖြစ်ရုံပဲရှိတာပဲ …

  • မြတ်ကျော်သူ

    September 25, 2012 at 11:21 pm

    မှတ်ပုံမတင်လို့မလုပ်ရဘူး လို့ ဆိုလိုတာ မဟုတ်ပါခင်ဗျာ…
    အစိုးရအနေနဲ့ မှတ်ပုံတင်လုပ်ဖို့ ခွင့်ပြုပေးရမယ်၊ လမ်းဖွင့်ပေးရမယ် လို့ ဆိုလိုတာပါ။
    အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီအချက်ကို အဓိကထားစဉ်းစားသင့်တယ်လို့ ပြောချင်တာပါ။
    ကျေးဇူးတင်ပါတယ်။

Leave a Reply