ကီလီ ၆ ဟု ခေါ်သည့် ရုပ်ရှင်ရိုက်ကွင်းတည်ရာ နေရာတခုမှာ သူ့ကို လူကိုယ်တိုင် စတွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ လောကဓံ အထုအထောင်းကို ထုသားပေသား ကျနေသည့် ခပ်ပြုံးပြုံး မျက်နှာနှင့်၊ အရာရာကို ရယ်စရာအဖြစ် ကြည့်ကာ သရော် လှောင်ပြောင်ရန် အသင့်ဖြစ်နေပုံ။ သို့ရာတွင် ခင်မင်နှစ်လိုဖွယ်။ သူကတော့ တိုင်းသိပြည်သိ၊ ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာခေါ် ကိုသူရဖြစ်သည်။ အငြိမ့်မကခင် ကိုဇာဂနာကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ – မိုးမခ) ၂၀၀၂ ခုနှစ် ဝန်းကျင်ကာလ၊ ထောက်လှမ်းရေး တန်ခိုးထွားနေစဉ် အချိန်ဖြစ်ပြီး ဇာဂနာ ဆိုသည့်အမည်ကို အစိုးရက ပိတ်ပင်ထားသည့် အတွက် မောင်သူရ အမည်ဖြင့် ရုပ်ရှင်ကားများတွင် ပါဝင်ရိုက်ကူး နေရချိန်ဖြစ်သည်။ သူ့ခေါင်းပေါ်တွင် ဆံပင် […]