အဇဋာAugust 25, 20121min21013
ဒီလပိုင်းအတွင်း ကျွန်တော်တို့ သတင်းအသိုင်းအဝိုင်း၊ သတင်းလောကမှာ အပြောင်းအလဲတွေ တော်တော်များများ ဖြစ်သွားပါတယ်။ စာပေစိစစ်ရေးမရှိတော့တာ၊ ထုတ်တင်စနစ်ပျောက်သွားတာ၊ ပြည်ပမီဒီယာတွေ ပြည်တွင်းကိုရောက်လာတာ၊ မီဒီယာသမားတွေ ဆန္ဒပြတာ၊ ပုံနှိပ်မီဒီယာတွေကို တရားစွဲဆိုခံရတာ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံနဲ့ အရင်က မကြုံစဖူးတဲ့ အတွေ့အကြုံတွေရော၊ မသိသေးတဲ့ အကြောင်းအရာတွေရော စုံနေတာပါပဲ။ အဲဒီအထဲမှာပဲ သတင်းလောကသားတွေရော၊ သတင်းလောက, က မဟုတ်သူတွေပါ ဝေခွဲရခက်စေတဲ့၊ အငြင်းပွားဖွယ်ရာကိစ္စတွေလည်း အများကြီး ပေါ်ပေါက်လာပါတယ်။ အထူးသဖြင့်တော့ သတင်းလောကသားတွေဟာ Professional (ဒီစကားလုံးကို မြန်မာလိုပြန်ရင် အဓိပ္ပါယ်ပိုင်းမှာ အခက်အခဲရှိလို့ ဒီအတိုင်းပဲ သုံးခွင့်ပြုပါ) ဖြစ်ပြီလားဆိုတဲ့ ပြဿနာပါ။ နောက်ပြီးတော့ မြန်မာမီဒီယာသမားတွေဟာ Press Freedom တောင်းတယ်၊ စာပေစိစစ်ရေးမရှိအောင် လုပ်တယ်၊ ဆန္ဒပြတယ်ပေါ့။ ဒီလို ဆန္ဒပြတယ်ဆိုတာကရော သတင်းသမားတွေ လုပ်သင့်/မလုပ်သင့် […]


အဇဋာJuly 9, 20121min1976
ကျွန်တော်တို့ သတင်းထောက်တွေမှာ သတင်းထောက် စဖြစ်တဲ့နေ့ဆိုတာရှိပါတယ်။ တကယ် သတင်းထောက်အလုပ်ကို ဝါသနာပါတဲ့သူတွေအနေနဲ့ပေါ့လေ။ နောက်ပြီး ငါကတော့ ဘယ်လိုဖြစ်ရင် သတင်းထောက်ဖြစ်ပြီလို့ သတ်မှတ်တယ်။ ဘာကိုရရင် သတင်းထောက်ဖြစ်ပြီ စသဖြင့်လည်း ကိုယ့်ကိုယ်ကို ပြန် သတ်မှတ်တတ်ကြပါတယ်။ ကိုယ် ကိုယ်တိုင် သတင်းထောက်လုပ်နေပေမယ့် ကိုယ့်ကိုယ်ကို သတင်းထောက်မဖြစ်သေးဘူးလို့ ထင်နေတဲ့ သူတွေလည်းရှိပါတယ်။ နောက်ပြီး သတင်းဖြစ်နေပေမယ့် သတင်းထောက်မဟုတ်တဲ့သူတွေလည်း အများကြီးပါပဲ။ နိုင်ငံတကာမှာတော့ သတင်းထောက်ဖြစ်ဖို့အတွက် Journalism ကျောင်းတွေမှာ Degree ရဖို့လေးနှစ်လောက်ကြိုးစား၊ အလုပ်သင်သတင်းထောက်အနေနဲ့ တစ်နှစ်လောက် Field ထဲမှာ ကျင်လည်ပြီးကာမှ ဂျာနယ်တိုက်တစ်တိုက်ရဲ့ အလုပ်ခန့်အပ်မှုကို ရနိုင်ပါတယ်။ အဲဒီအလုပ်ရဖို့ကလည်း လက်ရှိ ဖြစ်၊ပျက်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်တဲ့ သတင်းကောင်းကောင်း ဒါမှမဟုတ် သတင်းဆောင်းပါးကောင်း တစ်ပုဒ်ကို  တင်ပြနိုင်ပါမှ ဖြစ်နိုင်ပါတယ်။ ဒါက အကြမ်းသဘောမျိုးပြောတာပါ။ […]


