kaiFebruary 13, 20101min1202
ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ဖခင်ကြီးဖြစ်ပြီး သူ့ရဲ့သမီးကတော့ အားလုံးသိကြပြီးတဲ့ ၁၉၉၁ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ ဒီဖေဖော်ဝါရီ၁၃ မှာပဲ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး လွတ်တယ်လို ့သတင်းရရှိပါတယ်။ အောက်မှာ မဇ္ဈိမသတင်းဌာနကသတင်းကို ကူးတင်ဖေါ်ပြထားပါတယ်။ ထူးခြားချက်က မဇ္ဈိမသတင်းဌာန ခေါင်းစီးပြပါအတိုင်း…ဗိုလ်ချုပ်ကြီးသူရဦးတင်ဦးဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်အပေါ်ထားတဲ့မူဝါဒကို ထောက်ခံကြောင်း လွတ်လွတ်ချင်းပြောလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ထောက်ခံထားတဲ့အတွက် အမေရိကန်မူဝါဒအတိုင်းသွားမယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးစေချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မကြာခင်လွတ်ပေးရပါလိမ့်မယ်သုံးသပ်ရပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်မှုးချုပ်အောင်ရွေ ကို သွားရောက်တွေ့ဆုံမယ်လို ့လည်း သတင်းမှာဖေါ်ပြထားပါတယ်။ တပ်မတော်ရဲ့ ရာထူးတွေ ချရေးလိုက်ရင် မြန်မာပြည်နိုင်ငံရေးဟာ […]