kaiAugust 13, 20104min934
တခါတလေတော့လည်း ဘာသာရေးဆိုတာနားလည်ရခက်ပါတယ်။ အိန္ဒိယ-နီပေါဂေါတမဘုရားပွင့်တဲ့နေရာမှာလည်း ပြီးခဲ့တဲ့တနှစ်၂နှစ်လောက်က အစာမစားတဲ့ ဗူဒ္ဓ ဆိုပြီး ထွက်လာဖူးတယ်။ အခုသတင်းကတော့ ပုံမှန်အတိုင်းဖြစ်တဲ့ တိဗက်ဗုဒ္ဓပါ။ အသက်က ၅နှစ်တဲ့.။ မြန်မာထေရဝါဒမှာတော့ အသက် ရနှစ်အရွယ်အထိဆိုလား…ရဟန္တာမဖြစ်နိုင်ဘူးလို့ စာတွေမှာရေးထားတာမှတ်ဖူးတယ်။ အဲဒီအရွယ်က…အသိညဏ် မပြည့်စုံသေးဘူးပေါ့။ ခုနလေးတင် ခရစ်ယန်ရဲ့ ဓမ္မသစ်ကျမ်းဖြစ်ပေါ်လာပုံနဲ့ ပျောက်ဆုံးနေတဲ့ မှတ်တန်းတွေအကြောင်းကို တီဗီမှာ ထိုင်ကြည့်နေမိသေးတယ်။ Lost Gospels တဲ့…(http://www.gospel-mysteries.net/lost-gospels.html) ယေရှု ့ခရစ်တော်ေြပာတာကိ ုတယောက်တမျိုးမှတ်တန်းတင်ကြတာမှာ အင်ပါရာ(ဘုရင်)တယောက်က ယေရှုလွန်ပြီး အနှစ် ၃ရာလောက်ကျမှ ကျန်တာတွေအကုန်မီးရှို ့ဖျက်စီးခိုင်းပြီးမှ တစုထဲဖြစ်အောင် ညှိခိုင်းပြီးလုပ်ပေးလိုက်တာတဲ့..။ဗုဒ္ဓဘာသာကျတော့ ခရစ်ယန်ထက်တောင် အနှစ် ၆၀ဝလောက်စောသေးတာမို ့စာပေအက္ခရာ မရှိတဲ့ခေတ်မှာ လူလူချင်း လက်ဆင့်ကမ်းကြရာမှာ ဘယ်လောက်များ ဖြစ်နေမလဲ…တွေးမိနေမိတာပါ။…။ အေး…ကျန်တဲ့တကမ္ဘာလုံးမှားတယ်၊ သနားတယ်၊ ငါတို့ မြန်မာထေရဝါဒဗုဒ္ဓဘာသာက ဘယ်နည်းနဲ့လာလာ..အမှန်တက အမှန်..အတိကျတကာ့အတိကျဆုံးဟေ့ဆိုပြီး […]