အဇဋာJuly 2, 20121min30816
ခင်ဗျားလည်းချစ်သူရှိနိုင်တာပဲ။ သူလည်းချစ်သူရှိနေနိုင်တယ်။ ခင်ဗျားလည်းချစ်နေတဲ့သူရှိနေနိုင်သလို။ အားလုံးလည်းချစ်နေတဲ့သူ၊ ချစ်ရမယ့်သူရှိနေနိုင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ သတင်းထောက်တွေကျတော့ ချစ်ရေးချစ်ရာဆိုတာတော်တော်ပြောရခက်တဲ့ကိစ္စဗျ။ သတင်းထောက်တစ်ယောက်ရဲ့ရည်းစားဖြစ်ရတာ၊ သတင်းထောက်တစ်ယောက်နဲ့ ချစ်သူဖြစ်ရတာ၊ သတင်းထောက်တစ်ယောက် ရည်စားထားရတာတော်တော်ဒုက္ခရောက်ပါတယ်။ ကျွန်တော်တို့အရင် စီနီယာသတင်းထောက်ကြီးတွေဆိုလည်းတော်တော်ဒုက္ခရောက်ကြပါတယ်။ မိန်းမရနေတဲ့ အစ်ကိုသတင်းထောက်တွေဆိုလည်းသူတို့မိန်းမတွေနဲ့ တော်တော်လေးအဆင်ပြေအောင် နေကြရတာဗျ။ ဘာလို့လဲလို့ ခင်ဗျားတို့ကမေးမယ်။ သတင်းထောက်တွေကသာမန်လူတွေ မဟုတ်ကြလို့လား။ အခွင့်ထူးခံလူတန်းစားတွေလား။ ဘယ်လိုဟာတွေလည်းလို့ ပြန်ပြောကြမယ်ထင်တယ်။ တစ်ခုမှ မဟုတ်ပါဘူး။ သတင်းထောက်တွေဆိုတာလည်းသာမန်လူတွေပါပဲ။ ဒါဆိုဘာကြောင့် ချစ်ရေးချစ်ရာမှာအဆင်မပြေကြတာလဲ။ သတင်းထောက်ကို ပြည်သူတွေပိုင်တယ်။ သတင်းထောက်ရဲ့အသက်ဟာ ပြည်သူတွေလက်ထဲမှာ။ သတင်းထောက်ဆိုတာဘယ်သူနဲ့မှ ငြိစွန်းတဲ့သူတွေ မဟုတ်ဘူး။ အဲဒီလိုကြီးကြီးကျယ်ကျယ်တွေပြောတာ ကြားဖူးပါလိမ့်မယ်။ သဘောတူရင်လည်းတူပေါ့လေ။ မတူရင်လည်း…။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကတော့ သတင်းထောက်ကိုသတင်းတွေကပိုင်တယ်။ သတင်းတွေကိုသတင်းထောက်ကချစ်ရတယ်။ သတင်းကိုသတင်းထောက်ကသစ္စမဖောက်ရဘူး။ သတင်းတွေအပေါ်ကျောသားရင်သားမခွဲခြားရဘူး။ အဲဒီလိုမြင်ပါတယ်။ ဒီလိုသာမန်သတင်းထောက်တွေကဘာလို့ချစ်ရေးချစ်ရာမှာအဆင်မပြေဖြစ်ကြရတာလဲ။ ခြုံပြီးပြောရင်ရတဲ့ အဖြေကတော့ သတင်းထောက်တွေဟာအချိန်ကိုမပိုင်ပါဘူး။ အချိန်မရှိပါဘူး။ […]


အဇဋာJune 29, 20121min49017
ဟိုအရင်က ရေးခဲ့တဲ့ ဒိုင်ယာရီဆိုတဲ့ အသုံးအနှုန်းကို မှတ်စု လို့ပြင်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းထောက်တွေရဲ့ အသက်ဟာ ဒိုင်ယာရီမဟုတ်ဘဲ သူတို့ရဲ့လက်စွဲတော် မှတ်စုစာအုပ် (Notebook) ဖြစ်နေလို့ပါပဲ။ Reporter’s Notebook ဘာဖြစ်လို့ သတင်းထောက်တစ်ယောက်ရဲ့ အသက်ဟာ Notebook ဖြစ်နေရသလဲဆိုတော့ အကယ်၍ လူတစ်ယောက်ဟာ(သတင်းထောက်အချင်းချင်းပဲဖြစ်ဖြစ်) သတင်းထောက်တစ်ယောက်ကို ဒုက္ခရောက်စေချင်တယ်ဆိုရင် အဲဒီသတင်းထောက်ရဲ့ Notebook ရယ်၊ ဖုန်းစာအုပ်(ကျွန်တော်တို့အခေါ် Source စာအုပ်) ရယ် နှစ်ခုလုံးကိုသာ ဝှက်ထားလိုက်၊ အဲဒီသတင်းထောက်ဟာ ဘယ်သတင်းမှလိုက်လို့မရအောင် အခက်တွေ့သွားစေပါတယ်။ ဒါကြောင့် သတင်းထောက်တွေဟာ သူတို့ရဲ့ Notebook နဲ့ Source စာအုပ်ကို ဘုရားစာအုပ်ထက် တန်ဖိုးထားတတ်ကြပါတယ်။ ပျောက်သွားရင် ဘယ်တော့မှ ပြန်ဝယ်လို့မရ၊ အစားထိုးလို့လည်းမရ တော့တဲ့အတွက်ပါ။ ဒါပေမယ့် ဒီနေ့ ခေတ်ပေါ်သတင်းထောက်တစ်ချို့ကတော့ ဘယ်လိုဖြစ်တယ်မသိဘူးဗျာ။ […]