စတိုင်အကျဆုံးမင်းသမီး နီကိုးလ်

introJune 5, 20101min561

မင်းသမီးနီကိုးလ်ကစ်ဒ်မင်းဟာ ဆစ်ဒ်နီမြို့မှာကျင်းပတဲ့ InStyleAward ဆုပေးပွဲမှာ ဆုနှစ်ဆုတောင်ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဩစတြေးလျနိုင်ငံ ရဲ့ဖက်ရှင်အကျဆုံး သရုပ်ဆောင်တစ်ဦးဖြစ်သွားပါတယ်။

အော်စီလူမျိုးမင်းသမီးဟာ InStyle မဂ္ဂဇင်းကနေစာဖတ်သူတွေရွေးချယ်ပေးတဲ့ Reader’s Choice ဆုကို ရခဲ့တာ ဖြစ်သလို သတင်းနဲ့ ဖျော်ဖြေရေးကဏ္ဍက ပေးတဲ့ဆုကိုလည်းရခဲ့တာဖြစ်ပါတယ်။

ဒီလိုဆုတွေ ချီးမြှင့်ခြင်း ခံရပေမယ့် နီကိုးလ်ဟာ မင်းသမီး ဂျနီဖာအင်န်စတန်၊ အဒမ်ဆန်ဒလာတို့နဲ့အတူ ဇာတ်ကားသစ်ဖြစ်တဲ့ “Just Go With It”မှာပါဝင်သရုပ်ဆောင်နေတဲ့အတွက် ဆုပေးပွဲကိုတော့ မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခမ်းအနားမှာ ဖွင့်ပြပေးဖို့အတွက် ဗီဒီယိုမက်ဆေ့ချ်တစ်ခုကို နီကိုးလ်ကပေးပို့ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာနီကိုးလ်က “စတိုင်ဆိုတာကကိုယ့်ရဲ့ကိုယ်ပိုင်အမြင်ပါ။ လူတွေပြောသလိုလိုက်လုပ်စရာမလိုပါဘူး။ ကိုယ့်ဖက်ရှင်ကို အမျိုးမျိုးပြောင်းချင်ပြောင်းလို့ရတယ်။ ဒါပေမယ့် ကိုယ်နဲ့ အဆင်ပြေပစေပေါ့” လို့ ပြောထားပါတယ်။

Source: MYMCNews

One comment

  • soemoe

    June 5, 2010 at 7:08 am

    ကောင်းလိုက်တဲ့ နီကိုးလ်ကစ်ဒ်မင်း ရဲ့ စကား
    “စတိုင်ဆိုတာကကိုယ့်ရဲ့ကိုယ်ပိုင်အမြင်ပါ။ လူတွေပြောသလိုလိုက်လုပ်စရာမလိုပါဘူး။ ကိုယ့်ဖက်ရှင်ကို အမျိုးမျိုးပြောင်းချင်ပြောင်းလို့ရတယ်။ ဒါပေမယ့် ကိုယ်နဲ့ အဆင်ပြေပစေပေါ့”

Leave a Reply