Moe ZDecember 15, 20111min34831
ကျွန်မကို တောင်ပေါ်မြို့လေးတစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မကို မမွေးခင်အထိတော့ မေမေကဂီတာတီးပါတယ်။ အရမ်းတော်တဲ့ ဂီတာပညာရှင်တစ်ယောက်လို့လည်းသိရတယ်။ ကျွန်မလူ့လောကထဲရောက်တဲ့အချိန်ကစပြီး မေမေက တီးဝိုင်းအဖွဲ့က ထွက်လိုက်ပါတယ်။ အခုတော့ ဂီတာလေးက အခန်းထောင့်မှာ တီးသူမဲ့လို့ပေါ့။ ကျွန်မငယ်ငယ်က ဘယ်အရွယ်ဆိုတာ သေချာမမှတ်မိတော့ဘူး ၅ နှစ်လား ၆နှစ်လား၊ အဲဒီတုန်းက မေမေဂီတာတီးရင် ကျွန်မရဲ့ လက်သေးသေးလေးကို ဂီတာအိုးပေါ်တင်ထားရတာကို အရမ်းသဘောကျခဲ့တာ။ မေမေကပြောတယ် အဲဒါတုန်ခါမှု ကြောင့်တဲ့။ ဂီတာတီးတိုင်း ကျွန်မရဲ့လက်ကလေးကို တင်ထားပြီး သူမရဲ့ဂီတသံကိုခံစားနိုင်တာကို မေမေကလည်း သဘောကျတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မကဆွံ့အနားမကြားသူတစ်ယောက်အဖြစ် မွေးဖွားခဲ့လို့ပါ။ နောက်ပိုင်းတော့ မေမေကဂီတာကို လုံးဝမတီးတော့ပါဘူး။ ကျွန်မအသက် ၁၈နှစ်ပြည့်တဲ့အထိပါပဲ။ အဖေဆိုတာကိုတော့ ကျွန်မမွေးကတည်းကမမြင်ဖူးပါဘူး၊ ကျွန်မကိုမွေးပြီးကတည်းက ထွက်သွားတာ တစ်ခါမှကို ပြန်မလာခဲ့ပါဘူး။ ဆွံ့အနားမကြားတဲ့သမီးလေး မွေးလာလို့များလား၊ မေမေကတော့ ဘယ်လိုမှတ်ချက်မျိုးမှမပေးပါဘူး။ […]